တရုတ်ပြည်တွင် ငွေလိုသောကြောင့် အိမ်ခြံမြေများကို များစွာဈေးလျှော့ကာ အွန်လိုင်းမှ ရောင်းဝယ်ခြင်းများ အလွန်များပြားလာ

တရုတ်ပြည်တွင် ငွေလိုသောကြောင့် အိမ်ခြံမြေများကို များစွာဈေးလျှော့ကာ အွန်လိုင်းမှ ရောင်းဝယ်ခြင်းများ အလွန်များပြားလာ - Property News in Myanmar from iMyanmarHouse.com
13 Dec 2018 11:40 am တွင် တင်ခဲ့သည်
1210 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ချုံကင်းရှိ ၃ ထပ်တိုက် အဆောက်အအုံမှသည် ကျန်းစုပြည်နယ်ရှိ စက်ရုံပျက်ကြီးအထိ ဧည့်ခန်းတွင်းမှ ထိုင်ရာမထဘဲ ရှာဖွေဝယ်ယူနိုင်ကြပြီဟု ဆိုသည်။

ကမ္ဘာ့အကြွေးအထူဆုံးဈေးကွက်ကြီးတွင် ဗိုက်နာ၍ အွန်လိုင်းတွင် ရောင်းချလာကြခြင်းများ အလွန်များပြားလာသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းအပါအဝင် ဘဏ်များ၊ အိမ်ခြံမြေကုမ္ပဏီများမှာလည်း ကြွေးမြီပြဿနာနှင့် ရင်ဆိုင်လာကြရလျက်ရှိပြီး ငွေပေါ်ရန်အတွက် အဆောတလျင်ရောင်းချရမှုများစွာ ကြုံတွေ့လာကြရသည်။

အိမ်ခြံမြေများကို ငွေလိုသောကြောင့် အွန်လိုင်းတွင် ရောင်းချလာမှုများကို Alibaba Group ၏ လေလံဝက်ဘ်ဆိုက်ဖြစ်သော Taobao တွင် များစွာတွေ့လာရသည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၈၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

တရုတ်ပြည်တစ်ဝန်းရှိ လေလံဝက်ဘ်ဆိုက်များအားလုံးတွင် ငွေဖော်လိုသောကြောင့် ဈေးကွက်တင်လာသည့် အိမ်ခြံမြေများ၏ စုစုပေါင်း ပမာဏမှာ ယခုနှစ်အတွင်း ယွမ်ငွေ ၁ ဒသမ ၃ ထရီလီယံ (ကန်ဒေါ်လာ ၁၉၀ ဘီလီယံ) အထိ ရှိသည်ဟု ဆိုသည်။

ငွေလိုသောကြောင့် အလျင်စလိုနေအိမ်ရောင်းချမှုများကို အဓိကဝယ်ယူလျက်ရှိသည့် ကုမ္ပဏီဖြစ်သော Poseidon Capital Group မှ ဥက္ကဌ ဂျိမ်းစ်ဖန်းက ပြောကြားရာတွင် “ချေးငွေမြင့်တက်လာမှုနဲ့အတူ အိမ်ခြံမြေဈေးတွေက ကျဆင်းနေပါတယ်။ ဒီလမ်းကြောင်းအတိုင်း ဆက်ဖြစ်နေဦးမှာပါပဲ” ဟု ပြောကြားသည်။

Alibaba သည် လေလံဝက်ဘ်ဆိုက်ကို လွန်ခဲ့သော ၆ နှစ်ခန့်က စတင်လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်း ယင်းသို့သော အရောင်းအဝယ်လေလံမျိုး ယွမ်ငွေ ၅၀၀ ဘီလီယံဖိုး လေလံတင်မှု လက်ခံပေးခဲ့သည်ဟု ဆိုသည်။

ယင်းအနက် ထက်ဝက်ကျော်မှာ တရုတ်ပြည်မှ လေလံများဖြစ်ကြောင်း ဂျိမ်းစ်ဖန်းက ပြောကြားသည်။

ရှန်ဟိုင်းမြို့လယ်ရှိ အိပ်ခန်း ၂ ခန်းပါသော လူနေခန်းတစ်ခုသည် လက်ရှိဈေးကွက်ပေါက်ဈေးများအရ ယွမ်ငွေ ၁၀ သန်းခန့် တန်ကြေးရှိသော်လည်း ပြီးခဲ့သော စက်တင်ဘာလအတွင်း Alibaba ၏ Taobao ဝက်ဘ်ဆိုက်တွင် ၄၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ အရောင်းတင်ခဲ့သည်ကို တွေ့ခဲ့ရသည်။

တရုတ်ပြည်အရှေ့ပိုင်း စီကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် ယွမ် သန်း ၆၀ ခန့် တန်ကြေးရှိသောအခန်းကိုလည်း ၄၀ ရာခိုင်နှုန်းဈေးလျှော့ကာ Taobao တွင် ဈေးကွက်တင်မှုများ ရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service