တန်ဖိုးမျှတအိမ်ရာတိုက်ခန်းသော့ ယနေ့ စတင်ထုတ်ယူနိုင်ပြီ

တန်ဖိုးမျှတအိမ်ရာတိုက်ခန်းသော့ ယနေ့ စတင်ထုတ်ယူနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
3 Dec 2018 9:57 am တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိခဲ့သူများအနေနှင့် တိုက်ခန်းသော့ကို မန္တလေးမြို့တော်စည်ပင်၊ အဆောက်အအုံနှင့် ကုန်ရုံဌာနတွင် ယနေ့ (ဒီဇင်ဘာလ ၃ ရက်)မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာန ကြေညာချက်အရ သိရသည်။

ယင်းတိုက်ခန်းများကို သြဂုတ်လအတွင်းက ဝယ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်သော်လည်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းမပြီးစီးခြင်းကြောင့် တိုက်ခန်းသော့အပ်နိုင်ရန် ကြန့်ကြာနေရသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ ပြည်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အဆိုပါတိုက်ခန်းများကို ဝယ်ယူခွင့်ရရှိခဲ့သူများက စက်တင်ဘာလလယ်ပိုင်းတွင် ငွေအကျေပေးသွင်းရသကဲ့သို့ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူသူများအနေနှင့်လည်း ကနဦး ငွေးသွင်းခြင်းနှင့် လစဉ်ငွေသွင်းခြင့်ကို ပေးချေရကြောင်း၊ ငွေသွင်းပြီး သုံးလခန့်ကြာမှသာ တိုက်ခန်းသော့ ရရှိခြင်းဖြစ်ကြောင်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများက ပြောကြားသည်။

ငွေသွင်းပြီးပါက မိမိဝယ်ယူခွင့် ရရှိထားသော တိုက်ခန်းတွင် ချက်ချင်းနေခွင့်ရချင်သော်လည်း ယခုကဲ့သို့ သုံးလကျော်ကြာမှသာ နေခွင့်ရရှိခြင်းဖြစ်ကြောင်း၊ ငွေသွင်းပြီးသည့်နောက် မည်သည့်အချိန်တွင် တိုက်ခန်းသော့ရမည်ဆိုသည်ကို မသိရှိရကြောင်း ဝယ်ယူခွင့်ရရှိသူအချို့က ပြောကြားသည်။

“ စည်ပင်သာယာက တိုက်ခန်းတွေ ဆောက်ပေးတာ၊ မဲဖောက်ပေးတာ ကျေးဇူးတင်တယ်။ သို့ပေမဲ့ သူက အကုန်အသာစီးယူထားတာ။ သူတို့ သတ်မှတ်ထားတဲ့ရက်တွေ ငွေသွင်းရတယ်။ သူတို့ သတ်မှတ်ချက်တွေ အကုန်လိုက်နာရတယ်။ ဘယ်ကိုသွားပါ၊ ဘယ်သူ့လက်မှတ်ထိုးပါဆိုတာ အကုန်လုပ်ရတယ်။ ဒီဘက်က အကုန်လုံးပြီးပေမယ့် သူတို့ မပြီးတဲ့ဟာကျ ဘယ်ဟာမှတာဝန်ခံမပေးဘူး။ ဘာကြောင့်ကြန့်ကြာနေတယ်။ ဘယ်လိုအခြေအနေရှိတယ်။ ဘယ်တော့ပြီးပါမယ်ဆိုတာ ကြေညာချက်တစ်စောင်တောင်ထုတ်မပေးနိုင်ဘူး”ဟု တိုက်ခန်းဝယ်ယူခွင့်ရရှိသူ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

မြရည်နန္ဒာတန်ဖိုးမျှတတိုက်ခန်းများကို ၆၇၂ ခန်း ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ငွေပေးချေခြင်းမပြုသည့် တိုက်ခန်းနှင့် ပြန်လည်အပ်နှံသည့် တိုက်ခန်းပေါင်း ၁၀၀ ကျော်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်မှ သိရသည်။

Credit:  The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service