ပြည်ပပညာရှင်တွေနဲ့ ယှဉ်ပြိုင်ရခက်နေဆဲ ဗိသုကာကဏ္ဍ

ပြည်ပပညာရှင်တွေနဲ့ ယှဉ်ပြိုင်ရခက်နေဆဲ ဗိသုကာကဏ္ဍ - Property News in Myanmar from iMyanmarHouse.com
23 Nov 2018 2:29 pm တွင် တင်ခဲ့သည်
812 ကြိမ် ကြည့်ရှု့ပြီး

အဆောက်အအုံတစ်ခုကို တည်ဆောက်တဲ့အခါမှာ မိုးလုံလေလုံဖြစ်ရုံတင်မက တီထွင်နိုင်စွမ်းရှိရင်ရှိသလို မြို့ပြရဲ့အမွေအနှစ်ကို လျော့မသွားစေဘဲ တင့်တယ်စေတာ၊ လူတွေ နေ့စဉ်ထိတွေ့နေရတဲ့အရာဖြစ်တာမို့ အဆင်ပြေပြေနေထိုင်စေနိုင်ဖို့ စဉ်းစားလုပ်ဆောင်ပေးနိုင်တာ၊ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုထိ ဖြစ်လာနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိတာဟာ ဗိသုကာပညာလို့ ဗိသုကာပညာရှင်အများစုက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီဇိုင်းကောင်းကောင်းတွေကို လိုချင်ရင် ဗိသုကာပညာနဲ့ အဆောက်အအုံတွေကို ပိုလှအောင်၊ ပိုကြံ့ခိုင်အောင် လုပ်လို့ရတယ်ဆိုတာကို လူတွေက စတင်လက်ခံလာကြပါပြီ။ ဒါပေမဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေဟာ နိုင်ငံခြားက ဒီဇိုင်းကုမ္ပဏီတွေ ဗိသုကာပညာရှင်တွေဆီကို အပ်လာကြတဲ့အတွက် နိုင်ငံခြားက ဒီဇိုင်းတွေက ဈေးကွက်ထဲမှာပိုပြီးကျယ်ပြန့်လာတယ်လို့ မြန်မာနိုင်ငံ ဗိသုကာအသင်းဥက္ကဋ္ဌ ဦးဆန်းဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ခေတ်ရဲ့တောင်းဆိုချက်အရ ယခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အဆောက်အအုံတွေမှာ ဗိသုကာပညာကို အလေးထားထည့်သွင်း ဆောက်လုပ်လာကြပေမဲ့ ပြည်တွင်းက ပညာရှင်တွေထက် ပြည်ပကပညာရှင်တွေ၊ ကုမ္ပဏီတွေနဲ့သာ အများစုက ချိတ်ဆက်လုပ်ဆောင်လာကြပါတယ်။

ဈေးကွက်ထဲမှာ လုပ်ကွက်အကြီးတွေ၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့ လုပ်ကွက်တွေဆိုရင် နိုင်ငံခြားက ပညာရှင်တွေနဲ့ပဲ ဆောက်လုပ်နေကြပြီး ပြည်တွင်းက ပညာရှင်တွေကတော့ လုပ်ကွက်အသေးတွေနဲ့ ကိုယ့်ရဲ့မိတ်ရှိရာတွေမှာ အသီးသီး လုပ်ကိုင်နေကြတယ်လို့ ဦးဆန်းဦးက ဆိုပါတယ်။

"သိပ်ချမ်းသာတဲ့သူတွေက အိမ်ဆောက်ရင်တောင် နိုင်ငံခြားက ဗိသုကာပညာရှင်တွေနဲ့ ဆောက်ချင်ကြတယ်။ တကယ်တော့ သူတို့အတွက် ပြည်တွင်းက ပညာရှင်တွေက လိုချင်တဲ့ပုံစံအနေအထားကို ညှိနှိုင်းရတာ ပိုအဆင်ပြေတယ်။ ဖြတ်ကျော်ခဲ့ရတဲ့ဘဝချင်းတူတော့ လိုချင်တဲ့ပုံစံကို ပိုလုပ်ပေးနိုင်တယ်"လို့ ၎င်းကပြောပါတယ်။

နိုင်ငံခြားက ဗိသုကာပညာရှင်တွေက နည်းပညာပိုင်း နဲ့ ဒီဇိုင်းတီထွင်မှုပိုင်းမှာ ပိုပြီးကျွမ်းကျွမ်းကျင်ကျင်နဲ့ မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်ပေမဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့နေရာတွေမှာတော့ ပြည်တွင်းပညာရှင်တွေကသာ ယဉ်ကျေးမှုရဲ့ အနှစ်အရသာကို

ပေါ်လွင်အောင် ရေးဆွဲပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆောက်အအုံရဲ့ ဒီဇိုင်းအရည်အသွေး၊ အဆောက်အအုံအရည်အသွေးတွေ ကွာခြားမှုဟာ အသုံးပြုတဲ့ ပစ္စည်းအရည်အသွေးနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ တစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံနိုင်မှု ငွေအင်အားအပေါ် မူတည်နေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်တဲ့ ပရောဂျက်တွေမှာ ဆောက်လုပ်ရေး အခြေခံပစ္စည်းအပြင် အတွင်းပိုင်းပြင်ဆင်တဲ့ပစ္စည်း၊ အလှဆင်ပစ္စည်းတွေရဲ့ အရည်အသွေးတွေကို အကောင်းမွန်ဆုံး အသုံးပြုနိုင်၊ ရင်းနှီးနိုင်ပေမဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက မရင်းနှီးနိုင်တဲ့အခါ ထုတ်ကုန်ပစ္စည်းရဲ့ အရည်အသွေးဟာ ကွာခြားသွားရ ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံခြားက ဆောက်လုပ်ရေး နဲ့ ဗိသုကာကုမ္ပဏီတွေကို ငှားရမ်းလုပ်ကိုင်တဲ့အခါအခြေခံလုပ်သားကျွမ်းကျင်မှု၊ စနစ်ကျမှုနဲ့ နည်းပညာမြင့်မားမှုတွေကြောင့် အကောင်အထည်ဖော်လိုတဲ့ စီမံကိန်းတွေကို အချိန်တိုအတွင်း စနစ်တကျပြီးစီးနိုင်တဲ့အတွက် နိုင်ငံခြားသားကုမ္ပဏီတွေကို ငှားရမ်းလုပ်ကိုင်လာကြ ပါတယ်။

ပြည်တွင်းက ဆောက်လုပ်ရေးအခြေခံလုပ်သားတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းခြင်း၊ လုပ်သားအင်အား နည်းခြင်း၊ လက်ရာအရည်အသွေးနိမ့်ကျခြင်းနဲ့ ဆူလွယ်နပ်လွယ်လုပ်တတ်တဲ့ အခြေခံစိတ်ဓာတ် အင်အားနည်းပါး ခြင်းတွေကြောင့် လုပ်ငန်းပြီးမြောက်ဖို့ နှေးကွေးလေ့ရှိ တယ်လို့ ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

နိုင်ငံခြားက နာမည်ကြီးပညာရှင်တွေက ဒီဇိုင်းတွေ၊ နည်းပညာတွေကို သူတို့ရဲ့ပုံစံတွေအတိုင်း လိုက်လုပ်လို့ ရပေမဲ့ ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေ၊ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကိုတော့ ပြည်တွင်းပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ EdgeWise Architects Co.,Ltd ၏ CEO ဦးထင်ကျော်မြင့်က ဆိုပါတယ်။

"တကယ့်အတွေ့အကြုံရှိတဲ့ ပညာရှင်တွေနဲ့ တွဲလုပ်ရတဲ့အခါ နည်းပညာနဲ့ ဒီဇိုင်းဆန်းတွေကို ကျွန်တော်တို့ လေ့လာခွင့်ရပါတယ်။ တချို့ပရောဂျက်တွေက ကျွန်တော်တို့ကိုယ်တိုင် လုပ်နိုင်ပေမဲ့ သူတို့နဲ့ တွဲလုပ်လိုက်တဲ့အတွက် နည်းပညာတွေ၊ ဗဟုသုတတွေ ပိုရလာပါတယ်"လို့ ဦးထင်ကျော်မြင့်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဗိသုကာဆိုင်ရာ ဈေးကွက်ထဲမှာ လာရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲမှာ နာမည်ကြီးပြီး တကယ်အရည်အသွေးကောင်းကောင်း ထုတ်နိုင်တဲ့ ကုမ္ပဏီတွေရှိသလို နိုင်ငံခြားကုမ္ပဏီ အမည်ခံပြီး အဖြစ်သဘောလောက်သာ လုပ်နိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်လို့ ဦးထင်ကျော်မြင့်က ဆိုပါတယ်။

တကယ်အရေးပါတဲ့ ပရောဂျက်ကြီးတွေမှာတော့ နာမည်ကြီး ကုမ္ပဏီတွေကသာ လုပ်ကိုင်ခွင့်ရနေပါတယ်လို့လည်း သူကဆိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့စီးပွားရေး အကျိုးစီးပွားဖြစ်ထွန်းစေဖို့ ပိုမိုအဆင်ပြေ နည်းစနစ်ကျတဲ့ပညာရှင်တွေ၊ ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်လာကြ တာဟာ သူတို့ရဲ့ရွေးချယ်ခွင့်ပဲ ဖြစ်ပါတယ်။

ဒီလိုအဆင့်တွေကို ဖြတ် ကျော်နိုင်ဖို့ ကိုယ့်လူမျိုးကို ကိုယ်တိုင် ဂုဏ်ယူ ဝင့်ကြွားတတ်တဲ့ အခြေခံစိတ်ဓာတ်ရှိဖို့ လိုအပ်သလို ပညာရှင်လို့ ခံယူထားသူတွေကလည်း ယုံကြည်အားကိုးလောက်တဲ့ ပညာအရည်အသွေးတွေ ရှိနေဖို့ လိုအပ်တယ်လို့ ဗိသုကာ ပညာရှင် ဦးဇာနည်အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဗိသုကာလောကဟာ အားနည်းနေဆဲဖြစ်တာကြောင့် ဗိသုကာလို့ ပြောလိုက်ရင် အဆောက်အအုံရဲ့ဟိုနား၊ ဒီနားလောက်ကိုပဲ လှအောင်လုပ်တတ်တဲ့ သူတွေလို့ မြင်နေကြဆဲဖြစ်တယ်လို့ ဦးဇာနည်အောင်က ဆိုပါတယ်။ "တကယ်တော့ လူတွေမြင်ကြတဲ့ အမြင်တွေထက် ဗိသုကာပညာက အများကြီးပိုကျယ်ပြန့်ပါတယ်၊ အများကြီး ပိုအရေးပါပါတယ်။ ဒါပေမဲ့ အခြေခံပညာရေးကိုက အားနည်းတော့ လူတွေကlook down (အထင်သေး) ချင်ကြတယ်"လို့ ဦးဇာနည်အောင်က ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာဆိုရင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဟာ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပြည်တွင်းပညာရှင်တွေ အပြင် ပြည်တွင်းအခြေခံ လုပ်သားတွေကိုပါ အချိုးကျ ပူးပေါင်းလုပ်ဆောင်မှသာ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေအခင်းအကျင်းကို ပြဋ္ဌာန်းထားတာရှိတယ်လို့ ၎င်းက ပြောပါတယ်။

ပြည်တွင်းမှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက နည်း ပညာတွေ မြင့်မားစွာနဲ့ စီမံကိန်းတွေကို လုပ်ဆောင်သွားပေမဲ့ အဆောက်အအုံကလွဲရင် နည်းပညာတွေ ကျန်မနေခဲ့ပါ ဘူးလို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်နေပြီး ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နိုင်ငံတကာနဲ့ ယှဉ်လာတဲ့အခါ မြန်မာနိုင်ငံက လုပ်သားတွေဟာ အရည်အသွေးပိုင်း နိမ့်ကျနေဦးမှာပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဗိသုကာအသင်းဥက္ကဋ္ဌ ဦးဆန်းဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံဗိသုကာကောင်စီရဲ့ ဥပဒေအရ နိုင်ငံခြားသား ဗိသုကာပညာရှင်တွေက မှတ်ပုံမတင်ဘဲ လုပ်ငန်း တွေ လုပ်ဆောင်နေမယ်ဆိုရင် ထောင်ဒဏ်ချမှတ်နိုင်တဲ့အထိ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ သို့သော် လက်တွေ့ ဆောင်ရွက်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မထွက်ရှိသေးတာကြောင့် ဥပဒေဟာ အသက်မဝင်နိုင် သေးပါဘူး။

" ဒီတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် နိုင်ငံခြားသား လုပ်ငန်းရှင်တွေက မြို့ပေါ်မှာပဲ အကုန်နေရာယူ လုပ်ကိုင်နေကြပြီး ပြည်တွင်းကလူတွေကတော့ တောမှာပဲ သွားလုပ်နေရလိမ့်မယ် " လို့ ဦးဆန်းဦးက မှတ်ချက်ပြုပါတယ်။

 

Credit: The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service