ရန်ကုန်တိုင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း တရားဝင်ဖွဲ့စည်း တည်ထောင်ခွင့်ရ

ရန်ကုန်တိုင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း တရားဝင်ဖွဲ့စည်း တည်ထောင်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
30 Nov 2018 10:46 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းအတွင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းအနေနှင့်တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း အဆိုပါအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်မြတ်မိုမိုက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းတွင် လက်ရှိအသင်းသား ၃၀၀၀ ကျော်ရှိပြီး တရားဝင်ဖွဲ့စည်းထားသည့်အတွက် အိမ်ရှင်၊ အိမ်ငှား ပြဿနာများနှင့် အိမ်အရောင်းအဝယ် ပြဿနာများ စသည်တို့ကို သေချာကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တကယ်တမ်း ပြဿနာဖြစ်များတာက ရန်ကုန်တိုင်းကအဖြစ်များတယ်။ ဗဟိုမှာရှိတဲ့ အင်းအားနဲ့ကျ လုံးဝ မလုပ်နိုင်တော့ဘူး။ ဒါကြောင့် ဒီရန်ကုန်အသင်းကို တရားဝင်ဖွဲ့စည်းခဲ့တယ်။ အခု လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါပြီ။ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်၊ ခြံ၊ မြေနဲ့ ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းအားလုံးကို နည်းစနစ် မှန်မှန်နဲ့ အထောက်အကူရမယ်။ နိုင်ငံတော်အခွန်ဘဏ္ဍာတွေလည်း အရင်ထက် ပိုရှာနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ”ဟု ဒေါ်မြတ်မိုမိုက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊​ မြေ ဝန်ဆောင်မှုအသင်းကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် လုပ်ငန်းလိုင်စင်နှင့်အတူ ခံဝန်ချက်ဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ယင်းအသင်းအနေနှင့် အသင်းကို ဦးဆောင်ကြမည့် အသင်းအလုပ်အမှုဆောင်ကော်မတီဝင် ဒါရိုက်တာများနှင့် ၃၉ မြို့နယ် အလုပ်အမှုဆောင် ကော်မတီများ၊ အသင်းသားများနှင့်တွေ့ဆုံမိတ်ဆက်ပွဲကို နိုဝင်ဘာလ ၃၀ ရက်တွင် Royal Garden Restaurant တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယခုလက်ရှိ မြန်မာတစ်နိုင်ငံလုံးအတွက် အိမ်၊​ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ အိမ်၊ ခြံ၊​ မြေ ဝန်ဆောင်မှုအသင်းကို ဖွဲ့စည်းထားကာ ဆောင်ရွက်လျက်ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service