တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးမှာ တရုတ်ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Country Garden ၏ ပူးတွဲဥက္ကဌအဖြစ် ခန့်အပ်ခံရ

တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးမှာ တရုတ်ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Country Garden ၏ ပူးတွဲဥက္ကဌအဖြစ် ခန့်အပ်ခံရ - Property News in Myanmar from iMyanmarHouse.com
13 Dec 2018 12:02 pm တွင် တင်ခဲ့သည်
1134 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အချမ်းသာဆုံးအမျိုးသမီးဖြစ်သော ယန်းဟွေ့ယန်သည် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် Country Garden Holdings ၏ ပူးတွဲဥက္ကဌအဖြစ် ခန့်အပ်ခံလိုက်ရကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Country Garden သည် တရုတ်ပြည်၊ ကွမ်တုံပြည်နယ်တွင် အခြေစိုက်ပြီး ဖော့ဘ်မဂ္ဂဇင်းကြီး၏ ၂၀၁၁ ခုနှစ် ထိပ်တန်း ကုမ္ပဏီ ၅၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံရသော အိမ်ခြံမြေ developer ကုမ္ပဏီဖြစ်သည်။

ဝယ်လက်ပေါင်း ၁ ဒသမ ၅ သန်းကျော်ထံ နေအိမ်များရောင်းချပေးခဲ့ပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၇၀၀၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိသည့် ကုမ္ပဏီကြီးဖြစ်သည်။

Country Garden ကို တည်ထောင်သူမှာ ကိုယ့်ထူးကိုယ်ချွန်သူဌေးကြီး ယန်ကောက်ချင်ဖြစ်ပြီး ဟောင်ကောင်တွင် ယွမ်ကွမ်ကျွမ်းဟု လူသိများသည်။ ယန်ကောက်ချင်သည် ယန်းဟွေ့ယန်၏ ဖခင်လည်းဖြစ်သည်။

ယန်းဟွေ့ယန်သည် ယခုအခါ အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ကုမ္ပဏီ၏ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ယန်းဟွေ့ယန်သည် မူလက Country Garden တွင် ဒုတိယဥက္ကဌရာထူးကို ရယူထားခဲ့သူဖြစ်ပြီး ယခုအခါ ပူးတွဲဥက္ကဌရာထူးသို့ တိုးမြှင့်ပေးခြင်း ခံလိုက်ရမှုလည်း ဖြစ်သည်။

ယန်းဟွေ့ယန်သည် Country Garden ၏ နေ့စဉ်လည်ပတ်မှုများကို အဓိကကိုင်တွယ်ကွပ်ကဲသွားမည်ဖြစ်ပြီး အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သော ဖခင်ဖြစ်သူ ယန်ကောက်ချင်ကမူ စီးပွားရေးရင်းနှီးမြှုပ်နှံမှုသစ်များ စူးစမ်းခြင်း၊ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကို ကွပ်ကဲခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ယန်းဟွေ့ယန်သည် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖခင်ထံမှ ကုမ္ပဏီရှယ်ယာများ အမွေလွှဲပြောင်းလက်ခံကာ ၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီ၌ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ယင်းနောက် ၂၀၁၂ ခုနှစ်၊ မတ်လတွင် ဒုတိယဥက္ကဌဖြစ်လာခဲ့သည်။

တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးအဖြစ် ၆ နှစ်ဆက်တိုက်ရပ်တည်ခဲ့ပြီး ယခုနှစ်လယ်အချက်အလက်များအရ ယန်းဟွေ့ယန်၏ ကြွယ်ဝမှုမှာ ယန်းငွေ ၁၅၀ ဘီလီယံ (ကန်ဒေါ်လာ ၂၁ ဒသမ ၈ ဘီလီယံ) ခန့်ရှိကြောင်း ခန့်မှန်းထားသည်။

ယခုနှစ်အစတွင် ဟောင်ကောင်၌ Country Garden ၏ ရှယ်ယာဈေးများ ၁၉ ဒသမ ၁၆ ဟောင်ကောင်ဒေါ်လာအထိ မြင့်တက်သွားပြီးနောက် ယန်းဟွေ့ယန်၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၂ ဘီလီယံခန့် မြင့်တက်လာခဲ့သည်။

သို့ရာတွင် ယင်းနောက်ပိုင်း ရှယ်ယာဈေးများပြန်လည်ပြုတ်ကျသွားခဲ့ပြီး လက်ရှိအားဖြင့် ရှယ်ယာတစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ ၉ ဒေါ်လာကျော်သာ ဈေးပေါက်တော့သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ တရုတ်ပြည်အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ယန်းဟွေ့ယန်မှာ ဆဌမနေရာတွင် ရပ်တည်နေသည်။ သို့ရာတွင် ဖော့ဘ်မဂ္ဂဇင်းက ယန်းဟွေ့ယန်၏ ကြွယ်ဝမှုကို ကန်ဒေါ်လာ ၁၇ ဒသမ ၁ ဘီလီယံဖြင့်သာ ခန့်မှန်းတွက်ချက်ခဲ့ခြင်း ဖြစ်သည်။

Country Garden ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ၌ ယန်းဟွေ့ယန် ပူးတွဲဥက္ကဌအဖြစ် ရာထူးတိုးမြင့်လာခြင်းမှာ ဘုတ်အဖွဲ့ထိရောက်စွာလည်ပတ်ရေးအတွက် အကျိုးရှိကြောင်း၊ ဘုတ်အဖွဲ့အနေဖြင့်လည်း သူမ၏ အရည်အချင်းနှင့် လုပ်ဆောင်ရည်ကို မြင့်မားစွာအသိအမှတ်ပြုပါကြောင်း ဖော်ပြထားသည်။

ယန်းဟွေ့ယန်သည် Country Garden ကုမ္ပဏီတွင် နှစ်စဉ်လစာ ယွမ်ငွေ ၁၅ သန်းရရှိပြီး ဆုကြေးငွေကိုမူ ဘုတ်အဖွဲ့က ဆုံးဖြတ်ခြင်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service