မီထဘလဇင် ဗိသုကာ

မီထဘလဇင် ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
3 Dec 2018 10:37 am တွင် တင်ခဲ့သည်
722 ကြိမ် ကြည့်ရှု့ပြီး

မီထဘလဇင်သည် မော်ဒန်ဗိသုကာလှုပ်ရှားမှု တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတွင် စတင်အခြေတည် ခဲ့ကာ ၁၉၆၀ ပြည့်လွန်ကာလများအတွင်း များစွာသြဇာလွှမ်းခဲ့သည့် ဗိသုကာဟန်ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ၁၉၅၀ ပြည့်လွန် နှောင်းပိုင်းကာလများမှ ၁၉၇၀ ပြည့်လွန် အစောပိုင်းကာလများအထိ ဖြစ်သည်။ မီထ ဘလဇင်ဟူသော စကား၏အဓိပ္ပာယ်မှာ ရှင်သန်နေသော ဆဲလ်များကို ထိန်းသိမ်းသည့် ဖြစ်စဉ်ဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက်ပိုင်း ဂျပန်လူငယ် ဗိသုကာ ပညာရှင်များက အဆောက်အအုံများ၊ မြို့ပြများကို ရှင်သန်နေသည့်အရာတစ်ခုအဖြစ် မည်သို့ပုံဖော်ဒီဇိုင်းရေး ဆွဲရမည်ဟူခြင်းနှင့် စပ်လျဉ်း၍ ၎င်းတို့၏ယုံကြည်ချက်များ ကို လှစ်ဟပြသရန်အတွက် မီထဘလဇင်ဟူသော စကားလုံးကို အသုံးပြုခဲ့ကြသည်။ စစ်ကြီးအပြီး ဂျပန်မြို့ပြများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှတစ်ဆင့် မြို့ပြဒီဇိုင်းနှင့် အများပြည်သူဆိုင်ရာ နေရာများ၏ အနာဂတ်နှင့်စပ်လျဉ်း၍ စိတ်ကူးသစ်များ မွေးဖွား လာစေခဲ့သည်။

မြို့ပြများနှင့်အဆောက်အအုံများသည် ငြိမ်သက်နေသည့် အရာများမဟုတ်ဘဲ အမြဲပြောင်းလဲရှင်သန်နေသည့် အရာများဖြစ်ကြောင်း မီထဘလစ် ဗိသုကာပညာရှင်များနှင့် ဒီဇိုင်းပညာရှင်များက ယုံကြည်ကြသည်။

စစ်ပြီးခေတ် အဆောက်အအုံများသည် ကန့်သတ်ထားသောကာလသက်တမ်း အသီးသီးရှိကြပြီး ပြန်လည်ဒီဇိုင်းဆွဲအစားထိုး ဆောက်လုပ်နိုင်ရန်စီစဉ်ထားသည်။ မီထဘလဇင် ဗိသုကာဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတို့သည် အသင့်တပ်ဆင်နေထိုင်နိုင်ရန် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားပြီးအခန်းများ၏ သက်တမ်းကုန်ဆုံး သွားပါက အလွယ်တကူဖြုတ်ယူကာ ပြန်လည်အစားထိုးနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်။ ၁၉၆၀ ပြည့်လွန်ကာလများအတွင်း များစွာကျော် ကြားခဲ့သည့် အဆိုပါ အတွေးအမြင်သစ်ကို မီထဘလဇင်ဟု လူသိများလေသည်။

မီထဘလဇင်ဗိသုကာဟန်၏ အကောင်းဆုံးပြယုဂ်များ

မီထ ဘလဇင်ဗိသုကာဟန်၏ အကောင်းဆုံးပြယုဂ်တစ်ခုမှာ တိုကျိုမြို့ရှိ နာကာဂျင် ကက်ပ်ဆူးတာဝါဖြစ်ပြီး ကီရှို ကူရိုကာဝါက ဒီဇိုင်းရေးဆွဲခဲ့သည်။ အသင့်တပ်ဆင်ပြီး ဆဲလ်အတောင့်သဏ္ဌာန်အခန်း ၁၀၀ ကျော်ကို ကွန်ကရစ်ဝင်ရိုးတစ်ခုကို ဗဟိုပြုကာတည်ဆောက်ထားခြင်းဖြစ်ပြီး အ၀တ်လျှော်စက်တစ်ခုနှင့် များစွာအသွင်တူ နေသည်။ မြောက်အမေရိကတွင် မီထဘလစ်ဗိသုကာ၏ အကောင်းဆုံးပြယုဂ်မှာ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်လ်မြို့ရှိ ၁၉၆၇ ခုနှစ် ပြပွဲ ၁၉၆၇ Exposition in Montreal, Canada အတွက် ဆောက်လုပ်ခဲ့သည့် အိမ်ရာစီမံကိန်းဖြစ်သည်။ မိုရှီ ဆက်ဖ်ဒီအမည်ရှိ လူငယ်ကျောင်းသားတစ်ဦး က Habitat '67 အမည်ရှိ ဒီဇိုင်းဖြင့် ဗိသုကာလောကသို့ ၀င်လာ ခဲ့သည်။

မီထဘလစ်၏ သမိုင်း

တိုကျိုတွင် ကျင်းပခဲ့သော ၁၉၆၀ ပြည့်နှစ် ကမ္ဘာ့ဒီဇိုင်း ကွန်ဖရင့်တွင် ဥရောပ၏ အတွေးအခေါ်ဟောင်းဖြစ်သော တည်ငြိမ်မြို့ပြဒီဇိုင်းမူကို လူငယ်ဂျပန်ဗိသုကာပညာရှင်အုပ်စု က စိန်ခေါ်ခဲ့ကြသည်။ ဂျပန်ဗိသုကာပညာရှင် ဖူမီဟီကို မာကီ၊ မာဆာတို အိုတာကာ၊ ကီယိုနာရီ ကီကူတာကီနှင့် ကီရှိုကူရိုကာဝါတို့၏ အတွေးအခေါ်၊ အယူအဆများ ပေါင်းစည်းထားသည့် ၁၉၆၀ Metabo-lism 1960: Proposals for a New Urbanism ကို ထုတ်ဝေခဲ့ ကြသည်။ မီထ ဘလစ်ဗိသုကာပညာရှင်ဖြစ်လာမည့်သူများစွာသည် တိုကျိုတက္ကသိုလ်တွင် ဗိသုကာပညာရှင် ကန်ဇို တန်ဂျီထံ ၌ ပညာဆည်းပူးခဲ့ကြသူများ ဖြစ်ကြသည်။

လှုပ်ရှားမှု ကြီးထွားလာခြင်း

အာကာသမြို့ပြများနှင့် တွဲလွဲဆွဲနေအိမ်များကဲ့သို့ အချို့သော မီထဘလစ် မြို့ပြစီမံကိန်းရေးဆွဲထားမှုများမှာ အနာဂတ်ဆန်လွန်းလှကာ လက်တွေ့နှင့်သွေဖည်နေပြီး အမှန် တကယ်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းလည်း လုံးဝမရှိခဲ့ချေ။

၁၉၆၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဒီဇိုင်းကွန်ဖရင့်တွင် ဗိသုကာပညာရှင် ကန်ဇိုတန်းဂ်ျက တိုကျိုပင်လယ်အော်တွင် လွင့်မျောနေသည့် မြို့တော်ကြီးတစ်ခုဖန်တီးရန် သီအိုရီကို ချပြ ခဲ့သည်။

ကီရှို ကူရိုကာဝါချပြခဲ့သော Helix City ဒီဇိုင်းမှာ လည်း မြို့ပြသစ်များအတွက် ဇီဝ-ဓာတု-ဒီအင်န်အေဆိုင်ရာ မီထဘလစ် အဖြေတစ်ရပ် ဖြစ်ခဲ့သည်။ ထိုကာလတစ်ချိန်တည်းမှာပင် အမေရိကရှိ သီအိုရီ ဗိသုကာပညာရှင်များကလည်း ၎င်းတို့၏ သီအိုရီများကို ကျယ်ပြန့်စွာ ချပြလာကြသည်။ ယင်းသို့ချပြလာကြသည်များတွင် သြစတေးလျဖွား ဗိသုကာပညာရှင် ဖရိုင်းဒရစ် စိန့်ဖလိုရီယန်၏ အထပ်ပေါင်း ၃၀၀ မြင့်မားသော ဒေါင်လိုက်မြို့တော်သီအိုရီလည်း ပါဝင်သည်။

မီထ ဘလဇင်၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်

Kenzo Tange Lab ရှိ လက်ရာအချို့သည် အမေရိ ကန်ဗိသုကာပညာရှင် လူးဝစ်ခန်၏ သြဇာလွှမ်းမိုးမှုများရှိသည် ဟု ဆိုကြသည်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အကြား ခန်းနှင့် သူ၏အပေါင်းအဖော်များသည် ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်ရှိ Richards Medical Research Lab အတွက် ကြိုတင်ဆောက် လုပ်ထားသည့် ပုံစံတူ အစိတ်အပိုင်းများ ပေါင်းစည်းထားသော မော်ဂျူလာ တာဝါများ ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ မီထ ဘလဇင်လောကတွင်လည်း အတွင်းဆက်နွှယ် မှုများရှိနေသည်။ သာဓကအားဖြင့် ခန်းကိုယ်တိုင်သည်ပင်လျှင် သူ၏ မိတ်ဆွေ အင်နီ တန်၏ လက်ရာများမှ သြဇာလွှမ်းမှုများ ရှိနေသည်။

အခြားတစ်ဦးမှာ အစ္စရေးလူမျိုး၊ ကနေဒါနိုင်ငံသား ဗိသုကာပညာရှင် မိုရှေး ဆပ်ဖ်ဒိုင်း (ခန်း၏တပည့်)က ကနေဒါ နိုင်ငံ၊ ကွိဘက်ပြည်နယ်၊ မွန်ထရီယယ်လ်မြို့တွင် ဒီဇိုင်းဆွဲဆောက် လုပ်ခဲ့သော Habitat '67 မှာ မီထ ဘလဇင်၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်လာသည့်အပြင် ကနေဒါ၏ အထင်ရှားဆုံး အဆောက်အအုံများတွင် တစ်ခုအပါအ၀င်လည်း ဖြစ်လာသည်။ အချို့ကဆိုသည်မှာမူ ဗိသုကာပညာ၏ ဖခင်ကြီးဟု တင်စားကြသော အမေရိကန်ဗိသုကာပညာရှင် ဖရန့်ခ် လွိုက် ရိုက်ထ်က အမေရိကန်ပြည်၊ ၀စ်္စကွန်ဆင်ပြည်နယ်၊ ရာဆိုင်း မြို့တွင် ၁၉၅၀ ပြည့်နှစ်၌ ဆောက်လုပ်ခဲ့သည့် Johnson Wax Research Tower အမည်ရှိ ၁၄ထပ်အဆောက်အအုံကြီးတွင် မီထဘလဇင်၏ သရုပ်သကန်များကို ဒီဇိုင်းရေးဆွဲ ဆောက်လုပ် ခဲ့ဖူးပြီးလည်း ဖြစ်သည်ဟု ဆိုကြသည်။

မီထ ဘလဇင်၏ နိဂုံးလော

၁၉၇၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာ၌ ကျင်းပ ခဲ့သည့် International Exposition ဗိသုကာပြပွဲကြီးသည် မီထဘလစ် ဗိသုကာပညာရှင်တို့၏ နောက်ဆုံးစုစည်းခဲ့မှုလည်း ဖြစ်လေသည်။ ယင်းနောက်ပိုင်းတွင် မီထဘလစ် လှုပ်ရှားမှုမှ ဗိသုကာ ပညာရှင်တို့သည် တစ်ဦးချင်းလွတ်လပ်စွာသာ လှုပ်ရှားခဲ့ကြ တော့သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် ၂၁ ရာစု၏ အတွေးအခေါ်များသည် စင်စစ်ကား စိတ်ကူးအသစ်အဆန်းများ မဟုတ်ကြဘဲ အတိတ်၏ စိတ်ကူးဥာဏ်များကို ကွန့်မြူးပေါ်ပေါက် လာကြခြင်းများသာ ဖြစ်သည်။ အဆုံးသတ်ခြင်းဆိုသည်မှာ အသစ်တစ်ဖန်စတင်ခြင်း တစ်မျိုးလည်းဖြစ်နေလေ့ရှိသည် မဟုတ်ပါလော။

ယာမာနာရှီ ပုံနှိပ်နှင့် ရုပ်သံထုတ်လွှင့်ရေးစင်တာ

၁၉၆၁ ခုနှစ်တွင် ဂျပန်ဗိသုကာပညာရှင် ကန်ဇိုတန်း သည် Yamanashi News Group က တိုကျိုမြို့တော်အနောက် ဘက်၊ ယာမာနာရှီအရပ်တွင် ဆောက်လုပ်မည့်ရုံးခန်းအဆောက် အအုံသစ်ကြီးအတွက် ဒီဇိုင်းရေးဆွဲပေးရန် ကမ်းလှမ်းချက် တစ်ရပ် လက်ခံရရှိခဲ့သည်။ မြေညီထပ်တွင် ကော်ဖီဆိုင်နှင့် ဈေးဆိုင်များ ထည့် သွင်းပေးရမည့်အပြင် အနာဂတ်၌ ဆက်လက်တိုးချဲ့ ဆောက်လုပ်လိုပါက ဆောက်လုပ်နိုင်မည့် ပြောင်းလွယ်ပြင်လွယ် ဒီဇိုင်းမျိုးဖြစ် ရန်လည်း လိုအပ်သည်။ သတင်းဌာန ၂ ခုနှင့် ပုံနှိပ်ထုတ်ဝေရေးကဏ္ဍတစ်ခု တို့အတွက် အချို့သောနေရာများကို ဘုံအဖြစ်အသုံးပြုနိုင်ရန် ကန်ဇိုတန်းက စီစဉ်ခဲ့ပြီး ပုံနှိပ်ကဏ္ဍကိုမူ ပို့ဆောင်ရေးလွယ်ကူ စေရန်အတွက် လမ်းနှင့် နီးကပ်သည့် မြေညီထပ်တွင် ထားရှိပေးခဲ့၏။ ယင်းနောက် ဓာတ်လှေကားများ၊ အိမ်သာများနှင့် ပိုက်လိုင်းများအားလုံးကို အချင်း ၅ မီတာစီရှိသော ကွန်ကရစ် ဆလင်ဒါတာဝါ ၁၆ ခုတွင် စုစည်းထားရှိခဲ့သည်။

ရှီဇိုက ပုံနှိပ်နှင့် ရုပ်သံလွှင့် တာဝါ

၁၉၆၆ ခုနှစ်တွင် တိုကျိုမြို့၊ ဂျင်ဇာခရိုင်တွင် ဆောက်လုပ်မည့် ရှိဇိုက ပုံနှိပ်နှင့် ရုပ်သံလွှင့်တာဝါကြီးကို ကန်ဇိုတန်းက ဒီဇိုင်းရေးဆွဲပေးခဲ့ပြန်သည်။ ယခုအဆောက်အအုံကြီးတွင်မူ ကန်ဇိုတန်က ၀င်ရိုး ချက်တစ်ခုတည်းသာ အသုံးပြုပြီး စတီးနှင့် မှန်သေတ္တာများ အသွင် ဒီဇိုင်းရေးဆွဲခဲ့သည်။ အဆောက်အအုံကြီး၏ ကွန်ကရစ် ဖွဲ့စည်းမှုအတွက် အလူမီနီယံကို အသုံးပြုထားသည်။

နာကာဂျင် ကက်ပ်ဆူးလ် တာဝါ

၁၉၇၂ ခုနှစ်အတွင်း၊ တိုကျိုမြို့၊ ဂျင်ဇာခရိုင်တွင် ရက်ပေါင်း ၃၀ အတွင်း အပြီးသတ်ဆောက်လုပ်ခဲ့သည့် နာကာဂျင် တာဝါသည် မီထ ဘလဇင်၏ အထိမ်းအမှတ်လက်ရာတစ်ခု ဖြစ်သည်။ ရှီဂါစီရင်စုရှိ စက်ရုံတစ်ခုတွင် ကြိုတင်တပ်ဆင် ဆောက်လုပ်ထားခဲ့ပြီး သင်္ဘောကွန်တိန်နာပုံးများအသွင် ဆောက် လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၁ ထပ်နှင့် ၁၃ ထပ်အမြင့်အသီးသီးရှိသော ၀င်ရိုး ၂ ခုပေါ်တွင် ဆောက်လုပ်ထားပြီး ကက်ပ်ဆူးလ်အခန်းပေါင်း ၁၄၀ ဖြင့် ဖွဲ့စည်းထားသည်။ ယင်း ကက်ပ်ဆူးလ်အခန်းငယ်တစ်ခုစီတွင် ထိုခေတ် က နောက်ဆုံးပေါ် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေး ထားပြီး ရုံးခန်းငယ်များအဖြစ် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဆောက် လုပ်ခဲ့ခြင်း ဖြစ်သည်။

 

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service