အပေါင်ပစ္စည်းမဲ့ ငွေချေးခွင့်ပေးရန် ဗဟိုဘဏ်စီစဉ်

အပေါင်ပစ္စည်းမဲ့ ငွေချေးခွင့်ပေးရန် ဗဟိုဘဏ်စီစဉ် - Property News in Myanmar from iMyanmarHouse.com
12 Dec 2018 10:19 am တွင် တင်ခဲ့သည်
5910 ကြိမ် ကြည့်ရှု့ပြီး

ပုဂ္ဂလိကဘဏ်များက လုပ်ငန်းရှင်များသို့ အပေါင်ပစ္စည်းမဲ့ငွေချေးခွင့်ကို ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

လက်ရှိတွင် ဘဏ်အများစုသည် အပေါင်ပစ္စည်းပေါ်အခြေခံ၍ ငွေချေးနေရပြီး အတိုးနှုန်း ၁၃ ရာခိုင်နှုန်းရယူနေကြောင်း၊ အပေါင်ပစ္စည်းမဲ့ ချေးခွင့်ပေးမည်ဆိုပါက အတိုးနှုန်းမှာ လက်ရှိသတ်မှတ်ထားသည့်နှုန်းထက် အနည်းငယ်တိုးနိုင်ကြောင်း ၎င်းက ဆိုသည်။

“အတိုးနှုန်းကို နည်းနည်းမြင့်တဲ့ အလွှာတစ်ခု သတ်မှတ်ပြီး ချေးငွေပေးခွင့် ဖြေလျှော့ပေးမယ်”ဟု ဦးစိုးသိန်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ်ကတည်းက Business Plan ကောင်းမွန်စွာပြနိုင်ပါက အပေါင်ပစ္စည်းမဲ့ငွေချေးခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ငွေရေးကြေးရေးနှင့်ပတ်သက်သည့် လချုပ်နှစ်ချုပ် စာရင်းများကို မပြနိုင်ခြင်း၊ လုပ်ငန်းဝင်ငွေများကို လုပ်ငန်းရှင်က စိတ်ကြိုက်သုံးနေခြင်းတို့ကြောင့် ဘဏ်များ က ချေးငွေပေးရန် မယုံကြည်ခြင်းများ ဖြစ်နေကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

“အဓိကက အသေးစားလုပ်ငန်းတွေ လုပ်ငန်းသေးလေးတွေ ထုတ်ချေးနိုင်ဖို့ပြောတယ်။ ဒါပေမဲ့ အခွန်စာရင်းတွေ လုပ်ငန်းနဲ့ ပတ်သက်တဲ့စာရင်းတွေ သေချာမပြနိုင်ဘူး။ အခုလည်း အတိုးနှုန်းကိုပဲကြည့်ပြီး ဘဏ်တွေက ဆုံးဖြတ်မှာမဟုတ်ဘူး။ လုပ်ငန်းကို သေချာလုပ်ထားမှ ချေးငွေ ထုတ်ပေးနိုင်မှာ”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်အထိ ပြည်တွင်းဘဏ်များက ထူထောင်ပြီးသားလုပ်ငန်းကြီးများကိုသာ ငွေထုတ်ချေးပြီး လုပ်ငန်းစတင်သူများကို ငွေထုတ်ချေးခြင်းမရှိခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ဖြေလျှော့မှုများနှင့်အတူ လုပ်ငန်းရှင်များကလည်း ကြိုးစားပါက ချေးငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက သုံးသပ်ပြောကြားသည်။

“ဒါကြောင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေက သူတို့ရဲ့ကိုယ်ပိုင်စုဆောင်းငွေနဲ့ လုပ်ငန်းစချင်စ၊ ဒါမှမဟုတ် ပြင်ပချေးငွေတွေနဲ့ လုပ်ငန်းစကြဖို့ပဲ ရှိပါတယ်။ ဘဏ်တွေဘက်က မယုံတာတွေ ရှိနေတော့ ချေးငွေရဖို့တော့ သိပ်မမြင်ဘူး။ ဒါပေမဲ့လည်း လုံးဝမရတာထက်စာရင် နည်းနည်းလေး လမ်းဖွင့်ပေးတာက ပိုကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားဘဏ်ခွဲများကလည်း အပေါင်ပစ္စည်းမဲ့ငွေချေးခြင်းကို ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်တွင်းဘဏ်များကလည်း နိုင်ငံခြားဘဏ်ခွဲများ၏ စီမံခန့်ခွဲခြင်းကို အတုယူပြီး ငွေချေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service