မြို့နယ်အဆင့် ဆောက်လုပ်ရေးအရည်အသွေးစစ် ကော်မတီများ ဖျက်သိမ်းမည်

မြို့နယ်အဆင့် ဆောက်လုပ်ရေးအရည်အသွေးစစ် ကော်မတီများ ဖျက်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
12 Dec 2018 10:39 am တွင် တင်ခဲ့သည်
677 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံအတွင်း ဖွဲ့စည်းထားသော မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီများ ကို ဖျက်သိမ်းကာ တတ်သိပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သည့် အဖွဲ့အစည်း (Third Party) ကို ဖွဲ့စည်းမည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ကချင် မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကိုကိုက မြို့နယ်အဆင့် အစိုးရဌာနများ က စီမံကိန်းများအား ဝန်ကြီးဌာနမှ ကိုယ်တိုင်တွက်ချက် စိစစ်ကာ အရည်အသွေး စစ်ခဲ့သည့်အတွက် အများစုသည်အရည်အသွေး မပြည့်မီမှုများ ရှိခဲ့သည်ဟု ဆိုကာ ယမန်နေ့ကကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမှု နှင့် ပတ်သက်၍ ပြန်လည် ဖြေကြားပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒုဝန်ကြီး ဦးကျော်လင်းက“လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းတဲ့ မြို့နယ်များတွင် ဖွဲ့စည်းထားသည့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းအရည်အသွေး စစ်ဆေးရေး ကော်မတီကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး မြို့နယ်များမှာ နယ်ပယ်အလိုက် တတ်သိပညာရှင်များနဲ့ အင်ဂျင်နီယာများပါဝင်သော Third Party ကို ပြည်ထောင်စုအစိုးရ မှ မြန်မာနိုင်ငံ တဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိပါကြောင်း ဖြေကြားလိုပါတယ်”ဟု ဆိုသည်။

လွှတ်တော်အတွင်း မေးမြန်းရခြင်းနှင့် ပတ်သက်၍ ဦးနိုင်ကိုကိုက“အဂတိလိုက်စားမှုများ တသီကြီး ဖြစ်ပွားခဲ့ပြီး၊ ရှေ့ကဆောက် နောက်ကပျက် မကြာခဏ ပြုပြင်ရမှုများကြောင့် ဘတ်ဂျက်များ ထပ်တောင်းရခြင်း စသည့် Conflict of Interest (အကျိုးစီးပွား ပဋိပက္ခ) ဆိုတဲ့ အဆိုးသံသရာလည်ပြီး နှစ်စဉ်ဘဏ္ဍာငွေများ လေလွင့်ခဲ့ရပါတယ်”ဟု ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်တွက် ဦးစီးဌာနကြီး ၅ ခု ရှိကာ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ဖြစ်သည်။

Third Party ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုထားခြင်းမှာ ၁ နှစ်ခန့် ကြာမြင့်နေသော်လည်း လမ်းညွှန်ချက်၊ မူဝါဒခံယူချက်များ ချပေးထားခြင်း မရှိသေးသည့်အတွက် အမြန်ဆုံးချမှတ်နိုင်ရေးကို တောင်းဆိုထားသည်ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။

ယင်း Third Party ဖွဲ့စည်းပြီးပါက အဖွဲ့၏ ထောက်ခံချက်ပါမှသာလျှင် တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် စီမံကိန်း အတွက် ငွေထုတ်ယူခွင့် ရရှိမည်ဖြစ်ကာ အဖွဲ့က စိစစ်ပြီးသော်လည်း မပျက်စီးသင့်ဘဲ ပျက်စီးမှုများရှိပါက တာဝန်ခံ ဖြေရှင်းပေးရန် အဖွဲ့တွင် တာဝန်ရှိသည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဒေါ်ယဉ်မင်းလှိုင်က “Third Party ဆိုတာ တာဝန်ယူမယ့်သူကို ငှားလိုက်တဲ့ သဘောပဲ။ အာမခံမယ့် ပညာရှင်ပေါ့။ အဲဒီပညာရှင်ဟာ သူ စစ်ဆေးရမယ်။ စာချုပ်စာတမ်းနဲ့ သူဟာ စစ်ဆေးခွင့်ရမယ်။ စစ်ဆေးပြီးရင် သူဟာတာဝန်ယူရမယ်။ တာဝန်ခံရမယ်” ဟု ပြောပြသည်။

Third Party အဖွဲ့ ဖွဲ့စည်းမှုကို Construction Industry Development Board Law (CIDBL) အတည်ပြုပြီးက နိုင်ငံတဝန်း ကျင့်သုံးမည်ဖြစ်ကာ ယင်းဥပဒေတွင် ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု(Construction Management)၊ လုံခြုံမှု (Safety)၊ အရည်အသွေး စစ်ဆေးမှု (Quality Control)၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ကြည့်ရှု စစ်ဆေးမှု (Fire Protection & Inspection) များနှင့် ပတ်သက်သည့် စောင့်ကြည့်စစ်ဆေးမည့် အဖွဲ့များ ထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဒုဝန်ကြီး ဦးကျော်လင်းက “CIDB ဗဟိုအဖွဲ့သာမက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် CIDB များကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

CIDBL ရေးဆွဲရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း ၁၅ ဦး ပါဝင်သည့် အဖွဲ့သည် မလေးရှားနှင့်စင်ကာပူ တို့တွင် သင်တန်းများတက်ရောက်ကာမူကြမ်း ရေးဆွဲပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါ မူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီးဖြစ်ကာ ပြင်ဆင်ရမည့် အချက်များကို ပြန်လည် ရေးဆွဲ၍ ထပ်မံပေးပို့သွားရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ဆောင်လျက် ရှိသည်ဟု ဆိုသည်။

ရှေ့နေချုပ်ရုံးမှ အတည်ပြုပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံတင်ပြကာ၊ ထိုမှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့တင်ပြ အတည်ပြုရမည် ဖြစ်ကြောင်း သိရသည်။

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service