ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းများအတွက် အိမ်ရာချေးငွေပေးရန် MAB ဘဏ် စီစဉ်

ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းများအတွက် အိမ်ရာချေးငွေပေးရန် MAB ဘဏ် စီစဉ် - Property News in Myanmar from iMyanmarHouse.com
12 Dec 2018 9:59 am တွင် တင်ခဲ့သည်
2007 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာချေးငွေ ဝန်ဆောင်မှုအသစ်ကို စတင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ယင်းဘဏ်၏ စီးပွားရေးအမှုဆောင်အရာရှိချုပ် (CBO) ဦးကျော်နီခင်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်အနေနှင့် ကျပ်သိန်းငါးထောင်ဝန်းကျင်ရှိ တိုက်ခန်းနှင့် ကွန်ဒိုများကို ကနဦး ပေးသွင်းငွေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ငါးနှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်ရန်အတွက် အိမ်ရာချေးငွေဝန်ဆောင်မှုများကိုသာ စတင်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အခု Credit Bureau ဟာမျိုး ပေါ်လာတော့မယ်ဆိုတော့ လာမယ့်နှစ်တွေမှာ အိမ်ရာချေးငွေနဲ့ပတ်သက်တာတွေက အများကြီးတိုးတက်လာဖို့ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

လတ်တလောတွင် MAB ဘဏ်က အိမ်ရာချေးငွေများကို ကာလတို (ငါးနှစ်) သာ ထုတ်ချေးပေးထားခြင်းမှာ ဝယ်ယူသူများအတွက် ချေးငွေအတိုးအပေါ်တွင် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရန်အတွက် နှစ်ရှည်အိမ်ရာချေးငွေများ ထုတ်မချေးသေးခြင်းဖြစ်ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်ထံမှ သိရသည်။

နှစ်ရှည်အိမ်ရာချေးငွေများကို အခြားပြည်တွင်းပုဂ္ဂလိကဘဏ်များဖြစ်သည့် သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့က အွန်လိုင်း အိမ်ရာအရောင်းအဝယ်ဝက်ဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ချိတ်ဆက်ကာ လုပ်ဆောင်လျက်ရှိကြသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service