နိုင်ကျဉ်းတို့နားခိုရာအိမ်ရာကို သီးခြားလုံးချင်းတည်ဆောက်ရန် ဒေါက်တာဇော်မြင့်မောင်အကြံပြု

နိုင်ကျဉ်းတို့နားခိုရာအိမ်ရာကို သီးခြားလုံးချင်းတည်ဆောက်ရန် ဒေါက်တာဇော်မြင့်မောင်အကြံပြု - Property News in Myanmar from iMyanmarHouse.com
10 Dec 2018 10:53 am တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး

နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာစီမံကိန်းကို ၂၀၁၉ တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး ပြီးစီးပါက အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းစဉ်များပါ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ကျဉ်းတို့နားခိုရာ နေရာဖြစ် မြောက်ရေးကော်မတီမှ တာဝန်ရှိသူ ဦးသက်ဦးက ပြောသည်။

နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာ ဖြစ်မြောက်ရေးကော်မတီအနေ ဖြင့် အလှူငွေစာရင်းများကို လူ အများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း ဦးသက်ဦးကပြောသည်။

လတ်တလောတွင် ခြောက်ခန်းတွဲ နှစ်ထပ်နားခိုဆောင်အလုံး ၇၀ ဆောက်လုပ်ရန် စီစဉ်ထား သော်လည်း မန္တလေးတိုင်းဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်က နိုင်ကျဉ်းများအနေဖြင့် ထောင်ကျ စဉ် တိုက်ခန်းထဲ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူများဖြစ်၍ သဘာဝပတ်ဝန်းကျင်နှင့်အညီ သီးခြားလုံးချင်းများ ဆောက်လုပ်ရန်အကြံပြုရာ ကော်မတီ၌ထပ်မံညှိနှိုင်း မည်ဟု ၎င်းကရှင်းပြသည်။

တိုက်ကြီးမြို့နယ်အုန်းနှဲပင် ကျေးရွာရှိ ရပ်မိရပ်ဖများထံ ညှိ နှိုင်းအကူအညီတောင်းခံရရှိထား သည့် ပြည်ထဲရေးအမည်ပေါက် မြေသုံးဧကပေါ်၌ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့ ၏မိသားစုဝင်များ နားခိုနေထိုင်နိုင်မည့် အဆောက်အအုံများ တည်ဆောက်ရန် နိုဝင်ဘာ ၂၅ ရက်က ပန္နက်ရိုက်အခမ်းအနား ပြုလုပ်ခဲ့သည်။

‘‘နိုင်ကျဉ်းတို့ နားခိုရာလို့ ခေါင်းစဉ်နဲ့အညီ နိုင်ကျဉ်းထဲက မည်သူမဆို မွန်းကျပ်မှုကြောင့် ဖြစ်စေ၊ ခေတ္တခဏတည်းခိုဖို့ဖြစ် စေ၊ ထာဝရနေတာပဲဖြစ်စေ လက်ခံသွားရမှာပဲ။ တည်ဆောက်ရေး ကာလပြီးရင် စားဝတ်နေရေးအတွက် အလုပ်အကိုင်ကို စတင် ဆောင်ရွက်ကြမယ်’’ဟု ဦးသက် ဦးက ပြောသည်။

နိုင်ကျဉ်းတို့ နားခိုရာ အိမ်ရာ စီမံကိန်းကို ဝန်ကြီးချုပ်များအကူအညီဖြင့် ပံ့ပိုးကူညီပေးနေသည် ဟု သတင်းများထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်း ဦးသက်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ကို ဝန်ကြီး ချုပ်တွေအကူအညီနဲ့ တိုက်ရိုက်လုပ်ဆောင်နေတယ်ဆိုပြီး ထင် နေကြတယ်။ ဒါမဟုတ်ပါဘူး။ ဝန်ကြီးချုပ်တွေကို ဖိတ်တယ်ဆိုတာက သူတို့လည်း နိုင်ကျဉ်း ဟောင်းတွေပဲလေ။ သူတို့က နိုင်ကျဉ်းစိတ်ဓာတ်အပြည့်နဲ့ လာအားပေးတယ်။ အလှူငွေလာထည့်တယ်။ တတ်နိုင်သလောက်မူဘောင်ထဲက ကူညီမယ်၊ ဒါပဲ’’ဟု ၎င်းက ပြောသည်။

အဆိုပါ အိမ်ရာစီမံကိန်း ပန္နက်ရိုက်အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုတို့ တက်ရောက်ခဲ့သည်။ အဆိုပါဝန်ကြီးချုပ်သုံးဦး နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က ယင်းနေရာအတွက် ဝန်ကြီးချုပ်တစ်ဦး လျှင် ကျပ် ၁၀ သိန်းစီ လှူဒါန်းခဲ့သည်။ ၎င်းတို့သည် နိုင်ကျဉ်းတို့ နားခိုရာ အိမ်ရာဖြစ်မြောက်ရေး နာယကအဖြစ်လည်း တာဝန်ယူထားသည်။

‘‘ဒီလိုမျိုးလေးကိစ္စက အင်မတန်ကောင်းတဲ့ကိစ္စပါပဲ။ နိုင်ကျဉ်း တွေထဲမှာ တကယ်ကိုဒုက္ခရောက် ပြီးတော့အခက်အခဲတွေရှိတယ်။ အဆင်မပြေတဲ့ သူတွေ တော်တော်များများတွေ ရှိနေတာပေါ့။ အဲဒီလိုလူမျိုးတွေအတွက် အဆင်ပြေအောင် ဖန်တီးပေးတယ်။ ဒါကတော့ တကယ်လိုအပ်ချက်ကို ပံ့ပိုး လုပ်ကိုင်နေကြတာ တကယ့်ကိုကောင်းပါတယ်။ သို့သော်လည်း တစ်ခုရှိတာက အဲဒီလိုလုပ်တဲ့ အပေါ်မှာ အမြတ်ထုတ်ပြီးတော့ တလွဲလုပ်သွားမယ့် သူတွေကို တော့ သတိထားဖို့ လိုတာပေါ့’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

 

 

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service