တရုတ်အစိုးရပိုင် ကျင်မောက်ကုမ္ပဏီက နေအိမ်များကို မူလဝယ်ခဲ့သည့်မြေဈေးနှုန်းပင်မရှိသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

တရုတ်အစိုးရပိုင် ကျင်မောက်ကုမ္ပဏီက နေအိမ်များကို မူလဝယ်ခဲ့သည့်မြေဈေးနှုန်းပင်မရှိသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
23 Nov 2018 2:08 pm တွင် တင်ခဲ့သည်
1165 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မကြီးတွင် အိမ်ခြံမြေဝယ်လိုအား ကျဆင်းလျက်ရှိနေရာ နိုင်ငံပိုင် China Jinmao Holdings က ဈေးနှုန်းနည်းပါးစွာဖြင့် ရောင်းချပေးမှုများ ပြုလုပ်လျက်ရှိသည်။

ပင်လယ်ကမ်းခြေမြို့ကလေးတစ်ခုဖြစ်သည့် Xiamen တွင်ရှိသော စီမံကိန်းတစ်ခုမှ နေအိမ်များကို အဆိုပါစီမံကိန်းဆောက်လုပ်ရန် ဝယ်ယူခဲ့စဉ်က ဈေးနှုန်းအောက် နည်းပါးစွာဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။

အိမ်ခြံမြေလောက စကားအရ China Jinmao သည် ဂျုံမှုန့်ဈေးအောက် နည်းပါးစွာဖြင့် ပေါင်မုန့်ကို ရောင်းချနေခြင်းဖြစ်ပြီး ပြီးခဲ့သော အောက်တိုဘာလလယ်ပိုင်းကတည်းက ယင်းသို့ရောင်းချနေခဲ့ခြင်းလည်း ဖြစ်သည်။

Xiang’an Jinmao Yue စီမံကိန်းရှိ လူနေခန်းများကို စတုရန်းတစ်မီတာလျှင် ယွမ်ငွေ ၂၈၀၀၀ (ကန်ဒေါ်လာ ၃၅၇၅) ဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး စီမံကိန်းနေရာကို ဝယ်ယူခဲ့စဉ်က စတုရန်းတစ်မီတာလျှင် ယွမ်ငွေ ၂၉၄၅၁ ပေးခဲ့ရရာ ဝယ်ဈေးအောက် ၅ ရာခိုင်နှုန်းပင် နည်းပါးနေသည်။

 Xiamen မြို့သည် ဖူကျန်းပြည်နယ်တွင် တည်ရှိပြီး လူဦးရေ ၃ ဒသမ ၅ သန်းနေထိုင်သော မြို့ကြီးဖြစ်သည်။

တရုတ်ဗဟိုအစိုးရသည် ယခုနှစ် ဒုတိယနှစ်ဝက်တာ ကာလအတွင်း အိမ်ခြံမြေမူဝါဒများကို တင်းကြပ်မှုများ ပြုလုပ်လာခဲ့ပြီးနောက် အိမ်ခြံမြေဈေးနှုန်း အလွန်အမင်း ထိုးဆင်းလျက်ရှိသော ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့ကာ China Jinmao က ယင်းဒေသရှိ စီမံကိန်းကို ယခုကဲ့သို့ အရှုံးခံရောင်းချမှုများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

China Jinmao သည် စတုရန်းမီတာ ၇၁၀၀၀ ကျယ်ဝန်းသော ယခုစီမံကိန်းရှိ လူနေအိမ်များကို မူလက ရည်မှန်းထားသည်မှာ စတုရန်းတစ်မီတာလျှင် ယွမ်ငွေ ၄၁၂၄၄ ဖြင့် ရောင်းချရန် ရည်မှန်းထားခဲ့ခြင်းဖြစ်သည်။

အဆိုပါဈေးနှုန်းဖြင့် ရောင်းချရန် အစိုးရ၏ ခွင့်ပြုချက်လည်း ရရှိထားပြီး ဖြစ်သော်လည်း အမှန်တကယ်ရောင်းချခဲ့သည့် ဈေးနှုန်းမှာ မူလရည်မှန်းထားသည့် ဈေးနှုန်းအောက် ၃၂ ရာခိုင်နှုန်း နည်းပါးလျက်ရှိသည်။

China Jinmao သည် ယခုစီမံကိန်းနေရာကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် လေလံပွဲတွင် ကြမ်းခင်းဈေးထက် ၄၀ ဒသမ ၂ ရာခိုင်နှုန်း ဈေးပိုပေးကာ ယွမ်ငွေ ၂ ဒသမ ၀၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service