၂၀ ရာစု၏ အကြီးမားဆုံး ဘိန်းဘုရင် အက်စ်ကိုဘာ၏အခန်းပေါင်း ၃၀၀ ပါ လျှို့ဝှက်စံအိမ်ကြီး

၂၀ ရာစု၏ အကြီးမားဆုံး ဘိန်းဘုရင် အက်စ်ကိုဘာ၏အခန်းပေါင်း ၃၀၀ ပါ လျှို့ဝှက်စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
29 Nov 2018 12:17 pm တွင် တင်ခဲ့သည်
13759 ကြိမ် ကြည့်ရှု့ပြီး

ဘိန်းဘုရင် အက်စ်ကိုဘာသည် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် သူချစ်မြတ်နိုးသော ဇာတိမြေဖြစ်သည့် ကိုလံဘီယာနိုင်ငံ၏ ဒုတိယမြောက်အကြီးမား ဆုံးမြို့တော် မဒဲလ်လင်းတွင်ရှိသော နေအိမ်အမိုးပေါ်တွင် ဖမ်းဆီးရန် ၀ိုင်းထားသော ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။

သူသည် ၂၀ ရာစု၏ အကြီးမားဆုံး မူးယစ်ရာဇာကြီး ဖြစ်ပြီး သူ၏ မူးယစ်ဆေးကုန်သွယ်မှုအတွက် လူပေါင်း ၁၀၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ အက်စ်ကိုဘာသည် ကိုကင်းရောင်းဝယ် ခြင်းဖြင့် ကန်ဒေါ်လာ သန်းပေါင်း ၂၅၀၀၀ ခန့်အထိ ၀င်ငွေ ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် တန်ဖိုးကြီး ဇိမ်ခံလူနေအိမ်ကြီး များစွာ ပိုင်ဆိုင်ခဲ့သည်။

အဆိုပါ စံအိမ်များအနက် ကိုလံဘီယာမြောက်ပိုင်း၊ ကာရေဘီယံပင်လယ်အတွင်းရှိ Islas del Rosario သီးသန့် ကိုယ်ပိုင်ကျွန်းကြီးပေါ်မှ လျှို့ဝှက်စံအိမ်ကြီးလည်း အပါအ၀င် ဖြစ်သည်။

'Don Pablo' ဟု လူသိများသည့် စံအိမ်ကြီးတွင် ဧည့်သည်များတည်းခိုရန်အတွက် အခန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြီး အခန်းတိုင်းမှ ပင်လယ်ရှုမျှော်ခင်းများ တွေ့မြင်ရ သည်။

ရေချိုးခန်းများမှာ ရွှေရောင်လွှမ်းနေပြီး ရဟတ်ယာဉ် ကွင်းနှင့် ကြီးမားလှသော ရေကန်ကြီးတစ်ခုလည်း ပါဝင်သေး သည်။

အက်စ်ကိုဘာသေဆုံးပြီးနောက် အဆိုပါစံအိမ်ကြီး ၏ ပိုင်ဆိုင်မှုကို ကိုလံဘီယာအစိုးရက လွှဲပြောင်းရယူခဲ့ပြီး ယင်းနောက်ပိုင်းကတည်းက လူသူကင်းမဲ့သွားခဲ့ခြင်း ဖြစ်သည်။

အက်စ်ကိုဘာသည် ၁၉၈၀ ပြည့်လွန်ကာလများ အတွင်း ကမ္ဘာမြေပေါ်တွင် လည်ပတ်ဖြန့်ဖြူးခဲ့သည့် ကိုကင်း အားလုံး၏ ၈၀ ရာခိုင်နှုန်းကို တင်ပို့ခဲ့သူလည်း ဖြစ်လေသည်။

သူ၏ အထွတ်အထိပ်သို့ ရောက်နေစဉ်ကာလအတွင်း တစ်နှစ်တာဝင်ငွေမှာ ကန်ဒေါ်လာ ၂၁ ဒသမ ၉ ဘီလီယံခန့် ရှိသည်။

ကိုကင်းဘုရင်ဟု လူသိများနာမည်ကျော်သူ အက်စ် ကိုဘာသည် လူ့သမိုင်းတွင် အချမ်းသာဆုံးမူးယစ်ရာဇာတစ်ဦး ဖြစ်သည်။

ထူးခြားသည်မှာ သူ၏ဇာတိ မဒဲလ်လင်းမှ ဒေသခံများက အက်စ်ကိုဘာကို ချစ်ခင်လေးစားကြခြင်းဖြစ်သည်။

အက်စ်ကိုဘာသည် ဇာတိမြေရှိ ဆင်းရဲသားများကို ထောက်ပံ့ကူညီမှုများ များစွာပြုလုပ်ခဲ့ရာ ၎င်းင်းသေဆုံးမှုအပေါ် ဒေသခံများက အလွန်ဝမ်းနည်းခဲ့ကြပြီး ဈာပနအခမ်းအနားသို့ ဒေသခံပေါင်း ၂၀၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ဒေသခံအချို့ကဆိုလျှင် အက်စ်ကိုဘာသည် သူတော် စင်တစ်ဦးဖြစ်သည်ဟုပင် ယူဆလျက်ရှိကြသည်။

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service