စင်္ကာပူထိပ်တန်း DEVELOPER ဖြစ်သော CapitaLand က စင်္ကာပူအစိုးရနှင့် ပူးပေါင်းကာ တရုတ်ပြည် ရှန်ဟိုင်းရှိ Star Harbour စီမံကိန်းကို ယွမ်ငွေ ၁၃ ဘီလီယံနီးပါးဖြင့် ဝယ်ယူ

စင်္ကာပူထိပ်တန်း DEVELOPER ဖြစ်သော CapitaLand က စင်္ကာပူအစိုးရနှင့် ပူးပေါင်းကာ တရုတ်ပြည် ရှန်ဟိုင်းရှိ Star Harbour စီမံကိန်းကို ယွမ်ငွေ ၁၃ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Nov 2018 12:13 pm တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူ၏ ထိပ်တန်း DEVELOPER ဖြစ်သော CapitaLand သည် စင်္ကာပူအစိုးရ၏ ဘဏ္ဍာငွေအဖွဲ့ GIC နှင့် ၅၀း၅၀ ဖြင့် ပူးပေါင်းကာ တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၊ ဟောင်ကူးခရိုင်ရှိ Star Harbour အင်တာနေရှင်နယ်စင်တာ စီမံကိန်းကို ယွမ်ငွေ ၁၂ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ကြောင်း CapitaLand က ထုတ်ပြန်ကြေညာသည်။

စတုရန်းမီတာ ၁ ဒသမ ၅ သန်း (စတုရန်းပေ ၁၆ သန်း ) ကျယ်ဝန်းသော အဆိုပါစီမံကိန်းကြီး၏ အရောင်းအဝယ်နှင့် စပ်လျဉ်းပြီး ခန့်မှန်းချက်များစွာ ထွက်ပေါ်ခဲ့ပြီးနောက် CapitaLand က ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

လက်ရှိအားဖြင့် ယင်းစီမံကိန်းကြီး ဆောက်လုပ်မှုမှာ အပြီးသတ်လုနီးပါးရှိနေပြီး လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် အဆင့်အလိုက် ဖွင့်လှစ်သွားရန် CapitaLand က မျှော်မှန်းထားသည်။

ယခုစီမံကိန်းသည် ရှန်ဟိုင်းတွင် CapitaLand ၏ တတိယမြောက် Raffles City စီမံကိန်းဖြစ်လာမည်ဖြစ်ပြီး တရုတ်ပြည်တွင် ကိုးခုမြောက်ဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၁၀ ခုမြောက် ဖြစ်သည်။

“ဒီစီမံကိန်းဟာ ၂၀၁၉ ခုနှစ်၊ ဒုတိယနှစ်ဝက်ကစပြီး အဆင့်အလိုက် လုပ်ငန်းလည်ပတ်မှုတွေ စတင်သွားမှာဖြစ်ပြီး ပြိုင်ဆိုင်မှုအားကောင်းတဲ့ ရှန်ဟိုင်းဈေးကွက်မှာ ကျွန်တော်တို့အတွက် အရှိန်အဟုန်မြှင့်တင်ပေးမှာဖြစ်ပါတယ်”ဟု CapitaLand ၏ အမှုဆောင်အရာရှိချုပ် Lee Chee Koon က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ တရုတ်ပြည် ရေရှည်အမြင်တွေနဲ့အညီ စိုက်ပျိုးထားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုအကျိုးရလဒ်အသီးအပွင့်တွေကို ရိတ်သိမ်းဖို့အတွက် ဈေးကွက်စက်ဝန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံနေမှာပဲ ဖြစ်ပါတယ်”ယခုစီမံကိန်းသည် ဟွမ်ပူမြစ်ကမ်းနံဘေး၊ ၄ ဒသမ ၀၅ ဟက်တာရှိ မြေနေရာပေါ်တွင် တည်ရှိသည်။

အထပ် ၅၀ ရုံးခန်းတာဝါ ၂ ခုပါဝင်မည်ဖြစ်ပြီး အောက်ဘက် ၇ ထပ်ကို ဈေးဝယ်စင်တာအဖြစ် အသုံးပြုမည်ဟု ဆိုသည်။

အမြင့် ၂၆၃ မီတာရှိမည့် ယခုစီမံကိန်းသည် ရှန်ဟိုင်းတွင် အမြင့်မားဆုံး အမြွှာမျှော်စင်ရုံးခန်းကွန်ပလက် စီမံကိန်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service