ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံအချို့သည် မြေယာလျော်ကြေးပေးခြင်းနှင့် မြေယာဝယ်ယူခြင်းကို ရှင်းလင်းစွာ မသိရှိရဘဲ ကုမ္ပဏီများက ပွဲစားမှတစ်ဆင့် မြေများ ကြိုတင်ဝယ်ယူမှုရှိနေ

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံအချို့သည် မြေယာလျော်ကြေးပေးခြင်းနှင့် မြေယာဝယ်ယူခြင်းကို ရှင်းလင်းစွာ မသိရှိရဘဲ ကုမ္ပဏီများက ပွဲစားမှတစ်ဆင့် မြေများ ကြိုတင်ဝယ်ယူမှုရှိနေ - Property News in Myanmar from iMyanmarHouse.com
30 Nov 2018 1:00 pm တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်းရှိသည့် ဒေသခံအချို့သည် မြေယာလျော်ကြေးပေးခြင်းနှင့် မြေယာဝယ်ယူခြင်းကို ရှင်းရှင်းလင်းလင်း မသိရှိရဘဲ ကုမ္ပဏီက ပွဲစားများမှတစ်ဆင့် မြေယာများ ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်း နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ထားဝယ် အထူးစီးပွားရေးဇုန်အပေါ်၌ ရပ်ရွာလူထု၏ အသံနှင့် ရှုထောင့်အထွေထွေ အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားမှ သိရသည်။

“စီမံကိန်း ဆိုတဲ့ဟာတွေက ဘူဒိုဇာတွေလာမှ သိတယ်ဆိုတဲ့ဟာမျိုး စီမံကိန်းကို ဘယ်သူမှ အကြောင်းမကြားဘူး ကုမ္ပဏီက ရောက်လာတယ်။ မြေတွေကို ဝယ်တယ်။ ကျွန်တော်တို့ ဒီမှာရှင်းဖို့လိုတာက မြေကိုဝယ်တာနဲ့ လျော်ကြေးပေးတာနဲ့က မတူဘူး။ ဒါပေမဲ့ ဒီမှာဘာတွေဖြစ်လဲ ဆိုတော့ ကုမ္ပဏီကကြိုပြီးတော့ သိနေတော့ ရွာထဲကို ဝင်တယ်။ ပွဲစားတွေက တစ်ဆင့် နီးစပ်သူတွေကနေ သွားလိုက်တယ်။ မြေကို ကြိုဝယ်ခိုင်းလိုက်တယ်။ လျော်ကြေးပေးရင် ရှုပ်ထွေးတဲ့ဟာတွေ ညှိနှိုင်းရတာတွေ များတယ်။ ဝယ်လိုက်ရင် ကြိုက်ရောင်း ကြိုက်ဝယ် ရှင်းတယ်” ဟု Earth Rights International (ERI) ၏ အကြံပေး ဦးဘိုဘိုက ပြောကြားသည်။

စီမံကိန်း၌ ပါဝင်သော မြေယာများကို လျော်ကြေးပေးရာတွင် သက်ဆိုင်ရာကုမ္ပဏီက တိုက်ရိုက် လျော်ကြေးငွေပေးခြင်း၊ အစိုးရနှင့် ကုမ္ပဏီပေါင်းပြီး လျော်ကြေးငွေပေးခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လျော်ကြေးပေးခြင်းနှင့် ပွဲစားများမှတစ်ဆင့် လျော်ငွေပေးချေမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် အဆိုပါ လျော်ကြေးငွေများသည် အစိုးရ အသိအမှတ်ပြု ဥပဒေနှင့်အညီ ပေးချေခြင်းလား ဆိုသည်ကို ဒေသခံများအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရှိရကြောင်း အထက်ပါ အခမ်းအနားမှ သိရသည်။

“ရွာလူကြီးက ခေါ်ပေးတာသည်၊ ကုမ္ပဏီက ခေါ်ပေးတာသည် အစိုးရက လျော်ကြေးပေးတာလား။ ဒါမှမဟုတ်ရင်လည်း ကုမ္ပဏီက ပေးတဲ့ဟာကိုပဲ ရွာလူကြီးက ရှင်းပေးလိုက်တာလား။ ဒါသည် အစိုးရရဲ့ သဘောတူညီချက်နဲ့ ပေးတာလား။ ရှင်းရှင်းလင်းလင်း ကွဲမြင်တာ မရှိဘူး။ ကုမ္ပဏီက ပေးတာသည် လျော်ကြေးလား။ မြေကို ဝယ်လိုက်တာလား အဲဒီလိုမျိုး ရှင်းနေတာ မရှိဘူး။ လျော်ကြေးလို့ ပြောရင် ဥပဒေအရ လိုက်နာရတာတွေ ရှိတယ်။ အဲဒီလူကို ရွှေ့တယ်ဆိုရင် ဒီလူကို ရွှေ့ဖို့အတွက် ပြောရဆိုရတာတွေ ရှိတယ်” ဟု ဦးဘိုဘိုက ပြောကြားသည်။

အဆိုပါ အစီရင်ခံစာကို Earth Rights International (ERI) က သုတေသနပြုလုပ်ပြီး အစီရင်ခံစာ ထုတ်ဝေခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်မှ ဒီဇင်ဘာလအထိ သုတေသနများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက အစီရင်ခံစာ မူကြမ်းကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သုတေသန ပြုလုပ်စဉ်အတွင်း အမျိုးသား ၈၈ ဦး ပါဝင်ပြီး အမျိုးသမီး ၄၃ ဦးကို တွေ့ဆုံ အင်တာဗျူးခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်း မေးမြန်းမှုနှင့် အုပ်စုဖွဲ့ ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ကနဦး စီမံကိန်းမြေငှားစာချုပ် ချုပ်ဆိုနိုင်ရေး အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်များနှင့်အညီ အပြီးသတ်ပြင်ဆင်လျက်ရှိပြီး မကြာမီ အီတာလျံ-ထိုင်းကုမ္ပဏီသို့ လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့သွားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ကနဦး စီမံကိန်း မြေငှားစာချုပ် ချုပ်ဆိုနိုင်ရေး တစ်နှစ်ခန့် အချိန်ယူညှိနှိုင်း ဆွေးနွေးပြီးဖြစ်ကြောင်း၊ မြေငှားစာချုပ် ချုပ်ဆိုရေးမှာ ကနဦးစီမံကိန်း အောင်မြင်ရေးအတွက် အရေးကြီးသည့် အဆင့်တစ်ဆင့် ဖြစ်ကြောင်း၊ SPV မှာ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်သဖြင့် စီမံကိန်း အောင်မြင်ရေး ကူညီပံ့ပိုးပေးမှုများစွာ လိုအပ်ကြောင်း၊ စီမံကိန်း မြေပြင်တွင် အမှန်တကယ် ဖြစ်ထွန်းအောင်မြင်ရေးအတွက် အခြားအရေးပါသည့်အချက်မှာ မြန်မာ၊ ဂျပန်၊ ထိုင်း သုံးနိုင်ငံ အစိုးရများက အားတက်သရော ပါဝင်ဆောင်ရွက်ရန် ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်း ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် SPV ရုံးခန်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် လိုအပ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ထိုင်းနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းနှင့် စီးပွားရေးအရ ဆက်စပ်မှု ကွင်းဆက်များ ရရှိနိုင်မည့်အပြင် အနောက်ဘက် အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပနိုင်ငံများသို့ ဆက်စပ်နိုင်မည့် ဂိတ်တံခါးဝအဖြစ်လည်း တည်ရှိမည့် အခွင့်အလမ်းကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service