အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်လုပ်ငန်းရှင်များ စိတ်ဝင်စား

အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်လုပ်ငန်းရှင်များ စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
7 Dec 2018 12:23 pm တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ ဖွံUဖိုးတိုးတက်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများ (logistics support) တွင်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရရှိနိုင်ရန် စိတ်ဝင်စားလျက်ရှိသည်ဟု ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (Hong Kong Trade Development Council) လက်ထောက်အမှုဆောင် ဒါရိုက်တာ မစ္စတာ စတီဖန်လီအန် (Mr. Shepen Liang) က ပြောသည်။

ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ ဦးဆောင်မှုဖြင့် ဟောင်ကောင်ကုမ္ပဏီ ၂၇ ခုက ကိုယ်စားလှယ် ၃၇ ဦးပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ သက်ဆိုင်ရာ မြန်မာလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

''မြန်မာနိုင်ငံမှာ ဟောင်ကောင်စီးပွားရေးကုမ္ပဏီတွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ရှာဖွေနေပါတယ်။ အထူးသဖြင့် စက်ရုံလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည် ထောက်ပံ့မြှင့်တင့်ပေးနိုင်မယ့် လုပ်ငန်းမျိုးကို တိုးချဲ့ဆောင်ရွက်ဖို့ စိတ်ဝင်စားကြပါတယ်'' ဟု မစ္စတာစတီဖန်က ပြောသည်။

ဟောင်ကောင်လုပ်ငန်းရှင်များသည် အလုပ်သမားအများအပြားလိုအပ်သည့် အထည်ချုပ်လုပ်ငန်းများနှင့် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးလိုပြီး အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ဆက်သွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်ဟု ၄င်းက ပြောသည်။

ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏စာရင်းများအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရှစ်ခုမြောက် အကြီးဆုံးနိုင်ငံခြားသွင်းကုန် ဈေးကွက်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် စီးပွားရေးကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၉ဝ ရှိခဲ့ပြီး မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ တင်ပို့ခဲ့သည့် ကုန်သွယ်မှုပမာဏ ၈၉ ဒသမ ၉ သန်းရှိခဲ့သည်ဟု ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ စာရင်းများတွင် ဖော်ပြထားသည်။

လက်ရှိအချိန်ထိ ဟောင်ကောင်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံပြီးနောက် လေးခုမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရင်းများအရ သိရသည်။

''မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ဈေးကွက်အတွင်းသာမက ဟိုတယ်တွေအထိ အများဆုံးတင်သွင်းလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အလျောက် ကျွန်တော်တို့ဆီမှာလည်း ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စီမံကိန်းအင်ဂျင်နီယာတွေ၊ အတိုင်ပင်ခံလုပ်ငန်းတွေရှိပါတယ်။ ဒီလိုကျွမ်းကျင်ပညာရှင်တွေ နဲ့ကူညီပြီး မြန်မာ့ထုတ်ကုန်တွေကို နှစ်နိုင်ငံကုန်သွယ်သွားဖို့ ရှိပါတယ်''ဟု မစ္စတာ စတီဖန်က ပြောသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကစတင်ပြီး ဟောင်ကောင်နိုင်ငံသား ခရီးသွားများကို ဗီဇာကင်းလွတ် ခွင့်ပေးခဲ့သည့်အတွက် ဟောင်ကောင်နိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်နိုင်ကြောင်း ၄င်းက ပြောသည်။

''ဟောင်ကောင်ကုမ္ပဏီတွေက အာဆီယံနိုင်ငံအတွင်းက ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတာကို သတိထားမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ၊ စီမံကိန်းတွေရှိလာရင် လာရောက်ရင်းနှီးမြှုပ်နှံကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်ပါ''ဟု ၄င်းက ပြောသည်။

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service