လန်ဒန်ရှိ အချမ်းသာဆုံးရပ်ကွက်များမှ တစ်ခုတွင် ကလေးငယ် ၁၁ ဦးလျှင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်နေပြီး ယခု ခရစ္စမတ်ကာလတွင် အိမ်ရာမဲ့ ကလေးငယ်ပေါင်း ၁၃၁၂၆၉ ဦးအထိရှိနေ

လန်ဒန်ရှိ အချမ်းသာဆုံးရပ်ကွက်များမှ တစ်ခုတွင် ကလေးငယ် ၁၁ ဦးလျှင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်နေပြီး ယခု ခရစ္စမတ်ကာလတွင် အိမ်ရာမဲ့ ကလေးငယ်ပေါင်း ၁၃၁၂၆၉ ဦးအထိရှိနေ - Property News in Myanmar from iMyanmarHouse.com
6 Dec 2018 11:36 am တွင် တင်ခဲ့သည်
550 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် အိမ်ရာမဲ့ဖြစ်နေသော ကလေးငယ်ပမာဏစာရင်း ပေါ်ထွက်လာပြီးနောက်ပိုင်း ဗြိတိန်၏ အိမ်ရာမဲ့ပြဿနာမှာ မျိုးဆက်တစ်ခုကို ဖြတ်သန်းခံစားရလိမ့်ဦးမည်ဖြစ်ကြောင်း အိမ်ရာမဲ့များကို အကူအညီပေးနေသည့် ပရဟိတအဖွဲ့ Shelter က သတိပေးလိုက်သည်။

“အိမ်ရာပြဿနာရဲ့ ဆိုးကျိုးတွေကို မျိုးဆက်တစ်ခုလောက် ခံစားရလိမ့်ဦးမှာဖြစ်ပြီး လက်ရှိအားဖြင့် ဗြိတိန်မှာ ကလေး ၁၀၃ ဦးမှာ တစ်ဦးဟာ အိမ်ရာမဲ့ဖြစ်နေပါတယ်”ဟု Shelter မှ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုခရစ္စမတ်ကာလတွင် ဗြိတိန်၌ အိမ်ရာမဲ့ကလေးငယ်ပေါင်း ၁၃၁၂၆၉ ဦးအထိ ရှိမည်ဟု Shelter က ခန့်မှန်းထားသည်။

“ဗြိတိန်မှာ တော်တော်အေးစက်စိုထိုင်းလာနေတဲ့သတင်းတွေလည်း ကျွန်မတို့ကြားနေရပါတယ်။ ကလေးငယ်တွေဟာ မိသားစုဝင်တွေအများကြီးနဲ့ စုပြုံတိုးဝှေ့အိပ်နေကြရပြီး အများပြည်သူသွားလမ်း ညစ်ပတ်တဲ့နေရာတွေမှာ ဆော့ကစားနေကြရတယ်” ဗြိတိန်တွင် လန်ဒန်သည် အိမ်ရာမဲ့ကလေးငယ်ဦးရေ အမြင့်မားဆုံးဖြစ်နေပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ၂ ဆနီးပါး မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

လန်ဒန်မြို့၊ ဝက်စ်မင်စတာအရပ်မှာ ဗြိတိန်တွင် အဆိုးရွားဆုံးကြုံတွေ့နေရသည့် အရပ်ဖြစ်ပြီး ကလေးငယ် ၁၁ ဦးလျှင် ၁ ဦးမှာ အိမ်ရာမဲ့ ဖြစ်နေသည်ဟု ဆိုသည်။

အစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော အိမ်ရာမဲ့စာရင်းအချက်အလက်များအရ အင်္ဂလန်နှင့် စကော့တလန်တို့တွင် ယာယီစခန်းများ၌ နေထိုင်ရလျက်ရှိသည့် ကလေးငယ်ပေါင်း ၁၂၉၇၄၅ ဦးရှိသည်ဟု ဆိုသည်။အဆိုပါ ပမာဏမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ စာရင်းသာဖြစ်သေးသည်။

ဝေလပြည်နယ်တွင်မူ ဧပြီလမှ ဇွန်လအထိ ကောက်ယူထားသောအချက်အလက်များအရ အိမ်ရာမဲ့ကလေးပေါင်း ၁၅၂၄ ဦးရှိသည်ဟု ဆိုသည်။

လန်ဒန်မြို့ အိုးအိမ်နှင့် လူနေဖွံ့ဖြိုးရေးဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သူ ဂျိမ်းစ် မာရေးက ပြောကြားရာတွင် “အစိုးရဟာ အိမ်ရာမဲ့ အခြေအနေတွေကို ဒီလောက်အတိုင်းအတာဖြစ်လာတဲ့အထိ ကြည့်နေတာဟာ ရှက်စရာကောင်းပါတယ်။ ဒါရဲ့ အကျိုးဆက်ကို ကလေးငယ်တွေများစွာ ခံစားနေကြရတာကလည်း ကြေကွဲစရာပါ”ဟု ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service