အငှားလူနေခန်းများ ပိုမိုထွက်ပေါ်လာရန် ရည်ရွယ်ကာ ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့က စတုရန်းမီတာ ၂ သိန်းကျော် ဆောက်လုပ်မှုများ ပြုလုပ်နိုင်မည့် မြေနေရာ ၃ ခုကို တင်ဒါဖြင့် ရောင်းချပေးရန် စီစဉ်

အငှားလူနေခန်းများ ပိုမိုထွက်ပေါ်လာရန် ရည်ရွယ်ကာ ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့က စတုရန်းမီတာ ၂ သိန်းကျော် ဆောက်လုပ်မှုများ ပြုလုပ်နိုင်မည့် မြေနေရာ ၃ ခုကို တင်ဒါဖြင့် ရောင်းချပေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
5 Dec 2018 12:30 pm တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့သည် အငှားအိမ်ခန်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်ကာ စတုရန်းမီတာ ၂ သိန်းကျော် ဆောက်လုပ်မှုများ ပြုလုပ်နိုင်မည့် မြေနေရာ ၃ ခုကို တင်ဒါခေါ်ယူ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တရုတ်ပြည်ရှိ မြို့ကြီးများတွင် အငှားအိမ်ရာဖြည့်တင်းပေးနိုင်မှုကို မြှင့်တင်ပေးနိုင်ရန် ဗဟိုအစိုးရက ဆုံးဖြတ်ထားသည်။

ယခုမြေနေရာ ၃ ခုတွင် အနည်းဆုံး လူနေခန်းပေါင်း ၃၂၀၀ ခန့် ဆောက်လုပ်နိုင်မည်ဖြစ်ပြီး အငှားအိမ်ရာအဖြစ် ဆောက်လုပ်သွားမည်ဟု ဆိုသည်။

ရှန်ဟိုင်းတွင် ယခုနှစ်အတွင်း လူနေစီမံကိန်းအဖြစ် အကောင်အထည်ဖော်ခဲ့သော မြေနေရာ ၂၉ ခုရှိပြီး စီမံကိန်း အများဆုံးနေရာမှာ ရှန်ဟိုင်းမြို့၊ ရှုဟွေခရိုင်တွင်ဖြစ်ကာ စီမံကိန်းကြီး ၇ ခု တည်ရှိသည်။

ယခုရောင်းချမည့် မြေကွက် ၃ ခုအနက် အကြီးမားဆုံးမှာ ရှန်ဟိုင်းမြို့တောင်ပိုင်း၊ ပူဒေါင်ခရိုင်တွင် တည်ရှိသည်။

အဆိုပါမြေကွက်၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၅၂၉၄၄ ရှိပြီး အနိမ့်ဆုံးကြမ်းခင်းလေလံဈေးမှာ ယွမ်ငွေ ၃၃ ဒသမ ၉ သန်းဖြစ်ရာ စတုရန်းတစ်မီတာလျှင် ယွမ်ငွေ ၃၂၀၁ ကျသင့်ခြင်း ဖြစ်သည်။

ယင်းမြေနေရာ၌ အငှားလူနေခန်းပေါင်း ၂၆၄၇ ခန်း ဆောက်လုပ်နိုင်မည်ဟု ဆိုသည်။

အခြားမြေကွက် ၂ ခုမှာ ဘောင်ရှန်းခရိုင်နှင့် ပူတောင်းခရိုင်တို့တွင် တည်ရှိသည်။

ဘောင်ရှန်းခရိုင်ရှိ မြေကွက်အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၉၆၁၁ ရှိပြီး လေလံကြမ်းခင်းဈေးမှာ ယွမ် ၄၀ ဒသမ ၄၂ သန်းဖြစ်ပြီး စတုရန်းတစ်မီတာလျှင် ကြမ်းခင်းဈေး ယွမ်ငွေ ၇၅၄၉ ဖြင့် လေလံတင်ခဲ့ခြင်းဖြစ်သည်။

ပူတောင်းခရိုင်ရှိ မြေကွက်မှာမူ စတုရန်းမီတာ ၂၇၃၂၀ ကျယ်ယန်းပြီး အနိမ့်ဆုံးကြမ်းခင်းဈေးမှာ ယွမ်ငွေ ၄၆ ဒသမ ၅၅ သန်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service