ရန်ကုန်မိုးပျံလမ်း ဆောက်လုပ်ရေး ဆန်ကာတင်စာရင်း ယခုလကုန် ကြေညာမည်

ရန်ကုန်မိုးပျံလမ်း ဆောက်လုပ်ရေး ဆန်ကာတင်စာရင်း ယခုလကုန် ကြေညာမည် - Property News in Myanmar from iMyanmarHouse.com
19 Nov 2018 10:08 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး

မြို့တော်ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီများ ဆန်ကာတင်စာရင်းကို ယခုလကုန်ပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့က အသိပေး ကြေညာလိုက်သည်။

ပြည်တွင်းပြည်ပကုမ္ပဏီ ၁၂ ခုတို့က ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းမှ ယခုသီတင်းပတ် အင်္ဂါနေ့အထိ အဆိုပါ စီမံကိန်းပထမအဆင့်အတွက် ဆန်ခါတင် အရည်အသွေးပြည့်မီမှု လျှောက်လွှာများ တင်ခဲ့ကြသည်။ ယင်း ကုမ္ပဏီများထဲတွင် မြန်မာ-တရုတ် အကျိုးတူလုပ်ငန်း ၂ ခု၊ ထိုင်း-ဂျပန်-မြန်မာ အကျိုးတူလုပ်ငန်း ၁ ခု၊ ထိုင်း-တရုတ် အကျိုးတူလုပ်ငန်း ၁ ခု၊ တရုတ်နိုင်ငံမှ ကုမ္ပဏီ ၄ ခု၊ ပြင်သစ်၊ ကိုရီးယား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီ ၁ ခုစီ ပါဝင်သည်။

စီမံကိန်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီပေါင်း ၅၃ ခုတို့က အကျိုးတူ လုပ်ငန်းများအဖြစ် ပူးပေါင်း၍ လျှောက်လွှာများ အတူတကွတင်ခဲ့ကြကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

အရည်အသွေး ပြည့်မီသော လျှောက်လွှာရှင်များ စာရင်းကို ယခုလကုန်ပိုင်းတွင် ဝန်ကြီးဌာနက ထုတ်ပြန်မည်ဟု ၎င်းက ပြောသည်။

စီစဉ်ထားသည့် ပတ်လမ်း ၄ လမ်းမှာ ရန်ကုန်မြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းတို့ကို ချိတ်ဆက်ထားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို အများပိုင်နှင့်ပုဂ္ဂလိကပိုင် မိတ်ဖက်လုပ်ငန်းအနေဖြင့် အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တနံတလျား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်ထွန်းလာစေရန် ရည်သန်ထားသည်။

စီမံကိန်းအပိုင်း ၁ မှာ ဒေါပုံတံတား၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ချိတ်ဆက်ရန်ဖြစ်ကြောင်း ဦးကြည်ဇော်မြင့်က ပြောသည်။

အမြန်လမ်းတည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများပါဝင်သည့် ဦးဆောင် ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့ဘဏ် အုပ်စု၏ ပုဂ္ဂလိက ငွေချေးလုပ်ငန်းခွဲဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကို အဆိုပါ စီမံကိန်း၏ သီးသန့်ဦးဆောင်အကြံပေးအဖြစ် ခန့်အပ်ပြီး ဖြစ်သည်။

လေလံအောင်မြင်မှုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကြေညာပေးမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ အတွက် ကြာမြင့်ချိန်မှာ ၂ နှစ်ခွဲဖြစ်ကြောင်း ဦးကြည်ဇော်မြင့်က ပြောသည်။

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service