အိမ်ရာအသစ်များထက် ဆောက်လက်စ စီမံကိန်းများကိုသာ ဆက်လက်ဆောင်ရွက်မည်

အိမ်ရာအသစ်များထက် ဆောက်လက်စ စီမံကိန်းများကိုသာ ဆက်လက်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
6 Dec 2018 1:07 pm တွင် တင်ခဲ့သည်
1079 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အိမ်ရာစီမံကိန်းအသစ်များကို ဆက်လက်မဆောက်လုပ်တော့ဘဲ လုပ်လက်စစီမံကိန်းများကိုသာ ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မူဝါဒနှင့် စီမံကိန်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ပြောသည်။

အိုးအိမ်ဦးစီးဌာနက ဆောက်လက်စနှင့် ဆောက်လုပ်ပြီး ပရောဂျက်များကို ရောင်းချလျက်ရှိရာ ဒီဇင်ဘာလ အတွင်း ရောင်းချမည့် အိမ်ခန်းများနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရောင်းချမည့် စီမံကိန်းများလည်းရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

လှိုင်သာယာမြို့နယ်

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းကို အဆောက်အအုံအမျိုးအစား ငါးမျိုးဖြင့် တည်ဆောက်ထားပြီး တန်ဖိုးသင့်အိမ်ရာပုံစံ နှစ်မျိုး၊ တန်ဖိုးနည်းအိမ်ရာပုံစံ သုံးမျိုးရှိသည်။

စုစုပေါင်းအဆောက်အအုံ ၇၃ လုံးရှိပြီး အခန်းပေါင်း ၂၃၇၂ ခန်းရှိသည့်အနက် ဒီဇင်ဘာလတွင် အဆောက် အအုံ ၂၄ လုံးမှ အခန်းများကို ရောင်းချပေးမည်ဖြစ်သည်။ အခန်းများ၏ အကျယ်အဝန်းမှာ အနည်းဆုံး ၃၂၄ စတုရန်းပေမှ စတုရန်းပေ ၆၅၀ အထိရှိသည်။ ယင်းအပြင် ရွှေလင်ပန်းအိမ်ရာနှင့် ထီးလှိုင်ရှင်အိမ်ရာမှ မူလလက်ကျန် တန်ဖိုးနည်းတိုက်ခန်းများကိုလည်း ဒီဇင်ဘာလအတွင်း၌ပင်ရောင်းချပေးသွားမည်ဖြစ်သည်။

ရွှေပြည်သာမြို့နယ်

ရွှေပြည်သာမြို့နယ် ရွှေပြည်သာ comeracilအိမ်ရာရှိ ရောင်းရန်ကျန်ရှိနေသော တန်ဖိုးသင့်အိမ်ရာများကို လည်း ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ယုဇနအိမ်ရာ အပိုင်း (၁)၊ (၂)နှင့် (၃)ဟူ၍ အိမ်ရာစီမံကိန်း သုံးခုရှိပြီး အပိုင်း (၃) ကိုမူ ဆောက်လုပ်ဆဲဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားသည်။

စီမံကိန်း (၁) နှင့် (၂) က ရောင်းချရန် ကျန်ရှိသည့်အခန်းများကို ဒီဇင်ဘာလထဲတွင် ဃီံ ဘဏ်၌ ငွေစုဆောင်းထားပြီး အခန်းဝယ်ရန် စောင့်ဆိုင်းနေသူများ၊ အခန်းဝယ်ရန် အလှည့်ကျပြီးသော်လည်း နေရာမကြိုက်၍ မဲမနှိုက်သေးသူများကို ဦးစားပေးရောင်းပေးရန် စီစဉ်လျက်ရှိ သည်။ ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်က ယုဇနအိမ်ရာအပြင် ကနောင်အိမ်ရာက စီမံကိန်းများကိုလည်း ရောင်းချပေးသွားမည်ဖြစ်သည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ရောင်းချပေးမည့် အိမ်ခန်းများ

တောင်ဒဂုံမြို့နယ်၊ ကြည်စုသုသာန်အနီးရှိ ရိုးမအိမ်ရာက အခန်းများ၊ ရိုးမရိပ်သာလမ်းနှင့် အောင်မြင့်မိုရ်လမ်း ကြားရှိ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းက အခန်းများကို လာမည့်နှစ်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ရိုးမအိမ်ရာတွင် အခန်းပေါင်း ၃ဝ၀ဝ ခန့်ရှိပြီး အခန်းအကျယ်အဝန်းမှာ အနည်းဆုံး ၃၂၄ စတုရန်းပေမှ စတုရန်းပေ ၆၅၀ ထိရှိသည်။

ယင်းအပြင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကုန်ခန့်တွင် သီလဝါစက်မှုဇုန်အနီးရှိ အိမ်ရာစီမံကိန်းများကို ရောင်းချပေးသွားရန် လျာထားကြောင်း၊ လက်ရှိတွင် တည်ဆောက်ရေးကဏ္ဍ ပြီးစီးသွားပြီဖြစ်သော်လည်း မီးရရှိရေးကို ဆောင်ရွက်နေဆဲဖြစ်သောကြောင့် ရောင်းချ၍မရသေးကြောင်း လည်း ဒေါ်မီမီတင်က ပြောသည်။

သီလဝါစက်မှုဇုန်အနီးရှိ အိမ်ရာများကို ဝယ်ယူလိုသောပြည်သူအားလုံးသို့ ရောင်းချပေးမည် ဖြစ်သော်လည်း စက်မှုဇုန်က အလုပ်သမားများအတွက် စက်ရုံပိုင်ရှင်များက နေစရာချထားပေးလိုပါက အရစ်ကျဝယ်ယူပေးနိုင်စေရန် ဈေးနှုန်းများကို ပေးပို့ထားပြီးဖြစ်ကြောင်း၊ အဆိုပါအိမ်ရာကို စိတ်ဝင်စား၍ ဝယ်ယူရန် နိုင်ငံခြားကုမ္ပဏီများက လာရောက်စုံစမ်းသည်များ ရှိသော်လည်း မီးရရှိရေးဆောင်ရွက်နေဆဲဖြစ်သဖြင့် မရောင်းချနိုင်သေးကြောင်း ဒေါ်မီမီတင်က ပြောသည်။

အဆိုပါ သီလဝါအိမ်ရာစီမံကိန်းတွင် အဆောက်အအုံပေါင်း ၅၅ လုံး ဆောက်လုပ်ထားပြီး အခန်းပေါင်း ၁၄၇၀၈ ခန်း ပါဝင်မည်ဖြစ်သည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ရာများအပြင် ကျူးကျော်များ၊ အိမ်ရာလိုအပ်နေသည့် ပြည်သူများအတွက် အငှားအိမ်ရာ တည်ဆောက်ပေးခြင်းလုပ်ငန်း များကိုလည်း တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကောက်ယူထားပြီးသော စစ်တမ်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်နေထိုင်သော အိမ် ထောင်စုပေါင်း ၁၂၀çဝ၀ဝ ခန့်ရှိပြီး လူဦးရေအနေဖြင့် လေးသိန်းကျော်ရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေကို ရေးဆွဲနေပြီး ဝန်ကြီးဌာနက ကိုယ်တိုင်ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ဆောင်ခြင်းထက် ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီများနှင့် တိုက်ခန်းဝယ်ယူသူများကို မည်ကဲ့သို့ပံ့ပိုးပေးမည် စသည့်အစီအစဉ်များကို ထည့်သွင်းစဉ်းစားနေသည်ဟု ဒေါ်မီမီတင်က ဆိုသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က အစိုးရရော၊ ပုဂ္ဂလိကဘက်ကရော ဆောက်လုပ်ခဲ့တဲ့ အိမ်ရာတွေရဲ့အရည်အသွေးတွေကျဆင်းလာတာကို တွေ့ရတယ်။ သူတို့ရဲ့စီမံခန့်ခွဲမှု၊ ဆက်လက်ထိန်းသိမ်းမှုတွေလုပ်ဖို့ ဆောက်လုပ်ရေးနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုအကြံÓဏ်ပေးသင့်လဲဆိုတဲ့အပိုင်းတွေ၊ တစ်နည်းအားဖြင့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေရေးတဲ့ဘက်ကို ပိုပြီးတော့ သွားနေပါတယ်"ဟု ဒေါ်မီမီတင်က ဆိုသည်။

ကွန်ဒိုအခန်းများအတွက် ကွန်ဒိုဥပဒေ သီးသန့်ရှိနေသော်လည်း ရိုးရိုးတိုက်ခန်းများအတွက် ခိုင်မာသော ဥပဒေ မရှိသေးသည့်အတွက် တိုက်ခန်းဥပဒေကို သီးသန့်မရေးဆွဲဘဲ နောက်ဆုံးရေးဆွဲနေသော အမျိုးသားအိမ်ရာ ဖွံ့ဖြိုးရေးဥပဒေထဲတွင် တစ်ပါတည်း ထည့်သွင်းရေးဆွဲရန် လျာထားလျက်ရှိကြောင်း ဒေါ်မီမီတင်က ပြောသည်။

ကွန်ဒိုနည်းဥပဒေ အသက်ဝင်နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက်စီမံခန့်ခွဲရေး ကော်မတီများကို သမ္မတရုံးက ဖွဲ့စည်းပေးလျက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း ထွက်ရှိလာနိုင်ကြောင်း၊ အဆိုပါကော်မတီများ ထွက်ပေါ်လာလျှင် ကွန်ဒိုတိုက်ခန်းများကို မှတ်ပုံတင်ခြင်းများ၊ နေထိုင်သူများအတွက် အကျိုးရပိုင်ခွင့်များ၊ အိမ်ရာစီမံခန့်ခွဲမှုအပိုင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချသော အခန်းများကို ၁၉၉၇ ခုနှစ်က ရေးဆွဲထားသော အိမ်ရာသာယာရေးကော်မတီ စည်းကမ်းစာအုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချခဲ့သည်။

အလားတူ ယနေ့ခေတ်နှင့် လျော်ညီပြီး ပြည့်စုံသောအိမ်ရာသာယာရေးကော်မတီစည်းကမ်း စာအုပ်သစ် ထွက်ရှိနိုင်ရန်ရေးဆွဲလျက်ရှိကြောင်း ဒေါ်မီမီတင်က ပြောသည်။ 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service