၁၈ ထပ်ဆောက်လုပ်ထားသည့်အနက် ၂ ထပ်သာ မြေပေါ်တွင်ရှိသော ကမ္ဘာ့အနက်ရှိုင်းဆုံးဟိုတယ်ကြီး တရုတ်ပြည်တွင် ဆောက်လုပ်နေမှု အပြီးသတ်တော့မည်

၁၈ ထပ်ဆောက်လုပ်ထားသည့်အနက် ၂ ထပ်သာ မြေပေါ်တွင်ရှိသော ကမ္ဘာ့အနက်ရှိုင်းဆုံးဟိုတယ်ကြီး တရုတ်ပြည်တွင် ဆောက်လုပ်နေမှု အပြီးသတ်တော့မည် - Property News in Myanmar from iMyanmarHouse.com
19 Nov 2018 11:07 am တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် ကမ္ဘာ့အနက်ရှိုင်းဆုံးဟိုတယ်ကြီးကို ကန်ဒေါ်လာ ၂၈၈ သန်း အကုန်အကျခံဆောက်လုပ်လျက်ရှိရာ ယခုအခါ အပြီးသတ်တော့မည်ဟု ဆိုသည်။

ဟိုတယ်ကြီးတွင် အထပ်ပေါင်း ၁၈ ထပ် ပါဝင်သည့်အနက် ၂ ထပ်သာလျှင် မြေပေါ်တွင် တည်ရှိသည်။

ရှန်ဟိုင်းသည် ကမ္ဘာ့ဒုတိယအမြင့်မားဆုံး အဆောက်အအုံကြီးတည်ရှိရာနေရာဖြစ်လာခဲ့ပြီး ၂ နှစ်အကြာတွင် ကမ္ဘာ့အနက်ရှိုင်းဆုံး ဟိုတယ်ကြီးဖြင့် ဗိသုကာအောင်မြင်မှုတစ်ခု ထပ်မံရရှိလိုက်ခြင်းလည်း ဖြစ်သည်။

ရှန်ဟိုင်းမြို့၊ ဆောင်ကျန်းခရိုင်ရှိ စွန့်ပစ်ကျင်းဟောင်းကြီးတစ်ခု၏ အောက်ခြေမှ မြေပေါ်သို့ ၈၈ မီတာ (၂၉၀ ပေ) အမြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အထပ်ပေါင်း ၁၈ ထပ် ပါဝင်သည်။

InterContinental Shanghai Wonderland ဟိုတယ်ဟု အမည်ပေးထားပြီး ၁၂ နှစ်ခန့် ဆောက်လုပ်ခဲ့ရကာ ယွမ်ငွေ ၂ ဘီလီယံ (ကန်ဒေါ်လာ ၂၈၇ ဒသမ ၉ သန်း) ကုန်ကျခဲ့သည်။

ဟိုတယ်ကြီး၏ အောက်ဆုံးထပ် ၂ ခုမှာ ရေကန်ကြီးအောက်တွင် နစ်မြှုပ်ကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ဟိုတယ်ကို ဆောက်လုပ်ခဲ့သည့် developer ဖြစ်သော Shimao Group ၏ လက်ထောက်ဥက္ကဌ ရှုရှီတန်က ပြောကြားရာတွင် “ဒီနေရာဟာ အရင်က စွန့်ပစ်ကျင်းဟောင်းကြီးဖြစ်ခဲ့တယ်။ ဒါကို အခုကျွန်တော်တို့က အသုံးဝင်တဲ့ ရတနာတစ်ပါးအဖြစ် ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဟောင်ကျောင်နိုင်ငံတကာလေဆိပ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) အကွာရှိ ရှီးရှန်အရပ်တွင် တည်ရှိသည့် ယခုဟိုတယ်ကြီးတွင် အခန်းပေါင်း ၃၃၆ ခန်းပါဝင်ပြီး တည်းခိုခမှာ ယွမ်ငွေ ၃၄၀၀ (မြန်မာငွေ ၇၈၀၀၀၀ ဝန်းကျင်) မှ ယွမ်ငွေ ၃၈၀၀ (မြန်မာငွေ ၈၇၀၀၀၀ ဝန်းကျင်- ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်ငွေလဲနှုန်းအရ) ကျသင့်မည်ဟု ဆိုသည်။

လာမည့်အင်္ဂါနေ့တွင် စတင်တည်းခိုနိုင်တော့မည်ဖြစ်ကြောင်း ဟိုတယ်ကို စီမံကွပ်ကဲသည့် IHG ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

Shimao Group ၏ ဥက္ကဌ ရှုရောင်မောင်းက ပြောကြားရာတွင် စွန့်ပစ်ကျောက်ကျင်းနေရာသို့ ၂၀၀၆ ခုနှစ်တွင် စတင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

သဘာဝ၏ ဒဏ်ရာဒဏ်ချက်တစ်ခုမှာ ရှီးရှန်၏ ရေပြင်ပြာ၊ စိမ်းလန်းသော တောင်ကုန်းများနှင့် သဟဇာတမဖြစ်ဟု ရှုမြင်သုံးသပ်ခဲ့ပြီး သမားရိုးကျမဟုတ်သော ယခုဟိုတယ်ကြီး ဆောက်လုပ်ရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်၏ ဒီဇိုင်းပုံစံကြောင့် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ကနဦးတွင် တိုးတက်မှုအလွန်နှေးကွေးခဲ့ပြီး မကြာခဏစီမံကိန်းရပ်ဆိုင်းခဲ့ရသည်။

ဖောင်ဒေးရှင်းအတွက် piling လုပ်ငန်းများအတွက်ပင်လျှင် ၂ နှစ်ခန့် အချိန်ယူခဲ့ရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
INNO CITY
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service