ကမ္ဘာကျော် ရုပ်သံဇာတ်လမ်းတွဲ Game of Thrones ရိုက်ကူးခဲ့ရာ အိုင်ယာလန်မြောက်ပိုင်းရှိ ရဲတိုက်ကြီးကို တိုက်ခန်းတစ်ခန်း ဈေးနှုန်းပင်မရှိသော ခေါ်ဈေးဖြင့် ဈေးကွက်တင်လာ

ကမ္ဘာကျော် ရုပ်သံဇာတ်လမ်းတွဲ Game of Thrones ရိုက်ကူးခဲ့ရာ အိုင်ယာလန်မြောက်ပိုင်းရှိ ရဲတိုက်ကြီးကို တိုက်ခန်းတစ်ခန်း ဈေးနှုန်းပင်မရှိသော ခေါ်ဈေးဖြင့် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
16 Nov 2018 11:39 am တွင် တင်ခဲ့သည်
1609 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ရုပ်သံဇာတ်လမ်းတွဲ Game of Thrones ရိုက်ကူးခဲ့ရာ အိုင်ယာလန်မြောက်ပိုင်းရှိ ရဲတိုက်ကြီးကို တိုက်ခန်းတစ်ခန်း ဈေးနှုန်းပင်မရှိသော ခေါ်ဈေးဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဂေါ့စ်ဖို့ဒ်အမည်ရှိ ရဲတိုက်ကြီးသည် ဧကပေါင်း ၆၀၀ ကျယ်ဝန်းသော တောအုပ်ကြီး၏ အလယ်တွင် တည်ရှိပြီး အိပ်ခန်း ၁၅ ခန်းပါဝင်သည်။

ယခုအခါ ပေါင် ၅ သိန်းခေါ်ဈေးဖြင့် ဈေးကွက်တင်လာခြင်းဖြစ်ရာ လန်ဒန်ရှိ နေအိမ်ခန်းတစ်ခန်း၏ ဈေးနှုန်းမျှပင် မရှိချေ။

အိုင်ယာလန်မြောက်ပိုင်း ၊ အာမက်ဂ်ျခရိုင်ရှိ ဂေါ့စ်ဖို့ဒ်ရဲတိုက်ကြီးသည် Game of Thrones ဇာတ်လမ်းတွဲတွင် Riverrun ရဲတိုက်ကြီးအဖြစ် ပါဝင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

နှိုင်းယှဉ်ကြည့်ရှုမည်ဆိုပါက လန်ဒန်မြောက်ပိုင်း၊ အစ္စလင်တန်အရပ်ရှိ အိပ်ခန်းတစ်ခန်းပါ လူနေခန်းတစ်ခု၏ ပျှမ်းမျှတန်ဖိုးမှာ ပေါင် ၅၉၀၀၀၀ ခန့်ရှိသည်။

ကန်ဆင်တန်တောင်ပိုင်းတွင်ဆိုလျှင်မူ ပျှမ်းမျှတန်ဖိုးမှာ ပေါင် ၁ ဒသမ ၅ သန်းနှင့်အထက်အထိ ပေးရမည် ဖြစ်သည်။

ရဲတိုက်ကြီး၏ ရောင်းချမည့်အပိုင်းတွင် အိပ်ခန်း ၁၅ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်း ပါဝင်ပြီး ဗဟိုအပူပေးစနစ်ကား ပါဝင်ခြင်း မရှိချေ။

ရဲတိုက်ကြီးအတွင်း မူရင်းလက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်ဟုဆိုသည်။

အိပ်ခန်း- ရဲတိုက်ကြီးတစ်ခုလုံးတွင် ၁၅ ခန်း၊ လူနေခန်းတစ်ခုစီတွင် ၁ ခန်းစီ

ခြံဝန်းအကျယ်- ၆၀၀ ဧက

သန့်ရှင်းရေးလုပ်ရန်ကြာချိန်- ရဲတိုက်ကြီးတစ်ခုလုံးအတွက် ၁၀ ရက်၊ လူနေခန်းတစ်ခန်းလျှင် ၁ ရက်

ဂေါ့စ်ဖို့ဒ် ရဲတိုက်ကြီးသည် Game of Thrones ဇာတ်လမ်းတွဲများတွင် ၃ ကြိမ်အထိ ပါဝင်ခဲ့ပြီး ၁၈၀၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်မူ စစ်သည်များ စခန်းချရာနှင့် စစ်သုံ့ပန်းစခန်းအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ဟိုတယ်တစ်လုံးအဖြစ်ပင် အသုံးပြုခဲ့သေးသည်။

ယခုရောင်းချမည့်အပိုင်းမှာ အိပ်ခန်း ၃ ခန်းမှ ၅ ခန်းအထိပါသော တန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ်ပြောင်းလဲထားသည်။

နေအိမ်ခန်းများမှာ စတုရန်းပေ ၃၅၀၀ ခန့်အထိ ကျယ်ဝန်းသော အခန်းများဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service