မုံရွာမြို့တွင် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများက အိမ်ခြံမြေများကို လာရောက်ဝယ်ယူမှုကြောင့် အိမ်ခြံမြေဈေးကွက်သွက်နေ

မုံရွာမြို့တွင် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများက အိမ်ခြံမြေများကို လာရောက်ဝယ်ယူမှုကြောင့် အိမ်ခြံမြေဈေးကွက်သွက်နေ - Property News in Myanmar from iMyanmarHouse.com
5 Dec 2018 11:42 am တွင် တင်ခဲ့သည်
1705 ကြိမ် ကြည့်ရှု့ပြီး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများက အိမ်ခြံမြေများကို လာရောက်ဝယ်ယူနေမှုကြောင့် အိမ်ခြံမြေကွက်များ ပိုမိုရောင်းအားနေကြောင်း မြို့ခံအိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်သူများ၏ ပြောကြားချက်အရ သိရသည်။

အိမ်ခြံမြေကွက်များ ပိုမိုရောင်းအားနေရခြင်းသည် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများက ၎င်းတို့ မူလအလုပ်ကိုစွန့်ပယ်ပြီး အဆောင်တည်ဆောက်ခြင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရန်အတွက် ဖြစ်နိုင်ခြေများတာဖြစ်နိုင်ကြောင်း အဆောင်တည်ဆောက်မှု၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ဖွင့်လှစ်သူများလည်း ပိုမိုများပြားလာကြောင်း မုံရွာမြို့ အိမ်ခြံမြေအကျိုးတော်ဆောင် ကိုအောင်သူက ပြောကြားသည်။

“ပုံမှန် ကျွန်တော်တို့ ဖြစ်တာကတော့ တစ်ပွဲလောက် အရောင်းအဝယ်လုပ်ရတယ်။ အချို့ရက်တွေမှာဆိုရင်တော့ နှစ်ပွဲလောက် အရောင်းအဝယ်လုပ်ရတယ်။ စီးပွားရေး တက်လာသလားဆိုတော့ အခြားလုပ်ငန်းတွေဖြစ်တဲ့ ကုန်သည်ပွဲစားတွေက အခြားပြဿနာလေးတွေရှိလို့လား မသိဘူး။ အဆောင်တို့ လက်ဖက်ရည်တို့၊ စားသောက်ဆိုင်တို့ဘက်ကို ဦးစားပေးလာသလားဆိုတာတော့ မသိဘူး။ စားသောက်ဆိုင် လုပ်ချင်တဲ့သူတွေ လက်ဖက်ရည်ဆိုင် လုပ်ချင်တဲ့သူတွေ အဆောင်ဖွင့်ချင်တဲ့သူတွေကတော့ ပိုပေါတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံသူတွေက အိမ်ခြံမြေကွက်တွေကို လာရောက်ဝယ်ယူတာများပါတယ်” ဟု မုံရွာမြို့အိမ်ခြံမြေ အကျိုးတော်ဆောင် ကိုအောင်သူက ဆက်လက်ပြောကြားသည်။

မုံရွာမြို့၏ အိမ်ရှင်အိမ်ငှားဈေးကွက်၏ ဈေးနှုန်းသည် ကျပ်ငွေတစ်သိန်းကနေ ကျပ်ငွေသိန်းနှစ်ဆယ်အထိ ဈေးပေါက်နေကြောင်း ကုမ္ပဏီများကလည်း ငှားရမ်းမှုများ လည်းရှိနေသေးကြောင်း ယင်းကဲ့သို့ ငှားရမ်းမှုမှာ ရပ်ကွက်နှင့် လမ်းမပေါ်မူတည်ကာ အိမ် ရှင်အိမ်ငှားမှုသည် ဈေးနှုန်းကွာဟချက်များစွာရှိကြောင်း မုံရွာမြို့အိမ်ခြံမြေအကျိုးတော်ဆောင် ကိုဖိုးခွားက ဆိုသည်။

“မုံရွာမြို့မှာ အိမ်ရှင်နှင့် အိမ်ငှားဈေးကွက်ကတော့ အနည်းဆုံးကတော့ ကျပ်ငွေတစ်သိန်းကနေ တစ်သိန်းခွဲအထိရှိတယ်။ အချို့လုပ်ငန်းရှင်တွေဆိုရင် မြေယာအကျယ်ကြီးတွေကို ငှားကြတယ်။ အဲလိုမြေယာအကျယ်ကြီးတွေ ငှားကြတဲ့နေရာမှာ ဈေးနှုန်းကတော့ တစ်ဆယ့်ငါးသိန်းကနေ သိန်းနှစ်ဆယ်အထိရှိတယ်။ ဈေးနှုန်းကတော့ အစားစား ရှိပါတယ်။ လမ်းမတွေပေါ်မူတည်ပြီးတော့ အိမ်ငှားဈေးကွက်ကလည်း ကွာခြားသွားတယ်။ အိမ်ရှင်နဲ့ အိမ်ငှားဖြစ်နေတဲ့ နေရာတွေကတော့ မြို့သစ်ရပ်ကွက်နဲ့ ဗိုလ်ချုပ်လမ်းမကြီးတွေပေါ်မှာ ငှားရမ်းရတာ များပါတယ်” ဟုကိုဖိုးခွားက ပြောကြားသည်။

မုံရွာမြို့တွင် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများက အိမ်ခြံမြေများကို လာရောက်ဝယ်ယူနေကြသည့်အထဲတွင် ကျေးလက်တောရွာနေသူအချို့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် နေထိုင်သူအချို့အပါအဝင် အရာတော်၊ ယင်းမာပင် စသည့်မြို့နယ်များကလည်း မြေကွက်ဝယ်ယူမှုများလည်းရှိကြောင်း မုံရွာမြို့၏ အိမ်ခြံမြေဈေးနှုန်းမှာလည်း ရပ်ကွက်၊ လမ်းများပေါ်မူတည်ကာ ငွေကြေးကွာခြားများလည်း ရှိကြောင်း သိရသည်။

 

Credit:  Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service