ဂျပန်နိုင်ငံတွင် လူမနေသော နေအိမ်လွတ်ပေါင်း (၈)သန်းခန့်ကို အခမဲ့ပေးရန် စီစဉ်လျက်ရှိ

ဂျပန်နိုင်ငံတွင် လူမနေသော နေအိမ်လွတ်ပေါင်း (၈)သန်းခန့်ကို အခမဲ့ပေးရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Nov 2018 11:38 am တွင် တင်ခဲ့သည်
8957 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ လူမနေသော စွန့်ပစ်နေအိမ်ပေါင်း ၈ သန်းခန့်ကို ပုံမှန်ပေါက်ဈေးအောက် အဆမတန်လျှော့ချကာ ရောင်းချပေးရန်နှင့် အချို့သောနေအိမ်များကို အခမဲ့ပင် ပေးအပ်သွားမည့် အစီအစဉ်တစ်ခု စတင်လျက်ရှိသည်။

အဘယ်ကြောင့် အခမဲ့ပေးနေပါသနည်း။ မည်သည့်အချက်များ သိထားရန် လိုသနည်း။

အခမဲ့ပေးမည့် နေအိမ်များတွင် သွားရောက်နေထိုင်လိုသည်ဆိုပါက ဂျပန်နိုင်ငံ၏ အလွန်အစွန်အဖျားကျသော ဒေသများတွင် သွားရောက်နေထိုင်ရမည် ဖြစ်၏။

ထို့အပြင် အခြားသိထားရမည့်အချက်မှာ အဆိုပါနေအိမ်များတွင် သဘာဝမဟုတ်သော ကြောက်မက်ဖွယ် သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးသည်ဟူသော အချက်ပင်။

ထိုအချက်သည် အိမ်ခြံမြေအကျိုးဆောင်များအတွက် ရောင်းပန်းမလှစေသည့် အချက်တစ်ခုလည်း ဖြစ်၏။

နေအိမ်အများစုမှာ သဘာဝဘေးကြောင့် ရွှေ့ပြောင်းစွန့်ပစ်ခဲ့ကြခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ဇာတ်လမ်းကိုယ်စီရှိနေကြသည်။

ဂျပန်တိုင်းမ်သတင်းတစ်ရပ်အရ ဂျပန်လူမျိုး ၇၀ ရာခိုင်နှုန်းခန့်မှာ တိုက်ခန်းများတွင် နေထိုင်ကြသူများဖြစ်သည်ဟု ဆိုသည်။

မြို့ပြသို့ အလုံးအရင်းစွန့်ခွာရွှေ့ပြောင်းမှုများ၏ နောက်တွင် မြို့ပြဒေသ၏ ပြင်ပတွင် အခြေချနေထိုင်သည့် ကျေးလက်နေထိုင်သူ အလွန်နည်းပါးသွားသည်။

နိုမူရာ သုတေသန အင်စတီကျု (NRI) ၏ ခန့်မှန်းချက်အရ ၂၀၃၃ ခုနှစ်တွင် ဂျပန်နိုင်ငံတစ်ဝန်း၌ လူမနေသော စွန့်ပစ်အိမ်ပေါင်း ၂၁ ဒသမ ၇ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး အဆိုပါပမာဏမှာ တစ်နိုင်ငံလုံးရှိ စုစုပေါင်းလူနေအိမ်အရေအတွက်၏ သုံးပုံတစ်ပုံနီးပါးပင် ဖြစ်သည်။

ဂျပန်အစိုးရက အဆိုပါနေအိမ်များအား ဝယ်ယူနေထိုင်မည့်သူများကို ပြုပြင်မွမ်းမံရေးများ ပြုလုပ်နိုင်ရန် ဘဏ္ဍာရေးထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးမည်ဟုလည်း ဆိုသည်။

အခြားသော အကြောင်းရင်းတစ်ခုမှာ သက်ကြီးရွယ်အိုများ အလွန်များပြားလာနေလျှက်ရှိသော ဂျပန်တွင် မူလက အဆိုပါနေအိမ်များတွင် မိသားစုနေထိုင်ခဲ့ကြသော်လည်း သားသမီးများမှာ မြို့ပြများသို့ ပြောင်းရွှေ့သွားကြချိန်၌ ကျန်ရစ်ခဲ့သော သက်ကြီးရွယ်အိုများမှာ သက်ကြီးဂေဟာသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ ကွယ်လွန်သွားခြင်းများကြောင့် စွန့်ပစ်နေအိမ်များ အလွန်များပြားလာသည်။

ယင်းသို့သော နေအိမ်များမှာ ဂျပန်ရိုးရာယုံကြည်မှုအရ ရောင်းထွက်ရန် မလွယ်သော နေအိမ်များဖြစ်ကြသည်။

ဂျပန်တို့၏ အယူအရ အဆုံးစီရင်မှု၊ လူသတ်မှု၊ တစ်ဦးတည်း အထီးကျန်သေဆုံးမှုများ ဖြစ်ပွားခဲ့သော နေအိမ်တို့တွင် နေထိုင်ပါက ကံကြမ္မာဆိုးများ ကျရောက်လေ့ရှိသည်ဟု ယုံကြည်ကြသည်။

အကယ်၍ သင်သည် မကြာမကြာတွေ့ရဖွယ်ရှိသည့် သရဲတစ္ဆေများကို ကြောက်ရွံ့ခြင်းမရှိသူ၊ အစွဲအလမ်းကင်းကာ အယူမသည်းသူ၊ ဂျပန်တွင် ဈေးသက်သာမည့် နေအိမ်တစ်လုံးရှာဖွေနေသူ ဖြစ်ပါက ဂျပန်ရှိ စွန့်ပစ်နေအိမ်များမှာ သင့်အတွက် စောင့်ဆိုင်းလျက်ရှိနေပြီး ဝယ်ယူရန် အချိန်ကောင်းပင် ဖြစ်လေသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service