တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ဈေးနှုန်းများ မြင့်တက်မှုတွင် စင်္ကာပူကဟောင်ကောင်ကို ဖြတ်ကျော်သွား

တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ဈေးနှုန်းများ မြင့်တက်မှုတွင် စင်္ကာပူကဟောင်ကောင်ကို ဖြတ်ကျော်သွား - Property News in Myanmar from iMyanmarHouse.com
16 Nov 2018 11:44 am တွင် တင်ခဲ့သည်
1179 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူသည် အိမ်ခြံမြေဈေးနှုန်းများ ထိန်းချုပ်နိုင်ရန် မူဝါဒများ၊ စည်းမျဉ်းများ များစွာချမှတ်ခဲ့သည့်တိုင် ယခုအခါ စင်္ကာပူ၏ တန်ဖိုးကြီးလူနေအိမ်ဈေးနှုန်း မြင့်တက်မှုမှာ ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်ခဲ့သော ဟောင်ကောင်ကို ဖြတ်ကျော်သွားပြီဖြစ်သည်။

ယခုနှစ် တတိယ ၃ လပတ်အတွင်း စင်္ကာပူ၏ တန်ဖိုးကြီးနေအိမ်များ ဈေးနှုန်းမြင့်တက်မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း Knight Frank က ထုတ်ပြန်သော Prime Global Cities Index တွင် ဖော်ပြသည်။

ယင်းသို့ ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ တန်ဖိုးကြီးလူနေအိမ်များ ရောင်းလိုအား အကန့်အသတ်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင်သည် တတိယ ၃ လပတ်အတွင်း တန်ဖိုးကြီးနေအိမ်ဈေးနှုန်းမြင့်တက်မှုမှာ ပြီးခဲ့သောနှစ်နှင့် နှိုင်းယှဉ်လျှင် ၅ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး Prime Global Cities Index တွင် နံပါတ် ၁၄ နေရာသို့ ကျဆင်းသွားသည်။

အဆိုပါညွှန်းကိန်းတွင် ကမ္ဘာ့မြို့ကြီးပေါင်း ၄၃ မြို့ကို စစ်တမ်းကောက်ထားပြီး ပျှမ်းမျှအားဖြင့် ကမ္ဘာ့ဇိမ်ခံလူနေအိမ်ဈေးနှုန်းမြင့်တက်မှုမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းသာရှိရာ ၆ နှစ်တာကာလအတွင်း အနည်းပါးဆုံးပမာဏဖြစ်ခဲ့သည်။

ဥရောပတွင် အီဒင်ဘာ့ဂ်ျနှင့် မက်ဒရစ်တို့သည် ထိပ်တန်း ၅ မြို့စာရင်းတွင် ပါဝင်နေပြီး လန်ဒန်မှာမူ ဥရောပသမဂ္ဂမှ နှုတ်ထွက်ရေးလုပ်ငန်းစဉ်များကြောင့် မရေရာမှုများရှိနေသောကြောင့် ဇိမ်ခံလူနေအိမ်ဈေးနှုန်းများ ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ပဲရစ်နှင့် ဘာလင်တို့မှာ ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။

ဒူဘိုင်းမှာမူ ၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စတော့ဟုမ်း၊ အစ္စတန်ဘူလ်နှင့် တိုင်ပေတို့မှာ ၆ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service