အိမ်ခြံမြေဈေးကွက်ကို ထိန်းရန်အတွက် တောင်ကိုရီးယားဘဏ်များ အတိုးနှုန်းမြှင့်တင်

အိမ်ခြံမြေဈေးကွက်ကို ထိန်းရန်အတွက် တောင်ကိုရီးယားဘဏ်များ အတိုးနှုန်းမြှင့်တင် - Property News in Myanmar from iMyanmarHouse.com
3 Dec 2018 12:48 pm တွင် တင်ခဲ့သည်
714 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကာ ဗဟိုဘဏ် (Bank of Korea-BOK) က အတိုးနှုန်း ၁ ဒသမ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးလိုက်ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် အတိုးနှုန်းများ မြှင့်တင်ခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားပြည်သူတို့တွင် အကြွေးမြင့်မားလာခြင်းနှင့်အတူ အိမ်ခြံမြေဈေးနှုန်း မထိန်းချုပ်နိုင်တော့ခြင်းများ ဖြစ်ပွားလာပြီးနောက် ယခုကဲ့သို့ ဘဏ်တိုးနှုန်းများ မြှင့်တင်လိုက်ခြင်းလည်း ဖြစ်သည်။

စီးပွားရေးမှာ ပို့ကုန်တို့ဖြင့် ရှင်သန်နေဆဲဖြစ်သော်လည်း ပြည်တွင်း ဆောက်လုပ်ရေးနှင့် ကုမ္ပဏီများအား ချေးငွေထုတ်ပေးသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ကျဆင်းလျက်ရှိနေသည်။

အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာနေသည့် တစ်ချိန်တည်းမှာပင် ပြည်သူတို့၏ ကြွေးမြီများမှာ မြင့်တက်လာနေပြီး စက်တင်ဘာလကုန်တွင် ကြွေးမြီ ကန်ဒေါ်လာ ၁ ဒသမ ၃၃ ထရီလီယံခန့်အထိ ရှိနေသည်။

BOK ၏ ငွေကြေးမူဝါဒဘုတ်အဖွဲ့က သုံးသပ်ခဲ့ရာတွင် ပြည်တွင်းစီးပွားရေးသည် ဖွံ့ဖြိုးနိုင်သည့် အလားအလာရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ခဲ့မှုတို့မှာ ညီမျှခြင်းကျသည်ဟု သုံးသပ်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းတွင် ကိုရီးယားဗဟိုဘဏ်က ခန့်မှန်းခဲ့ရာတွင် ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၃ ဒသမ ၀ ရာခိုင်နှုန်းအကြား ကျဆင်းသွားကြောင်း ခန့်မှန်းထားသည်။

ယခုဆုံးဖြတ်ချက်မတိုင်မီ BOK ၏ အကြီးအကဲ လီဂျူယောက အတိုးနှုန်းများ မြှင့်တင်မည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောခဲ့ဖူးသည်။

ဆယ်စုနှစ်တစ်ခုခန့် အတိုးနှုန်းနိမ့်ပါးမှု ဖြစ်ပေါ်ခဲ့ခြင်းသည် မျှခြေမညီမှုကို ဖြစ်ပွားစေခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service