ဂျူလီယာရောဘတ်က မာလီဘူးစံအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့် အငှားဈေးကွက်တင်

ဂျူလီယာရောဘတ်က မာလီဘူးစံအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့် အငှားဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
23 Nov 2018 2:52 pm တွင် တင်ခဲ့သည်
1638 ကြိမ် ကြည့်ရှု့ပြီး

သင်သည် မိန်းမချောတစ်ဦး၏ အိမ်ငှားဖြစ်ချင်ပါသလား။

ယင်းသို့ဆိုလျှင် သင့်အတွက် အခွင့်အရေးပေါ်လာပြီ ဖြစ်ပါသည်။

အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် ဂျူလီယာရောဘတ်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ နေအိမ်ကို အငှားဈေးကွက်တင်လာပြီ ဖြစ်သည်။

ဂျူလီယာရောဘတ်သည် မွေးမြူရေးခြံကြီးအသွင် မွမ်းမံဆောက်လုပ်ထားသော အဆိုပါနေအိမ်ကြီးကို ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၃ ဒသမ ၈၉၅ သန်းဖြင့် ဝယ်ယူထားခဲ့ပြီး ယခုအခါ တစ်လလျှင် ကန်ဒေါ်လာ ၁၀၅၀၀ ဖြင့် အငှားဈေးကွက်တင်လာခြင်း ဖြစ်သည်။

၁၉၄၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စိတ်ကူးကောင်းကောင်းဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၆၅၀ ရှိပြီး နေအိမ်အတွင်း အလင်းရောင်ကောင်းမွန်သည့် အဖြူရောင် ဧည့်ခန်း၊ ကျယ်ဝန်းသည့် မီးဖိုဆောင်၊ မီးဖိုဆောင်သုံး စတီးအသုံးအဆောင်ပစ္စည်းများထည့်သွင်းပေးထားသည်။

ခေတ်ဟောင်းဟန် ဧည့်ဂေဟာအိမ်တွင် သီးသန့် သစ်ကုန်းပတ်တစ်ခု ပါဝင်ပြီး လှပသာယာသော ခြံနောက်ကွက်လပ်တွင် သစ်သီးပင်များ၊ အပူပိုင်းဒေသပေါက်ရောက်ပင်များ စိုက်ပျိုးထားသည်။

ခြံအတွင်း ကားလမ်းဖောက်လုပ်ထားပြီး ကား ၂ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်သည်။

ဂျူလီယာရောဘတ်သည် ဟာဝိုင်အီတွင် နေအိမ်ပေါင်းများစွာလည်း ပိုင်ဆိုင်ထားသေးရာ ၂၀၁၅ ခုနှစ်အတွင်းက နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၆ ဒသမ ၂ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသည်။

(အဆိုပါသတင်းကို iMaynmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/537579 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

ထို့အပြင် နယူးယောက်တွင်လည်း နေအိမ်အချို့ ပိုင်ဆိုင်ထားသေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service