တောင်အာဖရိကသမ္မတ ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား အငြိမ်းစားဘ၀ အနားယူနေထိုင်သွားခဲ့သည့် စံအိမ်ကြီး

တောင်အာဖရိကသမ္မတ ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား အငြိမ်းစားဘ၀ အနားယူနေထိုင်သွားခဲ့သည့် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
20 Nov 2018 11:37 am တွင် တင်ခဲ့သည်
1290 ကြိမ် ကြည့်ရှု့ပြီး

နယ်လ်ဆင် မင်ဒဲလားသည် တောင်အာဖရိက ၏ ပထမဆုံးသောလူမည်းသမ္မတဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဖို့ထ်ဟဲရ် တက္ကသိုလ်တွင် ဥပဒေပညာဆည်းပူးခဲ့ပြီး ဂျိုအန်နက်စ်ဘတ်တွင် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရပြီး တစ်ဆက်တည်းဆိုသလိုပင် အစိုးရကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

ယင်းနောက်ပိုင်း ရော်ဘင်ကျွန်း၊ ပိုးစ်မိုးရ်အကျဉ်း ထောင်နှင့် ဗစ်တာဗာစတာအကျဉ်းထောင်တို့တွင် ၂၇ နှစ်ခန့် အကျဉ်းကျခံခဲ့ရသည်။

ထိုနောက်ပိုင်း ပြည်တွင်းနှင့် နိုင်ငံတကာဖိအား အလွန်များလာသည့်အပြင် လူမျိုးရေးပြည်တွင်းစစ်ဖြစ်လာ မည်ကို ရတက်မအေးဖြစ်လာသောကြောင့် လူဖြူသမ္မတ အက်ဖ်-ဒဗလျူ-ဒီ-ကလာ့ခ်က ၁၉၉၀ ပြည့်နှစ်တွင် မင်ဒဲလား ကို ပြန်လွှတ်ပေးခဲ့သည်။

မင်ဒဲလားနှင့် ဒီကလာ့ခ်တို့ကတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လူမျိုးရေးခွဲခြားမှုများ အဆုံးသတ်ရန် ညှိနှိုင်းခဲ့ကြသည်။

၁၉၉၄ ခုနှစ်တွင်ကား လူမျိုးစုံမဲပေးနိုင်သော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့ရာ မင်ဒဲလား၏ အေအင်န် စီပါတီကအနိုင်ရကာ သမ္မတဖြစ်လာခဲ့သည်။

နယ်လ်ဆင် မင်ဒဲလားကို ဒီမိုကရေစီ၏ အထိမ်းအမှတ် ပြယုဂ်အဖြစ် သတ်မှတ်ခဲ့ကြပြီး ကမ္ဘာတစ်လွှားမှ ဆုတံဆိပ်ပေါင်း ၂၅၀ ကျော် ချီးမြှင့်ခဲ့ကြရာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုလည်း အပါအ၀င်ဖြစ်လေသည်။

သမ္မတ တာဝန်မှ အနားယူပြီးနောက်ပိုင်းတွင် မင်ဒဲ လားသည် တောင်အာဖရိက၏ အရှေ့တောင်ပိုင်းရှိ ကုနုမြို့ ကလေးတွင် နေအိမ်ကလေးတစ်လုံးဆောက်လုပ်ခဲ့ကာ နေ ထိုင်သွားခဲ့သည်။

ကိတ်ပ်တောင်းမြို့၊ ဗစ်တာ ဗာစတာအကျဉ်းထောင် ကြီးအတွင်း နေထိုင်ခဲ့ရသော အဆောက်အအုံပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မင်ဒဲလားသည် ဗစ်တာ ဗာစတာအကျဉ်းထောင်တွင် ပြန်လည်လွတ်မြောက်ချိန်ဖြစ်သော ၁၉၉၀ ပြည့်နှစ်အထိ ၂ နှစ်ခန့် နေထိုင်ခဲ့ရသည်။

၂၀၀၈ ခုနှစ်တွင်ကား ပန်းခြံအတွင်း၌ အုတ်ဂူတစ်လုံး ပြုလုပ်ရန် မင်ဒဲလားက ညွှန်ကြားခဲ့သည်။

မင်ဒဲလားက ကလေးဘ၀က နေထိုင်ခဲ့သော အဆိုပါအရပ်တွင် ၎င်း၏ရုပ်အလောင်းကို မြှုပ်နှံစေလိုခဲ့ခြင်းဖြစ်ပြီး သူ၏မိသားစုကမူ မင်ဒဲလားမွေးဖွားခဲ့ရာဒေသတွင် မြှုပ်နှံလိုခဲ့ကြသည်။

မင်ဒဲလားသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီ ၅၀ အချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်ရှိပြီ ဖြစ်သည်။

နယ်လ်ဆင် မင်ဒဲလား၏ ဈာပနအခမ်းအနားသို့ ကမ္ဘာနိုင်ငံများစွာမှ နိုင်ငံအကြီးအကဲပေါင်း ၉၀ ကျော် တက်ရောက်ခဲ့ကြသည်။

နယ်လ်ဆင်မင်ဒဲလား၏ နေအိမ်မှာ ကာလတန်ကြေး အားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းခန့် တန်ကြေးရှိသည်ဟု ဆိုသည်။

မင်ဒဲလားက ၂၀၀၄ ခုနှစ်ခန့်ကတည်းက သေတမ်းစာရေးသားခဲ့ပြီး နေအိမ်ဆက်ခံမှုနှင့် ပတ်သက်ပြီး စီစဉ်ထားခဲ့ပြီး ဇနီးဖြစ်သူ ဂရာကာမာချယ်လ်နှင့် အခြားမိသားစုဝင်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။

စာမျက်နှာ ၄၀ ပါ အဆိုပါသေတမ်းစာကို ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် အနည်းငယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

သူ၏စာအုပ်များ ရောင်းချရာမှ ရရှိလာမည့်ငွေများနှင့် အခြားပစ်္စည်းများကိုမူ အာဖရိက အမျိုးသားကွန်ဂရက် (အေအင်န်စီ) သို့ လှူဒါန်းခဲ့သည်။

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service