အိမ်ဟောင်းဝယ်မိလို့လား ၊ ပဟေဠိဆန်တဲ့ ဖားကြောင့်လား

အိမ်ဟောင်းဝယ်မိလို့လား ၊ ပဟေဠိဆန်တဲ့ ဖားကြောင့်လား - Property Knowledge in Myanmar from iMyanmarHouse.com
7 Dec 2018 12:39 pm တွင် တင်ခဲ့သည်
2691 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

မြတ်ဗုဒ္ဓက ပုထုဇဉ်လူသာများအနေဖြင့်ဘဝဟောင်းကိုစွန့်ကာ ဘဝအသစ်ကိုကူးပြောင်းခါနီမှာ အလွန်အရေးကြီးကြောင်း ဟောကြားခဲ့ပါတယ် ။ လူတစ်ဦးကွယ်လွန်ခါနီး ဘဝသစ်ပြောင်းခါနီးအချိန်မှာ နိမိတ်အမျိုးမျိုးဖြစ်ပေါ်တတ်ပါတယ် ။ကောင်းသောနိမိတ်နဲ့ ဘဝကူးကောင်းဖို့ မိမိလူ့ဘဝက ပြုခဲ့သမျှကောင်းမှုကို အမှတ်ရစေဖို့ အနီးကပ်ပြုစုစောင့်ရှောက်သူကပြောပြဖို့ လိုအပ်ပါတယ် ။

ဘဝကူးကောင်းဖို့ နိမိတ်ကောင်းရှိဖို့လို

နောက်ဆုံးအချိန် ဘဝအသစ်သို့ ကူးပြောင်းခါနီးဆဲဆဲမှာ မြင်မြင်သမျှ ၊ ကြားကြားသမျှအရာအားလုံးဟာ နိမိတ်ကောင်းများ ၊ ဖြစ်နေစေရန်လိုအပ်ပါတယ် ။ဒါမှသာ လာမယ့်ဘဝသစ်မှာ ငရဲ ၊ တိရစ္ဆာန် ၊ ဗြိတ္တာ ၊ အသူရကယ် ဆိုတဲ့ အပါယ်လေးပါးက လွတ်ကင်းပြီး လူဘဝ ၊ နတ်ဘဝ ၊ ဗြဟ္မာဘဝတို့ကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ် ။

မြတ်ဗုဒ္ဓဟောပြောချက် ၊ ဘဝသစ်အတွက် ပြင်ဆင်ထားဖို့လို

အဲဒီလိုမဟုတ်ဘဲ သေခါနီးဆဲဆဲမှာကောင်းသော နိမိတ်လက္ခဏတွေကို ကြားရမြင်ရရင်မည်သို့ပင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ထားခဲ့ပေမယ့် တိရစ္ဆန် ၊ ပြိတ္တာဘဝသို့ ရောက်ရှိတတ်တယ်လို့ ဗုဒ္ဓက ဟောကြားထားပါတယ် ။

ဒါကြောင့် ဘဝကူးပြောင်းခါနီအချိန်ရောက်ရင် သေရမယ့်လူအနီးမှာ မိဘ ၊ ညီအစ်ကိုမောင်နှမ ၊ ဆွေမျိုးသားချင်းများက ငိုကြွေးရန်မသင့်ကြပါဘူး ။သွားခါနီသူရဲ့အနားမှာ အဲဒီလိုငိုကြွေးမိရင်ပဲဖြစ်ဖြစ် ၊ အဲဒီလူဟာ မိမိပိုင်ပစ္စည်းတစ်ခုခုကို စွဲလမ်းမိရင်ပဲဖြစ်ဖြစ် သေသွားခဲ့ရင် မိမိနေထိုင်ခဲ့ရာအနီးမှာ တိရစ္ဆာန် ၊ ပြိတ္တာဖြစ်တတ်တယ်လို့ သိရပါတယ် ။

မိခင်၊ ဖခင်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်

သာဓကတစ်ခုထုတ်ပြချင်ပါတယ် ။ ရန်ကုန်မြို့က ကိုဇော်လွင်နဲ့ မအေးအေးချစ်တို့ဇနီးမောင်နှံဟာ ကြီးပွားချမ်းသာလိုသူများဖြစ်တဲ့အတွက် ဇွဲ ၊ လုံ့လ ၊ ဝီရီယကြီးစွာနဲ့ အလုပ်ကိုနေ့မအား ကြိုးစားလုပ်ကိုင်သူများဖြစ်ကြပါတယ် ။ အဲဒီလိုကြိုးစားလုပ်ကိုင်ရခြင်းရဲ့ အကြောင်းရင်ကတော့ သားသမီးနှစ်ယောက်ရဲ့ ပညာရေးထူးချွန်ဖို့နဲ့ ကိုယ်ပိုင်အိမ်နဲ့ နေထိုင်နိုင်ဖို့အတွက် ကြိုးစားကြခြင်း ဖြစ်ပါတယ် ။

ချွေတာစုဆောင်း သူဌေးလောင်း

အိမ်ငှါးဘဝနဲ့ နေထိုင်ပြီး ကိုဇော်လွင်က ကားအငှါးမောင်းပါတယ် ။ရတဲ့လစာကို ခြိုးခြံချွေတာ သုံးစွဲပါတယ် ။ ပိုလျှံငွေကို စုဆောင်းပါတယ် ။ဇနီးဖြစ်သူ မအေးအေးချစ်ကလည်း ကိုဇော်လွင်တစ်ယောက်တည်း လုပ်ကိုင်ကျွေးမွေးတာကို မကြည့်ရက်တာနဲ့ သူကိုယ်တိုင်လည်း ကားလမ်းဘေးမှာ ဓာတ်ဆီ ၊ ဒီဇယ်ဆီ ၊ စက်သုံးဆီတို့ကို ဝယ်ပြီးပြန်ရောင်းပါတယ် ။ ဒီလိုနဲ့ အမြတ်ငွေတွေကို စုဆောင်းလာလိုက်ကြတာ ၅ နှစ်လောက်အတွင်းမှာ အင်းစိန်မြို့မှာ အမွေဆိုင်အိမ်ကြီးတစ်လုံးကို ဝယ်လိုက်နိုင်ပါတယ် ။

ပျော်ရွှင်မဆုံး ၊ တပြုံးပြုံး ၊ စီးပွားတက်တဲ့အခါ အကောင်းဆုံး

အဲဒီအိမ်ကြီးမှာ နေထိုင်တဲ့အခါ စီးပွားဥစ္စာတွေက ဒီရေအလား တိုးသထက်တိုးလားတာကိုတွေ့ရပါတယ် ။ကိုဇော်လွင်လည်း အငှါးယာဉ်မောင်းဘဝကထွက်ပြီး ၁၀ ဘီးကုန်တင်ကားကြီးကို ကိုယ်ပိုင်ဝယ်နိုင်လာတယ် ။မအေးအေးချစ်နဲ့ စက်သုံးဆီအရောင်းအဝယ်လုပ်ငန်းကလည်း ရောင်းအားကောင်းလွန်းလို့ အလုပ်သမား ၁၀ ယောက်ငှါးပြီး လုပ်ရတဲ့အထိ လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ရပါတယ် ။ဒီအချိန်မှာ သားအကြီးက ၁၀ တန်းတက်နေပြီး သမီးအငယ်က ၈ တန်း တက်ရတယ် ။အဲဒီအချိန်ဟာ မိသာစုအားလုံးပျော်မဆုံးရွှင်မဆုံးအချိန်ကာလပေါ့ ။ဘာပဲပြောပြော ဝယ်လိုက်တဲ့ အိမ်နဲ့ခြံက အကျိုးပေးလို့ဖြစ်ပါတယ် ။

ထူးထူးခြားခြားအိပ်ခန်းထောင့်က အညိုရောင်ဖားကြီး

ဝယ်ယူနေထိုင်တဲ့အိမ်ကြီးမှာ တစ်ခုထူးခြားတာက သူတို့အိပ်တဲ့အိပ်ခန်းထောင့်မှာ လက်သီးဆုပ်လောက်ရှိတဲ့ အညိုရောင်ဖားကြီးတစ်ကောင်ကို အမြဲတွေ့နေရခြင်းပါပဲ ။ပထမတော့ ရေချိုးခန်းကတစ်ဆင့် အိပ်ခန်းထဲမှာဝင်လာတာထင်လို့ နံနက်ရောက်ရင် အိမ်နဲ့ဝေးရာခြုံစပ်မှာ သွားပြီးပစ်ထားလိုက်ပါတယ် ။ဒါပေမယ့် မိုးလင်းလို့ အိပ်ရာခေါင်းရင်းမှာကြည့်လိုက်ရင် အဲဒီဖားကြီးပြန်ရောက်နေတာကို တွေ့ရပြန်ပါတယ် ။

သောဒေးယျသူဌေး ခွေးဖြစ်သလို ၊ အိမ်ရှင်သေပြီး ဖားဖြစ်လေသလား

ဒီဖားကြီးကို မိဘဖြစ်တဲ့ ကိုဇော်လွင်တို့ကတော့ အန္တရာယ်မရှိလို့ သိပ်ပြီးသတိမထားမိပါဘူး။ တစ်ခုတော့ စဉ်းစားမိတာပေါ့လေ ။ဒီအိမ်ကြီးရဲ့ မူလပိုင်ရှင်တွေထဲက တစ်ဦးဦးသေသွားလို့ အိမ်ကြီးကိုစွဲလမ်းပြီး အခုလို ဖားသတ္တဝါဖြစ်လာကာ အိမ်ပေါ်တက်နေတာလားလို့ တွေးမိတာပေါ့ ။ဘာကြောင့်လဲဆိုတော့ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မပဒပါဠိတော်မှာ သောဒေးယျသူဌေးကြီးဟာ သူ့ပစ္စည်းတွေကိုစွဲလမ်းပြီး မိမိအိမ်မှာ ခွေးပြန်ဖြစ်တယ်မဟုတ်လား ။အခုလည်း အဲဒီလိုများ အိမ်ရှင်တစ်ဦးဦးက အိမ်ကိုစွဲလမ်းပြီး ဖားပြန်ဖြစ်တာများလားလို့ ယူဆကြတယ် ။ဒါကြောင့်လည်း အဖေနဲ့အမေက အဲဒီဖားကြီးကို မသတ်ဖို့ သူတို့ရဲ့သားကြီးကို အမြဲမှာကြားလေ့ရှိတယ် ။နေစဉ့်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း အဲဒီဖားကြီးကို အမျှပေးဝေလေ့ရှိကြတယ် ။

မိဘနှစ်ပါးစကား နားမထောင်တဲ့သားကြောင့် ဖခင်ခမျာ အဖမ်းခံရရှာ

ဒါကြောင့်လည်း စီးပွားဥစ္စာတွေ ဆတက်ထမ်းပိုးတိုးလာလို့ ကိုဇော်လွင်တို့ဇနီးမောင်နှံဟာ ဓာတ်ဆီ ၊ ဒီဇယ်ဆီတွေကို ရန်ကုန်ကနေပြီး အထက်မြန်မာပြည်မြို့ကြီးမျာဒအထိ လိုက်ပါပို့ဆောင်ပေးရတဲ့အထိ လုပ်ငန်းတွေကြီးကျယ်လာပါတယ် ။ တစ်နေ့မှာတော့ ကိုဇော်လွင်ကအထက်မြန်မာပြည်ကိုသွားပြီး စက်သုံးဆီတွေသွားပို့တဲ့အချိန်မှာ ဇနီးဖြစ်သူကလည်း ရန်ကုန်မှာ အလုပ်သမားတွေနဲ့ စက်သုံးဆီအရောင်းအဝယ်လုပ်နေခဲ့ပါတယ် ။ ဒီအချိန်မှာ အိမ်မှာကျန်ရစ်ခဲ့သူက သားနဲ့သမီး ၂ ယောက်တည်းဖြစ်ပါတယ် ။ ညီမဖြစ်သူက မိမိတို့အိပ်ခန်းထဲမှာရှိနေတဲ့ဖာကြီးကို မြင်ရတဲ့အခါတိုင်း အရမ်းကြောက်တယ်ပြောတာနဲ့ အစ်ကိုဖြစ်သူက “ ရှုပ်ပါတယ်ကွာ ” ဆိုပြီး ဖားကြီးကို အိပ်ခန်းထဲမှာ ဆွဲထုတ်ပြီး အိမ်အပြင်မှာ တုတ်နဲ့ရိုက်သတ်ကာ ခြုံတောထဲမှာ သွားပြီးလွှင့်ပစ်လိုက်တယ် ။အဲဒီဖားကြီးသေသွားပြီးလို့ မကြာခင်မှာ ဖခင်ဖြစ်သူကိုဇော်လွင်ရဲ့ကားဟာ ပျဉ်းမနားမြို့အဝင်မှာ ရဲကတားဆီးခံရပါတယ် ။ တရားမဝင်စက်သုံးဆီတွေသယ်ဆောင်လာတယ်ဆိုပြီး အဖမ်းခံရတော့တာပါပဲ ။မကြာပါဘူး ။မိခင်ဖြစ်သူ မအေးအေးချမ်းရဲ့ဓာတ်ဆီဆိုင်လည်း အဖမ်းခံရပြန်ပါတယ် ။ပိုင်ရှင်မရှိလို့ အလုပ်သမားတစ်ဦးကို ဖမ်းသွားခဲ့ပါတယ် ။ဒီမှာပဲ ရှာထားသမျှတွေ ကုန်တော့တာပါပဲ ။

ပျက်ချိန်တန်လို့ပျက်တာလား ၊ အမှားတစ်ခုလုပ်မိလို့လား

နောက်ဆုံးတော့ ကိုဇော်လွင်ရဲ့ကားလည်းပြည်သူပိုင်အသိမ်းခံရပြီး သူလည်း ဆီမှောင်ခိုမှုနဲ့ ထောင်ကျသွားပါတော့တယ် ။ နောက် ၃ ရက်လောက်အကြာမှာ မိမိတို့ဝယ်ထားတဲ့အိမ်ကြီးလည်း မီးလောင်ပြာကျသွားပါတယ် ။ ကိုဇော်လွင်တို့ ဇနီးမောင်နှံလည်း အပူနဲ့ရှာထားတဲ့ပစ္စည်းတွေမို့လို့ အပူလောင်ရတာပဲလား ၊ တူသောအကျိုးခံစားရတာပဲလား ။ဒါမှမဟုတ် သားဖြစ်သူက အိမ်ခန်းထောင့်မှာရှိတဲ့ ဖားကြီးကိုပဲ သတ်လိုက်မိလို့လား ၊ မခွဲခြားတတ်တော့ပါဘူး ။

အိမ်ဟောင်းခြံဟောင်းဝယ်သူများ အထူးသတိထား

ကိုဇော်လွင် ထောင်ကပြန်လွတ်တဲ့အချိန်မှာတော့ မိသားစုအားလုံး ဆင်းရဲဒုက္ခရောက်သွားကြရပြီးအိမ်မီးလောင်လို့ ကျန်ရစ်ခဲ့တဲ့မြေကွက်ကြီးကို အဖိုးနည်းအိုးကွဲဈေးနဲ့ရောင်းကာ တောရွာသို့ ပြန်လည်ပြောင်းသွားခဲ့ကြရပါတယ် ။အနှစ်ချုပ်ပြောရရင်တော့ အိမ်ဟောင်းကို ဝယ်ယူနေထိုင်သူများ အထူးသတိပြုရမယ့်အချက်ပါ ။မယုံမရှိနဲ့ ။ကိုဇော်လွင်တို့မိသာစုမှာ လက်တွေ့မို့ အိမ်ဟောင်းခြံဟောင်းများကို ဝယ်ခဲ့လျှင် မေတ္တာထားပါ ။မှီခိုသူသတ္တဝါများကို သနားပါလို့ အကြံပြုလိုက်ရပါတယ် ။

လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ

 

Credit:  လွှတ်တော်ရှေ့နေမောင်ကောင်းဖေ 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service