ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအသစ်ဆောက်လုပ်ခြင်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပြီးသော အဆောက်အအုံများကို ဝန်ထမ်းအိမ်ရာအဖြစ် ဝယ်ယူခြင်းများလည်း လုပ်ဆောင်နေ

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအသစ်ဆောက်လုပ်ခြင်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပြီးသော အဆောက်အအုံများကို ဝန်ထမ်းအိမ်ရာအဖြစ် ဝယ်ယူခြင်းများလည်း လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
12 Dec 2018 12:09 pm တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် အိမ်ရာအသစ်များ ဆောက်လုပ်ခြင်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပြီး အဆောက်အအုံများကို ဝန်ထမ်းအိမ်ရာအဖြစ် ဝယ်ယူခြင်းများလည်း လုပ်ဆောင်နေကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော်ထပ်မံဆောက်လုပ်မည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှဝန်ထမ်းများအတွက် အိမ်ရာ ၁၉၅ ခု၊ အိမ်ခန်းပေါင်း၂၂၅၄ ခန်း၊ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာပေါင်းသုံးခု၊ အိမ်ခန်းပေါင်း ၃၂ ခန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ် ခန်း ၅၂၃ ခန်းဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက်က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေသနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့်ဝန်ထမ်း အိမ်ရာတွေမှာ အရင်ကာလတိုဘဏ္ဍာနှစ်မှာ မပါခဲ့တဲ့ဦးစီးဌာနက ဝန်ထမ်းတွေအတွက် လည်းထည့်တွက် ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် Update ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြုကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သော ရောဂါနှိမ်နင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး /ပြည်နယ်သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများ ထားရှိရေးတို့ဖြစ်ကြောင်း နှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်ကို သတင်းအချက်အလက်နှစ် (Year of Date and Information)၊ ဘဏ္ဍာနှစ်ရန်ပုံငွေများကို အကျိုးရှိစွာခွဲဝေသုံးစွဲသည့်နှစ် ((Year of Budget ) နှင့်ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ် (Year of Staff housing) ဟုသတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းများအသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့လျှော့ချထားပြီး ဆောက်လက်စဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေ ချထားဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်က ခွဲဝေချထားပေးသည့်ကျန်ရှိသောဆောက်လုပ်ရေး ဆိုင်ရာရန်ပုံငွေများကို တစ်ပြည်လုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးအစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။

 Credit:  Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service