စင်္ကာပူအခြေစိုက် Wing Tai Properties က လန်ဒန်၏ အထင်ကရ ကူးသန်းရောင်းဝယ်ရေးကွန်ပလက်စ် အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၆၀၀ နီးပါးဖြင့် ဝယ်ယူ

စင်္ကာပူအခြေစိုက် Wing Tai Properties က လန်ဒန်၏ အထင်ကရ ကူးသန်းရောင်းဝယ်ရေးကွန်ပလက်စ် အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၆၀၀ နီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
28 Nov 2018 11:32 am တွင် တင်ခဲ့သည်
751 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူအခြေစိုက် Wing Tai Holdings သည် ဟောင်ကောင်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ လန်ဒန်၏ အထင်ကရ ကူးသန်းရောင်းဝယ်ရေးကွန်ပလက်စ် အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၆၀၀ နီးပါးဖြင့် ဝယ်ယူလိုက်သည်။

Wing Tai Properties သည် ဟောင်ကောင်မှ Manhattan Garment Holdings နှင့် ၅၀း၅၀ ဖြင့် ပူးပေါင်းကာ လန်ဒန်ရှိ ကွန်ပလက်စ် အဆောက်အအုံကြီးကို ပေါင် သန်း ၄၆၀ (ကန်ဒေါ်လာ ၅၉၁ ဒသမ ၁ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီတစ်ခုစီမှ ပေါင် သန်း ၂၃၀ (ကန်ဒေါ်လာ ၂၉၆ ဒသမ ၇ သန်း) ထည့်ဝင်ကာ ပူးပေါင်းဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

Wing Tai Properties သည် ယခုအဆောက်အအုံကြီးကို ဝယ်ယူရန် ပြီးခဲ့သော ၂ လခန့်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။

“အခုဝယ်ယူမှုဟာ ကျွန်တော်တို့ကုမ္ပဏီအုပ်စုအတွက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေကို ချဲ့ထွင်ဖို့နဲ့ ပုံမှန်အငှားဝင်ငွေ ရရှိလာစေဖို့ အခွင့်အလမ်း ပေးစွမ်းမှာ ဖြစ်ပါတယ်”ဟု Wing Tai Properties က ထုတ်ပြန်သည်။

ယခုအဆောက်အအုံကြီးကို Samsung အသက်အာမခံကုမ္ပဏီက ၂၀၁၃ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်အခြေစိုက် ဘဏ်ကြီးဖြစ်သော Commerzbank AG က လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုထားခဲ့သည်။

လန်ဒန်မြို့၊ ဂရက်စ်ဟမ်းလမ်း၊ အမှတ် ၃၀ တွင် တည်ရှိပြီး တောင်ဘက်တွင် ရုရှားရိုးနှင့် ထရမ့်လမ်း တည်ရှိပြီး အရှေ့ဘက်တွင် လောရင့်စ်လမ်း၊ အနောက်ဘက်တွင် မစ်ခ်လမ်းတို့ တည်ရှိသည်။

အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၀၃၆၃၉ (၃၇၁၆၀ စတုရန်းမီတာ) ရှိပြီး ရုံးခန်း၊ လက်လီအရောင်းဆိုင်နှင့် လူနေခန်းတို့ကို မြေအောက် ၂ ထပ်၊ မြေညီထပ်နှင့် အပေါ် ၈ လွှာတွင် စီစဉ်ထားရှိသည်။ မြေအောက် ၂ ထပ်တွင် ကား ၄၈ စင်း ရပ်နားနိုင်သည့် နေရာ ပါဝင်သည်။

အဆိုပါ အဆောက်အအုံကြီးတွင် Commerzbank အပြင် အခြားရုံးစိုက်ထားသည့် နာမည်ကျော်ကုမ္ပဏီကြီးမှာ တောင်အာဖရိက အခြေစိုက် ဘဏ္ဍာရေးကုမ္ပဏီကြီးဖြစ်သော Investec Plc ဖြစ်သည်။

Samsung အသက်အာမခံကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အခြေစိုက် Samsung Group ၏ ကုမ္ပဏီခွဲဖြစ်သည်။

Samsung အသက်အာမခံကုမ္ပဏီသည် ယခုအဆောက်အအုံကြီးကို ပေါင် ၄၂၅ သန်းဖြင့် ရောင်းချရန် Knight Frank နှင့် CBRE အကျိုးဆောင်ကုမ္ပဏီများထံ အပ်နှံထားခြင်းဖြစ်ပြီး ယခုအရောင်းအဝယ်မှ ၄ ဒသမ ၂၅ ရာခိုင်နှုန်း မြတ်စွန်းခဲ့သည်ဟု ဆိုသည်။

Samsung သည် ၂၀၀၃ ခုနှစ်က ဆောက်လုပ်ခဲ့သော ယခုအဆောက်အအုံကြီးကို ၂၀၁၃ ခုနှစ်အတွင်း ပေါင် သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service