ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းရန် ဗဟိုဘဏ်ခွင့်ပြုချက် စောင့်ဆိုင်းနေဟုဆို

ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းရန် ဗဟိုဘဏ်ခွင့်ပြုချက် စောင့်ဆိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Nov 2018 10:35 am တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းခြင်းကို တရားဝင်ခွင့်ပြုထားသည်မှာ ၁၀ လကျော် ပြီဖြစ်သော်လည်း တရားဝင် ဆောင်ရွက်သည့် ရွှေလုပ်ငန်းရှင်တစ်ဦးမျှ မရှိသေးကြောင်း ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်အသင်းနှင့် ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

ရွှေတင်ပို့၊ တင်သွင်းရန် ကုမ္ပဏီအချို့ စာရင်းပေးထားသော်လည်း ဗဟိုဘဏ်ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောသည်။

‘‘ဗဟိုဘဏ်ကို တင်ပြနေတယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ကို ထိုင်စောင့်နေတယ်။ ဥပဒေ ထဲမှာက ဗဟိုဘဏ်ခွင့်ပြုချက်ရ မှ ရွှေသွင်းတာ၊ ရွှေထုတ်တာ လုပ်ရမယ်’’ဟု ဦးမျိုးမြင့်က ပြော သည်။

‘‘ကုန်သွယ်ရေးပါတဲ့ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးနေတယ်။ လိုင်စင်ကတော့ သူတို့ခွင့်ပြုတာ ပါ။ နိုင်ငံတကာစံနှုန်းတွေ ပြည့်ပြီဆိုမှ ဗဟိုဘဏ်ကိုတင်ကြမှာ’’ဟု ဗဟိုဘဏ် တာဝန်ရှိသူတစ် ဦးက ပြောသည်။

အစိုးရက ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ယခုနှစ် ဇန်န၀ါရီတွင် ပထမဆုံးတရားဝင်ခွင့်ပြု ကြောင်း ကြေညာပြီး One Stop Service ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Culture Valley ၌ စက်တင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

One Stop Service သည် ရွှေတင်သွင်း၊ တင်ပို့ခြင်းကို တစ်နေရာတည်းအပြီး ဆောင်ရွက်မည့် စင်တာဖြစ်ပြီး အစိုးရက အဆိုပါ လုပ်ငန်းကို မြန်မာရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေးခဲ့သည်။

သို့သော် လက်ရှိတွင် ရွှေလုပ်ငန်းရှင်များက အခွန်ကောက်ခံနှုန်း မြင့်နေခြင်းကြောင့် အဆိုပါ စင်တာကို အသုံးမပြုဘဲ တရားမ၀င် လမ်းကြောင်းကသာ ဆောင်ရွက်နေဆဲဖြစ်သည်ဟု အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက ပြောသည်။

‘‘တကယ်လုပ်စေချင်ရင် အခွန်မသတ်သေးဘဲ လွှတ်ထားပေး မှ ရမယ်။ သူတို့ကောက်တဲ့ ရာခိုင်နှုန်းက လုပ်နိုင်တဲ့ ရာခိုင်နှုန်းမဟုတ်တော့ ဒီအတိုင်းတောင်မနည်းလုပ်နေရတာ။ နာမည်ကြီး ရွှေဆိုင်တွေက တစ်ယောက်မှ မသွားကြဘူး၊ အသင်းကလူလည်း မသွားကြဘူး’’ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

One Stop Service စင်တာ ဖွင့်လှစ်ရခြင်းသည် ရွှေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဖြစ်ပြီး အစိုးရ၏ ကြိုးနီစနစ်များ ဖြေလျှော့ကာ ရွှေတင်ပို့၊ တင်သွင်းခြင်းကို တစ်နေရာတည်း အပြီးဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ဈေးထက်မြင့်ပါက တရုတ်နိုင်ငံဘက်မှ တရားမ၀င် ရွှေများဝင်ရောက်လေ့ရှိပြီး ကမ္ဘာ့ရွှေဈေးထက်နိမ့်ပါက တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့လေ့ရှိသည်ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service