ကျိုက္ကဆံကွင်းတွင်အကောင်အထည်ဖော်မည့် အောင်ဆန်းအမျိုးသားစိမ်းလန်းဥယျာဉ်စီမံကိန်း ၂ဝ၁၉ တွင် စတင်မည်

ကျိုက္ကဆံကွင်းတွင်အကောင်အထည်ဖော်မည့် အောင်ဆန်းအမျိုးသားစိမ်းလန်းဥယျာဉ်စီမံကိန်း ၂ဝ၁၉ တွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
4 Dec 2018 12:46 pm တွင် တင်ခဲ့သည်
2180 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိ ဧရိယာ ၁၄ဝ ဒသမ ဝ၄ ဧကကျယ်ဝန်းသော ကျိုက္ကဆံကွင်းတွင် အကောင်အထည်ဖော်မည့် အောင်ဆန်းအမျိုးသားစိမ်းလန်းဥယျာဉ် (Aung San National Green Park) စီမံကိန်းကို ၂ဝ၁၉ ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုစီမံကိန်းသည် မြန်မာ-ဂျပန်နှစ်နိုင်ငံ အစိုးရချင်းပူးပေါင်းအကောင်အထည်ဖော်မည့်စီမံကိန်းဖြစ်ပြီး စီမံကိန်း စတင်ပါက မြေအသုံးချမှုပရီမီယံကြေး ဒေါ်လာသန်း ၂ဝဝ ရရှိရေးညှိနှိုင်းထားကြောင်း နိုင်ငံတော် စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (NECC) အဖွဲ့မှ သိရသည်။

''ဟိုဘက်အစိုးရနဲ့ ဒီဘက်အစိုးရ GPA လုပ်တော့ ဟိုဘက်ကဝန်ကြီးချုပ်က သဘောတူလက်မှတ်ရေးထိုး လိုက်ပြီ။ ဒီဘက်ကလည်း လက်မှတ်ထိုးလိုက်ပြီးဆိုတော့ agreement ပြီးပြီ။ လုပ်ငန်းစဖို့ပဲ ကျန်တော့တယ်။ လုပ်ငန်းစဖို့က သူတို့ ကော်မတီရွေးတာတို့၊ ဘာတို့လုပ်ကြရဦး မှာပေါ့။ နောက်နှစ်တော့ စပါလိမ့်မယ်။ ၂ဝ၁၉ စမှာပေါ့''ဟု NECC အဖွဲ့ဝင်ဦးမျိုးမြင့်က News Watch သို့ ပြောသည်။

၎င်းစီမံကိန်းကို အားကစားတက္ကသိုလ်၊ ပြည်သူလူထုအနားယူနိုင်မည့် စိမ်းလန်းဥယျာဉ်၊ စီးပွားရေးဆိုင်ရာနှင့် လူနေအိမ်အထပ်မြင့် အဆောက်အအုံများဟူ၍ အပိုင်းသုံးပိုင်းဆောင်ရွက်မည်ဖြစ်ပြီး Entrance Part ၊ အထပ်မြင့်အိမ်ရာအဆောက်အဦများ၊ shopping Mall, Luxury Hotel, Ring Mall, အထပ် မြင့်ရုံးခန်းများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်ရင်ပြင်၊ လျှောက်လမ်းတံတား၊ မိုးလုံလေလုံအားကစားခန်းမ၊ အားကစား တက္ကသိုလ်၊ အားကစားအဆောက်အဦများပါဝင်မည်ဖြစ်သည်။

စီမံကိန်း၏ မြောက်ဘက်ခြမ်းရှိ (ဧရိယာ ၆၆ ဒသမ ၅ဝ ဧကကို ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းနှင့် ဧရိ ယာ ၁၆ ဒသမ ၈၇ ဧကကို ပန်းခြံစီမံကိန်း) မြေအဖြစ်လည်းကောင်း၊ ဧရိယာ ဝ ဒသမ ၈၇ ဧကကို လမ်းချဲ့ထွင်ရေးစီမံကိန်းမြေအဖြစ်လည်းကောင်း၊ ဧရိယာ ဝ ဒသမ ၉ ဧက ကို ဓာတ်ခွဲရုံအသစ်စီမံကိန်း မြေအဖြစ်လည်းကောင်း၊ ဧရိယာ ၃ ဒသမ ၃၂ ဧကကို အရှေ့အနောက်လမ်းမကြီးစီမံကိန်းအဖြစ်လည်းကောင်း အကောင် အထည်ဖော်မည်ဖြစ်သည်။

ထိုစီမံကိန်းကိုအကောင်အထည်ဖော်ရာတွင် အခြေခံသဘောတရား ၆ ချက်ဖြင့် ဆောင်ရွက်မည်ဟု သိရသည်။ စီမံကိန်း၏သုံးပုံတပုံကို ယခုထက် ၃ ဆ ခန့်သစ်ပင်များစိုက်ပျိုးထားသည့် အများပြည်သူများ လွတ်လပ် ပျော်ရွှင်စွာ အသုံးပြုနိုင်သောပန်းခြံအဖြစ် သတ်မှတ်ထားခြင်း၊ ကျန်သုံးပုံတပုံကို လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ရေကြီးမှု၊ ယာဉ်လမ်းပို့ ဆို့မှု၊ တန်ဖိုးနည်းအိမ်ရာအများအပြား လိုအပ်မှုပြဿနာကို ဖြေရှင်းပေးနိုင်သည့် စီးပွားရေးဆိုင်ရာနှင့် လူနေအိမ်အထပ်မြင့်အဆောက်အဦများ၊ အများပြည်သူ နှင့်ဆိုင် သောအဆောက်အဦများပါဝင်သည့် Sub-Centre Model အဖြစ် အကောင်အထည်ဖော်ခြင်း၊ ထပ်မံ၍ကျန် သည့်သုံးပုံတပုံကို မြန်မာနိုင်ငံ၏အနာဂတ် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် အားကစားတက္ကသိုလ်တခုတည်ဆောက်ရန်နေရာအဖြစ် သတ်မှတ်ထားပြီး ထိုအားကစားတက္ကသိုလ်ကို ရန်ကုန်မြို့၏ အားကစား၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပညာရေးတို့၏အဓိက အချက်အချာနေရာတခုဖြစ်စေရန် သတ်မှတ်ထားသည်။

ထို့အပြင် စံပြစီမံကိန်းတခု၏ပထမအဆင့် ၆ မိုင် (၁ဝ ကီလိုမီတာ)ကို အနာဂတ်မြို့သစ်များအချင်းချင်း ချိတ်ဆက်ပေးနိုင်သည့် အချက်အချာကျသောဝန်ဆောင်မှုတခုကိုပေးနိုင်ရန်၊ ပုဂ္ဂလိက ကဏ္ဍများတွင် မြန်မာနှင့် ဂျပန်ချစ်ကြည်ရေးပိုမိုခိုင်မြဲလာအောင် ဆောင်ရွက်ပေးနိုင်မည့်စီမံကိန်းတခုအဖြစ် အကောင်အထည်ဖော်ရန်၊ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ဖွံ့ဖြိုးတိုးတက်ရေး စံပြစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် သတ်မှတ်ထားကြောင်း သိရသည်။

 

Credit:  News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service