ကမ္ဘောဒီးယားတွင် တည်းခိုခန်းများ၊ ဟိုတယ်ခန်းများ၏ တည်းခိုခဈေးနှုန်းများ စောင့်ကြည့်မည့် အထူးအဖွဲ့ ဖွဲ့စည်း

ကမ္ဘောဒီးယားတွင် တည်းခိုခန်းများ၊ ဟိုတယ်ခန်းများ၏ တည်းခိုခဈေးနှုန်းများ စောင့်ကြည့်မည့် အထူးအဖွဲ့ ဖွဲ့စည်း - Property News in Myanmar from iMyanmarHouse.com
3 Dec 2018 12:43 pm တွင် တင်ခဲ့သည်
944 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘောဒီးယားနိုင်ငံ၊ ပရီယာ သီဟာနုပြည်နယ်တွင် တည်းခိုခ ဈေးနှုန်းများ အလွန်လျင်မြန်စွာ တရှိန်ထိုးမြင့်တက်လာလျက်ရှိနေခြင်း အပေါ် ဝေဖန်မှုများ ပျံ့နှံ့လျက်ရှိသောကြောင့် ပြည်နယ်အာဏာပိုင်တို့က တည်းခိုခန်းများ၊ ဟိုတယ်များ၏ ဈေးနှုန်းမှာ ဖြစ်သင့်သည့် နှုန်းထားဟုတ်၊ မဟုတ် ဆုံးဖြတ်ရေးအတွက် သတင်းအချက်အလက်စုဆောင်းမည့် အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ပရီယာ သီဟာနုပြည်နယ်သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်း၊ ထိုင်းပင်လယ်ကွေ့တွင် တည်ရှိပြီး ကမ္ဘောဒီးယားဘုရင် နော်ရိုဒမ် သီဟာနုကို ဂုဏ်ပြုသောအားဖြင့် အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။

အဆိုပါ အထူးအဖွဲ့သည် ပြည်နယ်အတွင်းရှိ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘန်ဂလိုအိမ်များနှင့် အပန်းဖြေစခန်းများ၏ အခန်းခများကို လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်တမ်းကောက်ယူသွားမည် ဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ဟာ အချက်အလက်တွေစုဆောင်းပြီး နောက်တစ်ဆင့် ခြေလှမ်းတွေအတွက် ဆုံးဖြတ်နိုင်ဖို့ အုပ်ချုပ်ရေးမှူးဆီ တင်သွင်းရမှာ ဖြစ်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင် ဆာရိုအန်က ပြောကြားသည်။

ဟိုတယ်နှင့် တည်းခိုခန်းများသည် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်သည့်နေရာဖြစ်သောကြောင့် ပထမဆုံးစတင်ကာ အချက်အလက် စုဆောင်းသွားမည်ဖြစ်ကြောင်းလည်း ဆာရိုအန်က ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး သောင်ခွန်က ပြောကြားရာတွင် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ပမာဏ လျင်မြန်စွာမြင့်တက်လာနေသော်လည်း တည်းခိုခန်းနှင့် ဟိုတယ်အရေအတွက် မလုံလောက်ခြင်းကြောင့် အခန်းခဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟုပြောကြားသည်။

“၂၀၁၉ မှာတော့ ဟိုတယ်ခန်းပေါင်း ၂၅၀၀ လောက် ထပ်မံရရှိလာမှာဖြစ်ပြီး ၂၀၂၀ ပြည့်မှာလည်း ဟိုတယ်တွေ ထပ်မံပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်ကစပြီး တည်းခိုဖို့နေရာ မလုံလောက်တာအတွက် ရတက်မအေးဖြစ်စရာ မရှိတော့ပါဘူး” ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service