ဘဏ်ခွဲများစွာ ဖွင့်လှစ်ထားနိုင်ခြင်းသည် ပြည်ပဘဏ်များနှင့် ယှဉ်ပြိုင်ရာ၌ ပြည်တွင်းဘဏ်များ၏ အားသာချက်ဟုဆို

ဘဏ်ခွဲများစွာ ဖွင့်လှစ်ထားနိုင်ခြင်းသည် ပြည်ပဘဏ်များနှင့် ယှဉ်ပြိုင်ရာ၌ ပြည်တွင်းဘဏ်များ၏ အားသာချက်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Nov 2018 11:23 am တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်းဘဏ်များက နေရာဒေသများစွာတွင် ဘဏ်ခွဲများစွာဖွင့်လှစ်ထားနိုင်ခြင်းသည် ပြည်ပဘဏ်များနှင့် ယှဉ်ပြိုင်ရချိန်တွင် အားသာချက်များ ဖြစ်လာမည်ဟု ဗဟိုဘဏ်အငြိမ်းစားဒုတိယဥက္ကဋ္ဌဦးသန်းလွင်က The Voice Journal သို့ ပြောကြားသည်။

ပြည်တွင်းဘဏ်များသည် ငွေပင် ငွေရင်း၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာနှင့် ဝန်ထမ်းကျွမ်းကျင်မှု အစရှိသည်တို့တွင် နှစ်ပေါင်းများစွာ နောက်ကျနေသောကြောင့် ပြည်ပဘဏ်များနှင့် မယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အဲဒါက Retail Banking မှာ ဘဏ်ခွဲတွေ များများဖွင့်ရင် သူတို့ကို ကျော်သွားနိုင်တယ်။ သူတို့ အန်ကယ်လ်တို့ကို မမီနိုင်ဘူး။ ဆိုပါစို့ ဗဟိုဘဏ်က နေ မင်း(နိုင်ငံခြားဘဏ်)တို့ကို ဘဏ်ခွဲတွေ ဖွင့်ချင်သလောက် ဖွင့်ကွာဆိုရင်တောင် သူတို့က ဒီက အထာတွေ မသိသေးဘူး”ဟု ဦးသန်းလွင်က ဆိုသည်။

ဥပမာအားဖြင့် ကမ္ဘောဇဘဏ်သည် မြေကွက်များ ဈေးပေါစဉ်ကတည်းပင် ဝယ်ယူထားခဲ့ပြီးနောက် ဘဏ်ခွဲများစွာ ဖွင့်လှစ်ထားခဲ့ပြီး နိုင်ငံခြားဘဏ်များ ဝင်ရောက်လာချိန်တွင် မြေဈေးများကြီးမြင့်ခြင်း၊ အဆောက်အအုံဆောက်လုပ်ရန် အချိန်ယူရမည်ဖြစ်ခြင်းနှင့် အခြားသော ရေမီးလိုအပ်ချက်များလည်း ဖြည့်ဆည်းရန် အချိန်ယူရမည်ဟု ၎င်းက ဆိုသည်။

ထိုပြင် ဘဏ်ခွဲများစွာ ဖွင့်လှစ်ထားနိုင်ခြင်းကြောင့် ကိုကာကိုလာကဲ့သို့ နိုင်ငံတစ်ဝန်းဖြန့်ချိသည့် အချိုရည်ကုမ္ပဏီက ၎င်းတို့ လုပ်ငန်းအတွက်ငွေကြေးများ လွှဲပြောင်းရာတွင် ဘဏ်ခွဲများစွာဖွင့်လှစ်ထားနိုင်ခဲ့သည့် ကမ္ဘောဇဘဏ်ကိုပင် အားကိုးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

“အန်ကယ်လ်တို့ Strategy ကဘာလဲဆိုရင် ဘဏ်ခွဲတွေ အများကြီးဖွင့်ခြင်းအားဖြင့် တစ်ချိန်ကျရင် နိုင်ငံခြားဘဏ်တွေ ဝင်လာလို့ရှိရင် အားသာချက်က ဘာပဲပြောပြော သူတို့ကို (ဘဏ်ခွဲတွေ ဖွင့်ထားတာကို) အားကိုးရမှာ”ဟု ဦးသန်းလွင်က ဆိုသည်။

ဦးသန်းလွင်သည် ဘဏ်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားနိုင်သည့် ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးလည်း ဖြစ်သည်။

နိုင်ငံခြားဘဏ်ဘဏ်ခွဲများကို ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆောင်ရွက်ရန် ခွင့်ပြုကြောင်း ဗဟိုဘဏ်က နိုဝင်ဘာ ၈ ရက်တွင် ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ပြုလုပ်ရခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်မည့် အခွင့်အရေး (Access to Finance) အတွက် ရည်ရွယ်ပြီး နိုင်ငံခြားဘဏ်များကို မည်သည့်ချေးငွေဖြည့်ဆည်းမှု (Any Financing) ကို မဆိုဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (Other Banking Service) ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် ဘဏ်လေးခု၊ ပုဂ္ဂလိက ဘဏ် ၂၇ခု နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခု လုပ်ကိုင်လျက်ရှိသည်။

 

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service