ဟောလိဝုဒ်ကြယ်ပွင့် ဆန်ဒရာဘူးလော့ခ်၏ တစ်လလျှင် ဒေါ်လာ ၁၅၀၀၀ ဖြင့် ငှားရမ်းပေးနေသော ဟောလိဝုဒ်ရှိစံအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ

ဟောလိဝုဒ်ကြယ်ပွင့် ဆန်ဒရာဘူးလော့ခ်၏ တစ်လလျှင် ဒေါ်လာ ၁၅၀၀၀ ဖြင့် ငှားရမ်းပေးနေသော ဟောလိဝုဒ်ရှိစံအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
23 Nov 2018 12:39 pm တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး

ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော Speed ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ၊ အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် ဆန်ဒရာဘူးလော့ခ်ပိုင်ဆိုင်ထားကာ တစ်လလျှင် ဒေါ်လာ ၁၅၀၀၀ ဖြင့် ငှားရမ်းပေးနေသော ဟောလိဝုဒ်ရှိစံအိမ်ကြီးမှာ ယခုအခါ ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် Hollywood Hills အရပ်တွင် တည်ရှိပြီး မူလက တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် အငှားချထားလျက်ရှိသည့် နေအိမ်လည်း ဖြစ်သည်။

(ဆန်ဒရာဘူးလော့ခ်က အဆိုပါစံအိမ်အား အငှားချထားသည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/570639 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

ဆန်ဒရာဘူးလော့ခ်သည် အဆိုပါနေအိမ်ကို ပြီးခဲ့သော ဇူလိုင်လအတွင်းကလည်း ကန်ဒေါ်လာ ၂ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။

၂၀၀၁ ခုနှစ်တွင် ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁ ဒသမ ၄၈၅ သန်းပေးခဲ့ရပြီး ယခုရောင်းထွက်သွားသည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၉၂၅ သန်းဖြင့်ဖြစ်ရာ ဆန်ဒရာဘူးလော့ခ်အဖို့ ကန်ဒေါ်လာ တစ်သန်းခွဲနီးပါး မြတ်စွန်းခဲ့သည်။

ကယ်လီဖိုးနီးယား ဘန်ဂလိုဗိသုကာဟန်ဖြင့်  ၁၉၄၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆိုပါစံအိမ်ကြီးတွင် ဟောလိဝုဒ်ရွှေခေတ်၏ အငွေ့အသက်များစွာ ခံစားနိုင်မည်လည်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်း ၃၁၅၃ စတုရန်းပေရှိပြီး ပရိဘောဂအပြည့်အစုံထည့်သွင်းပေးထားကာ တစ်ထပ်အဆောက်အအုံဖြစ်သည်။

ဧည့်ခန်းအတွင်းတွင် ကြီးမားသည့်မျက်နှာကြက်ခုံးကြီးမှာ မီးလင်းဖိုကြီး၏ အထက်တွင် ခန့်ထည်စွာ တည်ရှိသည်။

စားသောက်ခန်းနှင့် မီးဖိုဆောင်တွဲလျက်တည်ရှိပြီး မီးဖိုဆောင်မှတစ်ဆင့် ကျောက်တုံးဆိပ်ခံပြုလုပ်ထားသည့် ရေကူးကန်၊ spa နှင့် ရေကန်ဘေးလသာဆောင်တစ်ခု ဆောက်လုပ်ထားသည်။

ထိုနေရာမှတစ်ဆင့် လော့စ်အိန်ဂျလိ၏ အလှကို ရှုမြင်ခံစားနိုင်သည်။

ဆန်ဒရာဘူးလော့ခ်သည် ဘီဗာလီဟေးလ်တွင်လည်း ကန်ဒေါ်လာ ၁၆ သန်းတန် နေအိမ်တစ်လုံးပိုင်ဆိုင်ထားသေးပြီး အဆိုပါနေအိမ်ဘေးတွင် ကမ္ဘာကျော်အဆိုတော် ရစ်ကီမာတင် နေထိုင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service