နယူးယောက်မြို့ Upper West Side ရှိ အိမ်ရာဘုတ်အဖွဲ့နှင့် ၃ နှစ်ခန့် အမှုဖြစ်နေသော ပေါ့ပ်နတ်ဖုရားမ မက်ဒေါနား အမှုရှုံးနိမ့်

နယူးယောက်မြို့ Upper West Side ရှိ အိမ်ရာဘုတ်အဖွဲ့နှင့် ၃ နှစ်ခန့် အမှုဖြစ်နေသော ပေါ့ပ်နတ်ဖုရားမ မက်ဒေါနား အမှုရှုံးနိမ့် - Property News in Myanmar from iMyanmarHouse.com
3 Dec 2018 12:35 pm တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး

နယူးယောက်မြို့ Upper West Side ရှိ အိမ်ရာဘုတ်အဖွဲ့နှင့် ၃ နှစ်ခန့် အမှုဖြစ်နေသော ပေါ့ပ်နတ်ဖုရားမ မက်ဒေါနား၏ တရားစွဲဆိုမှုကို တရားသူကြီးက ပယ်ချလိုက်ခြင်းကြောင့် အမှုရှုံးနိမ့်သွားပြီ ဖြစ်သည်။

အဆိုပါ အိမ်ရာဘုတ်အဖွဲ့က မက်ဒေါနားကိုယ်တိုင် အမှန်တကယ်လာရောက်နေထိုင်ခြင်းမရှိဘဲ ၎င်း၏ မိသားစု (သို့မဟုတ်) ဝန်ထမ်းများ နေထိုင်ခြင်းကို ပိတ်ပင်တားမြစ်သည့် စည်းမျဉ်းထုတ်ပြန်လိုက်သောကြောင့် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် Harperley Hall အဆောက်အအုံဘုတ်အဖွဲ့ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မက်ဒေါနားက နေအိမ်တွင် မနေထိုင်သည့် အကြောင်းရင်းမှာ အမြဲလိုလို ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်များ ထွက်နေရသောကြောင့် ဖြစ်ကြောင်း လျှောက်လှဲတင်ပြသော်လည်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် တရားသူကြီးက သူ၏ တိုင်ကြားမှုကို ပယ်ချခဲ့သည်။

ပယ်ချခဲ့ရခြင်း၏ အကြောင်းရင်းမှာ အိမ်ရာဘုတ်အဖွဲ့က စည်းမျဉ်းထုတ်ပြီး ၂ နှစ်ကြာမှ အမှုဖွင့်သောကြောင့် ကာလစည်းကမ်းသတ် ဥပဒေအရ သတ်မှတ်ကာလ ကျော်လွန်သွားပြီဖြစ်သောကြောင့်ဖြစ်သည်။

တရားသူကြီး လီဘိုဗစ်က စစ်ဆေးတွေ့ရှိခဲ့သည်မှာ အိမ်ရာဘုတ်အဖွဲ့သည် ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင် ဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့မှုများ အပါအဝင် မက်ဒေါနားကို လုံလောက်သည့် သတင်းအချက်အလက်များ ပေးအပ်ခဲ့ပြီးဖြစ်သည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

မက်ဒေါနားသည် နယူးယောက်မြို့၊ မန်ဟက်တန်ရှိ အဆိုပါလူနေခန်းကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဘုတ်အဖွဲ့က အိမ်ရာစည်းမျဉ်းကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ခန်းတွင် အသက် ၂၁ နှစ်နှင့်အထက် လူကြီးတစ်ဦးဦး ရှိမနေဘဲ ၁၆ နှစ်အောက်အရွယ်ရှိ မည်သူကိုမျှ နေထိုင်ခွင့်မရှိကြောင်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မက်ဒေါနားတွင် သားသမီး ၄ ဦးရှိပြီး ရိုကို၊ လော်ဒက်စ်၊ ဒေးဗစ် ဘန်ဒါနှင့် မာစီ ဂျိမ်းစ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service