ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ (၃)

ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ (၃) - Property News in Myanmar from iMyanmarHouse.com
20 Nov 2018 11:03 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

၁၇။ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုးလ်ဒါမြို့ အဝေးပြေးလမ်းမကြီးအနီးရှိ Cypress ၂၄ အမျိုးအစား သေးငယ်သော နေအိမ် ကလေးကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ သေးငယ်လှသော နေအိမ်များ ဆောက်လုပ်ကြသည့်လှုပ်ရှားမှုကို လွန်ခဲ့သည့်နှစ်အနည်းငယ်က စတင်ခဲ့ကြခြင်း ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် သေးငယ်သော အဆောက်အအုံငယ်ကလေးများ ဆောက်လုပ်သည့်အလေ့ ခေတ်စားလာနေသည်။ ယင်းသို့သော နေအိမ်ငယ်လေး များ၏ အကျယ်အ၀န်းမှာ စတုရန်းပေ ၁၀၀ မှ ၁၀၀၀ အကြားသာ ရှိကြသည်။

၁၈။ ဗိသုကာပညာရှင် မန်းဖရက်ဒ် ဗော့ရီတာက မိသားစု ၄ ဦး နေထိုင်နိုင် သည့် နေအိမ်အဖြစ် ဒီဇိုင်းဆွဲဆောက်လုပ် ခဲ့သော ကားပုံသဏ္ဌာန်နေအိမ်ဖြစ်သည်။ သြစတြီးယားနိုင်ငံ၊ ဆဲ့လ်ဇ် ဘာ့ဂ်ျပြည်နယ်၊ လန်းဝစ်ဒ်မြို့ တွင် တည်ရှိပြီး ၂၀၀၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်က ရိုက်ကူးခဲ့သည့်ဓာတ်ပုံ ဖြစ်သည်။

၁၉။ ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲကြီး ဖြစ်သော Shanghai World Expo 2010 ၂၀၁၀ ကျင်းပရန် စီစဉ်ခဲ့ချိန်က ကားပါကင်ဆောက် လုပ်မည့်နေရာတွင် တစ်လုံးတည်းကျန်ရစ် ခဲ့သည့် နေအိမ်တစ်လုံးဖြစ်သည်။

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ ၊ နန်ပူ တံတားအောက်ရှိ အဆိုပါ နေအိမ်ကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ နေအိမ်ပိုင်ရှင်မှာ ရှီယုကျိဟု အမည်ရပြီး ဓာတ်ပုံရိုက်ကူးပြီး ရက်အနည်း ငယ်အကြာတွင် ဖျက်သိမ်းခြင်းခံလိုက် ရသည်။

၂၀။ ဒူဘိုင်းရှိ The Dubai World စီမံကိန်းရေပြင်တွင် Floating Seahorse ဟု အမည်ပေးထားသော ရေပေါ်နေအိမ် ကို ၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ဒူဘိုင်းရှိ ကျွန်းတုတစ်ခုပေါ် တွင် ဥရောပဟန်ခံစားရမည့် ဇိမ်ခံနေအိမ် စီမံကိန်းကို The Heart of Europe အမည်ဖြင့် အကောင်အထည်ဖော်ခဲ့ရာ ယခုရေပေါ်နေအိမ်များလည်း ပါဝင်ခဲ့သည်။

၂၁။ Futuro II ဟု အမည်ပေးထား ကာ ပန်းကန်ပြားပျံအသွင် ဆောက်လုပ် ထားသည့် အဆိုပါနေအိမ်သည် Arrow Company က ကျင်းပသော ကောလိပ် ကျောင်းသားများအတွက် ပြိုင်ပွဲတစ်ခု တွင် grand prize ဆုကြီး ရရှိသွားသည့် နေအိမ်လည်း ဖြစ်သည်။ Futuro II သည် အချင်း ၂၆ ပေ၊ အမြင့် ၁၂ ပေရှိကာ လူ ၂ ဦးမှာ ၄ ဦးအထိ သက်သောင့်သက်သာ အိပ်စက်နိုင်သည်။ ယခုဓာတ်ပုံကို ၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

၂၂။ ဗိသုကာပညာရှင် ကွန်စတန် တင် မယ်လ်နီကော့ဗ်၏ နေအိမ်ဖြစ်ပြီး မယ်လ်နီကော့ဗ်စံအိမ်ဟုလည်း လူသိများသည်။ ရုရှားနိုင်ငံ ၊ မော်စကိုမြို့ လယ်တွင် တည်ရှိသည့် အဆိုပါ နေအိမ်ရှေ့ တွင် မယ်လ်နီကော့ဗ်၏ မြေးဖြစ်သူ ကာရင်စကာယာ လမ်းလျှောက်နေပုံကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃ ရက်က ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ ဆဋ္ဌဂံပုံပြတင်းပေါက်များဖြင့် ထူးခြားလှသည့် နေအိမ်ဒီဇိုင်းနှင့် စပ်လျဉ်း ပြီး မယ်လ်နီကော့ဗ်မိသားစုနှင့် ယဉ်ကျေး မှုဌာနမှ အရာရှိတို့အကြား အငြင်းပွားမှု များဖြစ်ခဲ့ရပြီး အဆိုပါနေအိမ်သို့ အများ ပြည်သူ ၀င်ရောက်မကြည့်ရှုစေရန် ရုရှားယဉ်ကျေးမှုဌာနက ပိတ်ပင်ခဲ့သည်။

၂၃။ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည့် French Riviera အရပ်တွင် တည်ရှိသော ယခုနေအိမ်ဆန်းကို ပြင်သစ် ဘာသာအရ Le Palais Bulles ( ပူဖောင်း နန်းတော်ဟု အဓိပ္ပာယ်ရ) ဟု အမည် ပေးထားသည်။ အနာဂတ်ဆန်သည့် နေအိမ်ကို လုံးဝန်းသည့်အခန်းများ၊ ရစ်ခွေလိမ်သည့် ကြမ်းပြင်များဖြင့် ဆောက်လုပ်ထားပြီး ပီယာ ကာဒင်နှင့် အန်တီလိုဗက်ဂ်ျတို့က ဒီဇိုင်းရေးဆွဲခဲ့သည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service