ရန်ကုန်စီမံကိန်းများအတွက်ငွေချေးမည့်ကိစ္စ ဆိုင်းငံ့ထားရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသို့တာဝန်ပေး

ရန်ကုန်စီမံကိန်းများအတွက်ငွေချေးမည့်ကိစ္စ ဆိုင်းငံ့ထားရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသို့တာဝန်ပေး - Property News in Myanmar from iMyanmarHouse.com
28 Nov 2018 10:41 am တွင် တင်ခဲ့သည်
574 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီထံမှ ငွေချေးရန်ကိစ္စကို လွှတ်တော်တွင်ဆိုင်းငံ့ထားပြီး သက်ဆိုင်ရာတို့နှင့် လိုအပ် သော ဆွေးနွေးမှုများပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီထံ နိုဝင်ဘာ ၂၆ ရက်၌ တာဝန်ပေးအပ်ခဲ့သည်။

တောင်းခံမှုများပြုလုပ်

"ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ထံမှ ချေးငွေယူရို သန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်းပြီး မိမိတို့ လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ်လေ့လာဖို့ လိုမယ်လို့ သုံးသပ်ရရှိ ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီအနေနဲ့ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ၊ လွှတ်တော်ကော်မတီ များနဲ့ တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ပြည်ပ ချေးငွေနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက် နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်ထက် နောက်မကျ စေဘဲ လွှတ်တော်အစည်းအဝေးမှာ ဖတ်ကြား တင်သွင်းနိုင်ရေး စီမံဆောင်ရွက်ဖို့ဖြစ်ပါတယ်" ဟု ဦးတီခွန်မြတ်က ပြောကြားသည်။

အဆိုပါ ချေးငွေရယူရန်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြရာတွင် ဝေဖန် ဆွေးနွေးမှုများ၊ မေးခွန်းထုတ်မှုများ၊ စီမံကိန်း ဆိုင်ရာ အသေးစိတ်အချက်အလက်များ လွှတ်တော်သို့တင်ပြရန် တောင်းခံမှုများ ပြုလုပ်ခဲ့ကြသည်။အရေးကြီးစီးပွားရေး

ထို့ပြင် စီမံကိန်းတွင်သုံးစွဲမည့် ငွေများမှာ နိုင်ငံတော်၏ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံ ခြင်းမျိုး မဟုတ်သဖြင့် ရန်ကုန်ဖွံ့ဖြိုးတိုးတက် ရေးထက်ပိုမို အရေးကြီးသော အခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုများတွင် အသုံးချရန်လည်း တိုက် တွန်းမှုများရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက၏ တာဝန်ပေးအပ်ချက်အရ အဆိုပါစီမံကိန်းနှင့် ပတ်သက်သော လိုအပ်သည့် ဆွေးနွေးမှုများ နှင့် လွှတ်တော်သို့ သဘောထားမှတ်ချက် တင်ပြခြင်းတို့ကို ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက လာမည့် ခုနစ်ရက်အတွင်း အပြီး သတ်ဆောင်ရွက်ရမည်ဖြစ်သည်။

တံဆိပ်တုံးရိုက်ပါလီမန်

"မြန်မာငွေနဲ့ လုပ်လို့ရတဲ့ကိစ္စ အဲဒါတွေကို နိုင်ငံခြားကနေ ကြွေးတင်ခံပြီး ယူရိုငွေချေးပြီး လုပ်မယ်ဆိုရင် အနာဂတ်လူတွေက ဒီအကြွေးဆပ်ရမှာ။ နိုင်ငံမှာလည်း ဂျီဒီပီရဲ့ ငါး ရာခိုင်နှုန်း လောက်ပဲ ငွေချေးခွင့်ရှိတယ်။ တစ်ချိန်မှာကြွေးက ချေးလို့ရမယ့် limit ပြည့်သွားမယ်။ ချေးမယ့်လူရှိနေတိုင်း ပိုက်ဆံတွေလိုက်ချေး နေတာ အဓိပ္ပာယ်မရှိဘူး။ ဒါကို အားအားရှိ လွှတ်တော်ကြီးမှာ ဘာဖြစ်နေလဲဆိုရင် ပြည် ထောင်စုလွှတ်တော်ကြီးက အစိုးရက ငွေချေး မယ် တင်ပြတိုင်း ခွင့်ပြုနေတဲ့ တံဆိပ်တုံးရိုက်တဲ့ ပါလီမန် ဖြစ်သွားမယ်။ ဒီမိုကရေစီပါလီမန် ဆိုရင် ဒီလိုလုပ်လို့မရဘူး။ အဲဒါကြောင့်မို့လို့ အန်ကယ်တို့က ကန့်ကွက်တယ်။ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီက ဆွေးနွေးတဲ့ အခါ အန်ကယ်တို့ကို ခေါ်လေ့ခေါ်ထရှိပါ တယ်။ ခေါ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအခါကျရင် အကျေအလည် ဆွေးနွေးပြီး တော့ ဘာကြောင့်လဲဆိုတာ ပြောပြမယ်။တစ်ခုချင်းမေးတော့မယ်လေ" ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်၌ သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service