အင်းလေးမှာ မြန်မာနိုင်ဂရု(ပ်)ဟိုတယ်စီမံကိန်း ဒေသခံအများစု လက်ခံဟုဆို

အင်းလေးမှာ မြန်မာနိုင်ဂရု(ပ်)ဟိုတယ်စီမံကိန်း ဒေသခံအများစု လက်ခံဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Dec 2018 11:38 am တွင် တင်ခဲ့သည်
1332 ကြိမ် ကြည့်ရှု့ပြီး

အင်းလေးဒေသရှိ မိုးသောက်ကျေးရွာအနီး မြေဧက (၉၀)ပေါ်မှာ Myanmar Naing Group ကုမ္ပဏီရဲ့ ဟိုတယ်စီမံကိန်းဟာ အစိုးရကွင်းဆင်းစစ်ဆေးရေးအဖွဲ့ လတ်တလောစစ်ဆေးမှုတွေအရ ဒေသခံအများစုက လက်ခံတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒီဇင်ဘာ (၇)ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သည်ကိစ္စနဲ့ပက်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။ ဦးဇော်ဌေးက ‘ တချို့ကလဲ ဒီပေါ်မှာ အပြုသဘောနဲ့ လက်ခံတဲ့ အဖွဲ့တွေလဲရှိတယ်၊ အများစုက လက်ခံတယ်၊ အနည်းစုကတော့ ကန့်ကွက်နေတယ်ဆိုတဲ့ သဘောတော့သိရတယ်၊ သို့သော် ဒီအသေးစိတ်ကတော့ သူတို့ကွင်းဆင်းစစ်ဆေးမှုတွေ ထပ်ခါထပ်ခါပြုလုပ်ပြီး ထွက်လာမှာပေါ့ ‘ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြည်နယ်အစိုးရတွေပါဝင်တဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဟာ ဟိုတယ်ဆောက်ဖို့နေရာကို ဘေးမဲ့တောနယ်မြေကနေ ပလပ်လိုက်တဲ့ကိစ္စ၊ ဟိုတယ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ၊ ဒေသခံပြည်သူတွေရဲ့ သဘောထား သည်သုံးသပ်ချက်ကို အဓိကကွင်းဆင်းလေ့လာနေတာပါ။ ရရှိလာတဲ့ စစ်ဆေးတွေ့ရှိချက်တွေကိုတော့ နိုင်ငံတော်သမ္မတဆီကို အစီရင်ခံစာ တင်ပြရမှာ ဖြစ်ပါတယ်။

သည်ကိစ္စနဲ့ပက်သက်ပြီး လွန်ခဲ့တဲ့ (၃)နှစ်ခန့်က ဆန္ဒပြမှုတွေရှိခဲ့တယ်။ သည်နှစ် ဇွန်လနဲ့ သြဂုတ်လအတွင်းမှာတော့ ကျေးရွာဒေသခံတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အင်းလေးဒေသခံတွေက သက်ဆိုင်ရာဌာနအသီးသီးနဲ့ နိုင်ငံတော်သမ္မတဆီကို စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Myanmar Naing Group ကုမ္ပဏီက သည်နေရာမှာ ဟိုတယ်ဆောက်လုပ်ဖို့ (၂၀၁၁)ခုနှစ်ကတည်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သည်နှစ် သြဂုတ်လမှာတော့ မြေလွတ်မြေရိုင်းများ အသုံးချခွင့် တင်ပြတောင်းခံလာတာကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ထားတဲ့အပေါ် ကန့်ကွက်မှုတွေ ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ဆောက်လုပ်ဖို့ လျာာထားတဲ့နေရာဟာ အင်းလေးကန်ဇီဝ အဝန်းနယ်မြေဖြစ်ပြီး သဘာဝနုန်းထိန်း၊ ရေထိန်းနေရာဖြစ်တာကြောင့် ဂေဟစနစ် ပျက်စီးမှာကို စိုးရိမ်တယ်ဆိုပြီး ဒေသခံအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့က ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service