သမ္မတ ညွန်ကြားချက်ဖြင့် ရခိုင်နှင့် ဧရာဝတီ ကမ်းခြေပတ်လမ်း စီမံကိန်းစတင်

သမ္မတ ညွန်ကြားချက်ဖြင့် ရခိုင်နှင့် ဧရာဝတီ ကမ်းခြေပတ်လမ်း စီမံကိန်းစတင် - Property News in Myanmar from iMyanmarHouse.com
29 Nov 2018 10:43 am တွင် တင်ခဲ့သည်
1500 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်ဖြင့် ရခိုင် ပြည်နယ်၊ သံတွဲမြို့မှ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရင်ဂျီကျွန်းအထိ မိုင် ၁၇၀ အရှည်ရှိမည့် ကမ်းခြေပတ်လမ်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကမ်းခြေပတ်လမ်း စီမံကိန်းကို ကျပ် ၃၀၀ ဘီလျံခန့် အကုန်အကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း အပြီးသတ်အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းကမ်းခြေပတ်လမ်းနှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကမ်းခြေဒေသတလျှောက် လုံခြုံမှု ရှိစေရန်အတွက် သမ္မတက ရည်ရွယ်ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းစီမံကိန်းကို ပြည်ထောင်စု အစိုးရ၊ ဧရာဝတီတိုင်းအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးဋ္ဌေးဝင်း က “ဒီလမ်းက စီးပွားရေးအရတင် မဟုတ်ပါဘူး။ ကမ်းခြေလုံခြုံရေး၊ ဒေသလုံခြုံရေး အတွက်လည်း အရေးကြီးပါတယ်။ ဒီလမ်းပြီးသွားခဲ့ရင် ငရုတ်ကောင်း ဂေါ်ရင်ဂျီ ကမ်းခြေကနေ ရခိုင်ပြည်နယ် သံတွဲမြို့နယ်အထိ သွားလာနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို အကောင်အထည်ဖော်ဖို့ နိုင်ငံတော်သမ္မတက ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အခု စတင် အကောင်အထည် ဖော်နေပါပြီ” ဟု ဧရာဝတီကို ပြောသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း ကမ်းရိုးတန်းဧရိယာတွင် မော်တင်စွန်း၊ ဂေါ်ရင်ဂျီ၊ ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေ ၅ ခုရှိပြီး ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ဂွမြို့နယ်မှ ကမ်းသာယာနှင့် သံတွဲမြို့နယ်မှ နာမည်ကျော် ငပလီကမ်းခြေတို့ တည်ရှိသည်။

သို့သော် ကမ်းရိုးတန်းတလျှောက်တွင် ကမ်းခြေပတ်လမ်းမရှိသည့်အတွက် ကမ်းခြေမှတဆင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ဆက်သွယ်သွားလာနိုင်မှု မရှိသလို ကမ်းခြေတခုနှင့် တခု ချိတ်ဆက်လည်ပတ်နိုင်မှု မရှိသေးသည့် အနေအထား ဖြစ်နေသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂါလီများမှာ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်းနှင့် မော်တင်စွန်းကမ်းခြေများသို့ စက်လှေများဖြင့် ခိုးဝင်လေ့ရှိသည့် အတွက် ကမ်းခြေပတ်လမ်း ဖောက်လုပ်နိုင်ခဲ့ပါက အနောက်ဘက်ကမ်းခြေဒေသ၏ လုံခြုံရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ၊ ဧရာဝတီတိုင်း အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က မျှော်လင့်လျက် ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်သည့် ပုသိမ်တံတား အမှတ် ၂ စီမံကိန်းဖွင့်ပွဲ တက်ရောက်ခဲ့သည့် သမ္မတ ဦးဝင်းမြင့်က ယင်းကမ်းခြေပတ်လမ်းမှာ ခရီးသွားကဏ္ဍအတွက် အရေးပါသလို နိုင်ငံ့လုံခြုံရေးအတွက် အရေးပါသည့်အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရန် ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် အပါအဝင် ဧရာဝတီတိုင်းအစိုးရအဖွဲ့အား လမ်းညွှန် မှာကြားထားခြင်း ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်က “ဒီကမ်းရိုးတန်းကြီးသာ ကျနော်တို့ ငွေကြေးတတ်နိုင်လို့ လမ်းတွေ၊ တံတားတွေ လုပ်ပေးနိုင်ရင် ကျနော် အပိုပြောတာ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ Tourist (ကမ္ဘာလှည့်ခရီးသည်) တွေ ကမ်းရိုးတန်း အရှည်ဆုံးသွားနိုင်တဲ့ အရပ်က ကျနော်တို့ နိုင်ငံ ဖြစ်လာမယ်။ ဘယ်မှာမှ မရှိဘူး။ ဒီလမ်းက အနောက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးတင် မဟုတ်ဘူး။ ကျနော်တို့နိုင်ငံရဲ့လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာအတွက်ပါ ဒီအနောက်ခြမ်းက အရေးကြီးတယ်” ဟု တံတားစီမံကိန်းဖွင့်ပွဲတွင် ထည့်သွင်းမှာကြား ပြောဆိုထားသည်။

အဆိုပါ ကမ်းခြေပတ်လမ်း စီမံကိန်း အစိတ်အပိုင်းတရပ်အဖြစ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့တွင် တည်ဆောက်ခဲ့သည့် ရွှေသောင်ယံ တံတားကို အောက်တိုဘာလ ၂၈ ရက်က သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ပေးသည့် ကျောက်ချွန်တံတားကိုလည်း နိုဝင်ဘာလ ၂၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ကမ်းခြေပတ်လမ်းအဖြစ် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ချိတ်ဆက်မိရန်အတွက် ဧရာဝတီတိုင်းဘက်ခြမ်း၌ တံတား ၂ စင်း ဆောက်လုပ်ရန် ကျန်ရှိနေသေးပြီး အဆိုပါတံတားများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦးဌေးဝင်း က “ကမ်းခြေပတ်လမ်း စီမံကိန်းမှာ တိုင်းဒေသကြီး ဘတ်ဂျတ်နဲ့ လုပ်တာရှိတယ်။ ပြည်ထောင်စု ဘတ်ဂျတ်နဲ့ လုပ်တာလည်း ရှိတယ်။ အဓိက လုပ်ဖို့လိုနေတာတော့ တံတားပဲ။ ဒီလမ်းပေါ်မှာရှိတဲ့ တံတား ၂ စင်းက နည်းပညာအရရော ဘတ်ဂျတ် အရရော ပြည်ထောင်စုက လုပ်မှရမှာ။ ကျနော်တို့ သက်တမ်းမကုန်ခင်မှာ ဆက်သွယ်ရေးလမ်းတော့ ဖြစ်ဖို့ ကြိုးစားသွားမှာပါ” ဟု ဆိုသည်။

မိုင် ၁၇၀ ခန့် ရှည်လျားသည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက်များအတွက် ထောက်ပံ့ရေး စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ ဆက်လက် အကောင် အထည်ဖော်သွားရန် စီမံချက်တရပ် ရေးဆွဲထားကြောင်းလည်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

 

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service