မီယာမီတွင် အမိုးပေါ် ကားပျံရပ်နားကွင်း ပါဝင်သည့် မိုးမျှော်တိုက်များ ဆောက်လုပ်

မီယာမီတွင် အမိုးပေါ် ကားပျံရပ်နားကွင်း ပါဝင်သည့် မိုးမျှော်တိုက်များ ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
6 Dec 2018 11:53 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီကမ်းခြေဒေသတွင် မိုးမျှော်တိုက်များ ဆောက်လုပ်လျက်ရှိရာ အမိုးပေါ်၌ ကားပျံရပ်နားကွင်းများ ထည့်သွင်းဆောက်လုပ်လာလျက်ရှိသည်ဟု ဆိုသည်။

လက်ရှိဆောက်လုပ်လျက်ရှိသော မိုးမျှော်တိုက်ကြီး ၃ ခုတွင် အမိုးပေါ် ကားပျံရပ်နားကွင်းများ ထည့်သွင်းထားသည်။

ပါရာမောင့် မီယာမီ ကမ္ဘာ့စင်တာ အမည်ရှိ အထပ် ၆၀ မြင့်မားသော အဆောက်အအုံကြီးကို ၂၇ အကျယ်အဝန်းရှိသည့် မြေနေရာတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ကားပျံရပ်နားကွင်း (သို့မဟုတ်) ကောင်းကင်ဆိပ်ကမ်း ထည့်သွင်းဆောက်လုပ်မည်ဖြစ်ကာ အမေရိကန် ပြည်ထောင်စုတွင် facility အပြည့်စုံဆုံး အဆောက်အအုံကြီးအဖြစ် သတ်မှတ်ထားကြသည်။

Uber နှင့် Airbus မှ ထုတ်လုပ်မည့် မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးယာဉ်များကို မကြာမီကာလအတွင်း မီယာမီ၏ ကောင်းကင်တွင် တွေ့မြင်လာရတော့မည်ဖြစ်ပြီး အဆောက်အအုံကြီးတွင် နေထိုင်သူတို့၏ နေအိမ်အရောက် ပို့ဆောင်ပေးနိုင်တော့မည် ဖြစ်သည်။

“ဒီ မိုးပျံကား စီမံကိန်းဆိုတာက တကယ်အကောင်အထည်ဖော်မယ့်အရာဖြစ်ပါတယ်။ ရန်ပုံငွေလည်း ချထားပြီးဖြစ်တဲ့အပြင် နာဆာ အဖွဲ့ကြီးလည်း ပါဝင်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းပါ။ ဒါက သိပ္ပံဆန်းကြယ်ရုပ်ရှင်တစ်ခု မဟုတ်တော့ပါဘူး”ဟု ပါရာမောင့် အဆောက်အအုံကြီးကို ဆောက်လုပ်မည့် developer ဖြစ်သော Paramount Ventures မှ အမှုဆောင်အရာရှိချုပ် ဒန် ကော့ဒ်စီက ပြောကြားသည်။

ပါရာမောင့် အဆောက်အအုံကြီးတွင် လူနေခန်းပေါင်း ၅၀၀ ကျော် ပါဝင်မည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၀၀၀၀၀ မှ ကန်ဒေါ်လာ ၁၁ သန်းကြား တန်ကြေးရှိသည့် အခန်းများ ပါဝင်မည်ဖြစ်သည်။

လာမည့် ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားပြီး လက်ရှိအားဖြင့် အခန်း ၈၀ ရာခိုင်နှုန်း ရောင်းချထားရပြီးလည်း ဖြစ်သည်။

Luxury Miami developments now come with sky ports for flying cars အခြားသော စီမံကိန်းနှစ်ခုတွင်လည်း အလားတူဆောင်ရွက်ထားရှိရာ မီယာမီကမ်းခြေရှိ ရစ်ခ်ျကာလ်တန် Residences လည်း အပါအဝင် ဖြစ်သည်။

၇ ဧကခွဲ ကျယ်ဝန်းသည့်မြေနေရာပေါ်တွင် ဆောက်လုပ်ထားသည့် ရစ်ခ်ျကာလ်တန် Residences တွင် ကွန်ဒိုခန်းပေါင်း ၁၂၆ ခန်း ပါဝင်ပြီး အီတလီ ဗိသုကာပညာရှင် ပီယာရို လီဆိုနီက ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး လာမည့်နှစ်အစောပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service