တရုတ်ပြည်တွင် လူမှုဆက်ဆံရေး အမှတ်ပေးစနစ် Social Credit System ကို စတင်လျက်ရှိနေပြီး ရမှတ်နိမ့်သူများမှာ နေအိမ်ဝယ်ယူခွင့်၊ ဟိုတယ်များတွင် တည်းခိုခွင့် ရရှိမည်မဟုတ်ဟုဆို

တရုတ်ပြည်တွင် လူမှုဆက်ဆံရေး အမှတ်ပေးစနစ် Social Credit System ကို စတင်လျက်ရှိနေပြီး ရမှတ်နိမ့်သူများမှာ နေအိမ်ဝယ်ယူခွင့်၊ ဟိုတယ်များတွင် တည်းခိုခွင့် ရရှိမည်မဟုတ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Dec 2018 12:10 pm တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် လူမှုဆက်ဆံရေး အမှတ်ပေးစနစ် Social Credit System ကို စတင်အကောင်အထည်ဖော်လျက်ရှိနေပြီး ရမှတ်နိမ့်သူများမှာ နေအိမ်ဝယ်ယူခွင့်၊ ကြယ်အဆင့်သတ်မှတ်ထားသည့် ဟိုတယ်များတွင် တည်းခိုခွင့် ရရှိမည်မဟုတ်ဟုဆိုသည်။

အဆိုပါစနစ်ကို မြို့ကြီးအချို့တွင် ၂၀၁၇ ခုနှစ်ခန့်ကတည်းက စတင်စမ်းသပ်နေခဲ့ခြင်းလည်းဖြစ်သည်။

(လူမှုဆက်ဆံရေး အမှတ်ပေးစနစ် Social Credit System ၏ အချက်အလက်များ)

စတင်စမ်းသပ်သောနေရာ- တရုတ်ပြည်အရှေ့ပိုင်း ဇီကျန်းပြည်နယ်၊ ယီဝူမြို့

လူဦးရေ- ၁ ဒသမ ၂၈ သန်း

အမှတ်ပေးပုံ- ရမှတ် ၀ မှ ၂၀၀ အထိဖြစ်

ရမှတ် ၀ မှ ၅၀ အကြား ရမှတ်နည်းပါးစွာရရှိသူတို့အတွက်ပြစ်ဒဏ်- ကြယ်ပွင့်အဆင့် သတ်မှတ်ထားသည့် ဟိုတယ်များတွင် တည်းခိုခွင့်၊ အိမ်ခြံမြေ၊ ဇိမ်ခံကား ဝယ်ယူခွင့်၊ နာမည်ကြီးစာသင်ကျောင်းများသို့ ကလေးများကို တက်ရောက်စေခွင့်များ ပိတ်ပင်ခံရမည်ဖြစ်

ရမှတ် ၁၅၀ မှ ၂၀၀ ကြားရရှိသူတို့အတွက် ဆုလာဒ်- အများပြည်သူဆိုင်ရာ လမ်းမတိုးလ်ဂိတ်များတွင် ဈေးနှုန်းလျှော့ပေးခြင်း၊ စာသင်ကျောင်းများဝင်ခွင့် ဦးစားပေးခြင်း၊ ငွေကြေးအထောက်အကူပေးခြင်း

အယူခံခွင့် ရှိ၊ မရှိ- ရှိပါသည်။ အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ပြီးနောက် ၁၅ ရက်အတွင်း အယူခံဝင်ခွင့်ရှိသည်။

နိုင်ငံခြားသားများ ပါဝင်ခြင်း ရှိ၊ မရှိ- ပါဝင်ပါသည်။ ရမှတ်နည်းပါးပါက ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်တို့အတွက် အဟန့်အတားဖြစ်လာမည်ဖြစ်သည်

အမှတ်ကောင်းရစေမည့် နည်းလမ်းများ- လုပ်အားပေးခြင်း၊ သွေးလှူခြင်း၊ အသက်မွေးဝမ်းကြောင်းကဏ္ဍတွင် ကျင့်ဝတ်ကောင်းများရှိခြင်း၊ လူကြီးသူမများကို ထောက်ပံ့ပေးခြင်းကဲ့သို့ မိသားစုအတွင်း အလေ့အကျင့်ကောင်းများရှိခြင်း၊ အများပြည်သူပိုင်ပစ္စည်းများကို စောင့်ရှောက်ကာကွယ်ခြင်းနှင့် မတော်တဆဖြစ်ရပ်များ ကြိုတင်ကာကွယ်ခြင်းများကဲ့သို့ လူ့ကျင့်ဝတ်များ ရှိခြင်း

အမှတ်လျော့မည့် အချက်များ- အခွန်ရှောင်လွှဲခြင်း၊ အစားအသောက်လုံခြုံရေးဆိုင်ရာ မတော်တဆဖြစ်ရပ်များ ဖြစ်စေခြင်း၊ အစိုးရအား လစဉ်ပေးဆောင်ရမည့် ရေဖိုး၊ မီးဖိုးအစရှိသည်များ ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ နေအိမ်တွင်း အနိုင်ကျင့် အကြမ်းဖက်ခြင်း၊ အွန်လိုင်းတွင် လိမ်လည်မှု ပြုလုပ်ခြင်း၊ အတုလုပ်ခြင်း၊ အခြားသူတို့၏ အနုပညာလက်ရာများ-စိတ်ကူးစိတ်သန်းများကို ခိုးယူခြင်း၊ ပါတီစည်းမျဉ်းများ ဖောက်ဖျက်ခြင်း (ကွန်မြူနစ်ပါတီဝင်များကို ဆိုလိုဟန်ရှိသည်)၊ ယာဉ်စည်းကမ်းချိုးဖောက်ခြင်း၊ မရိုးသားသည့် လုပ်ရပ်များပြုမူခြင်း

တရုတ်အစိုးရသည် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် National Credit Information Sharing Platform အမည်ရှိ စနစ်တစ်ရပ်ကို ဖော်ဆောင်ကာ ပြည်နယ်နှင့် ဗဟိုအစိုးရအကြား ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့အပြင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများနှင့် မီးနီဖြတ်မောင်းသော ဆိုင်ကယ်သမားများကို ဖော်ထုတ်နိုင်ရန်အတွက် မျက်နှာပုံဖော် မှတ်မိသိရှိခြင်း facial-recognition နည်းပညာကို အသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ယခုစနစ်ကို အကောင်အထည်ဖော်ခြင်း၏ ပဓာနအကျဆုံး ရည်ရွယ်ချက်မှာ ပြည်သူပြည်သားများအနေဖြင့် ဥပဒေကို လေးစား လိုက်နာကြစေရန် ဖြစ်သည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service