ကမ္ဘာကျော်ဂျပန်အလှပြင်သင်တန်းနှင့် အလှပြင်ဆိုင်အုပ်စုကြီး Miss Paris Group ၏ ပိုင်ရှင်က ဟာဝိုင်အီရှိ အပန်းဖြေစံအိမ်ကြီး ကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဈေးကွက်တင်

ကမ္ဘာကျော်ဂျပန်အလှပြင်သင်တန်းနှင့် အလှပြင်ဆိုင်အုပ်စုကြီး Miss Paris Group ၏ ပိုင်ရှင်က ဟာဝိုင်အီရှိ အပန်းဖြေစံအိမ်ကြီး ကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
12 Dec 2018 11:32 am တွင် တင်ခဲ့သည်
1215 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် ကမ္ဘာကျော်ဂျပန်အလှပြင်သင်တန်းနှင့် အလှပြင်ဆိုင်အုပ်စုကြီး Miss Paris Group ၏ ပိုင်ရှင်က ဟာဝိုင်အီရှိ အပန်းဖြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဈေးကွက်တင်လာသည်။

အေခဲမိ ရှီမိုမူရာသည် Miss Paris Group ၏ ပိုင်ရှင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ခန့်အပ် လည်ပတ်လျက်ရှိသည့် လုပ်ငန်းကြီး ဖြစ်သည်။

အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်ဝမ်တို့တွင် ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားသည်။

Miss Paris အလှပြင်အသက်မွေးဝမ်းကျောင်းသင်တန်းများကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂ နှစ်အကြာတွင် ရှီမိုမူရာက အပန်းဖြေစံအိမ်တစ်လုံး ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ရှီမိုမူရာ ဝယ်ယူလိုက်သည်မှာ ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူမြို့လယ်မှ မော်တော်ကားဖြင့် မိနစ် ၂၀ ခရီးကွာဝေးသောနေရာတွင် တည်ရှိသော စံအိမ်ကြီးဖြစ်သည်။

မြေအကျယ်အဝန်း ၁ ဧကရှိပြီး နေအိမ်မှာ စတုရန်းပေ ၈၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

ဗိသုကာပညာရှင် ဗလာဒီမာ အိုစီပေါ့ဖ်က ၁၉၆၄ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

“အိုစီပေါ့ဖ်က သူ့ရဲ့ဖောက်သည်တွေကို လေအေးပေးစက်တွေ အသုံးပြုတာ မလိုလားဘူး။ ဒါကြောင့် သူက အခန်းတိုင်းကို တောင်ပေါ်လေနုအေးတွေ ရနိုင်အောင် ဒီဇိုင်းဆွဲဆောက်လုပ်ခဲ့ပါတယ်”ဟု စံအိမ်ကြီးကို ဈေးကွက်တင်ခဲ့သည့် အိမ်ခြံမြေကုမ္ပဏီဖြစ်သော Engel & Völkers Honolulu မှ အကျိုးဆောင် ခရစ္စတီးနား နီရှီယာမက ပြောကြားသည်။

ရှီမိုမူရာက အဆိုပါစံအိမ်ကြီးကို ကန်ဒေါ်လာ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြီး တစ်လတစ်ကြိမ် (သို့မဟုတ်) ၃ လလျှင် တစ်ကြိမ်ခန့် အပန်းဖြေစံအိမ်အဖြစ် အသုံးပြုလေ့ရှိခဲ့ကြောင်းလည်း နီရှီယာမက ပြောကြားသည်။

ရှီမိုမူရာက နေအိမ်ကြီး၏ ပြင်ပမြက်ခင်းများ၊ ရေကန်များကို ဒေါ်လာ သိန်းနှင့်ချီအကုန်ခံကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် အဆိုပါစံအိမ်ကြီးမှာ ရှီမိုမူရာအတွက် ကြီးမားလွန်းနေသောကြောင့် ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ပြန်လည်ဈေးကွက်တင်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်း ဈေးနှုန်းလျှော့ချပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနောက်ဆုံး Engel & Völkers Honolulu ကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်လာရာတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၈၈ သန်းသာ ဈေးခေါ်ထားခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service