အမေရိကန်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် စုန်းတစ်ဦး၏ နေအိမ် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် စုန်းတစ်ဦး၏ နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
16 Nov 2018 11:11 am တွင် တင်ခဲ့သည်
2601 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု ၊ မက်ဆာချူးဆက်ပြည်နယ် အရှေ့မြောက်ပိုင်း အက်ဆက်စ်ခရိုင်၊ ပီးဘာဒီမြို့ကလေးတွင် တစ်ချိန်က စုန်းတစ်ဦး ပိုင်ဆိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

မူလ ပိုင်ရှင်ဖြစ်သူ ဂျွန် ပရော့ခ်တာအမည်ရှိ အမျိုးသားသည် ဆပ်ဖော့ခ်ဒေသတွင် မွေးဖွားသူဖြစ်ပြီး စုန်းတစ်ဦးဖြစ်သည်ဟု စွဲချက်တင်ကာ ကြိုးပေးကွပ်မျက်ခံခဲ့ရသူလည်း ဖြစ်သည်။

၁၆၃၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၃၉၁၀ ကျယ်ဝန်းသည့် အဆိုပါနေအိမ်ကြီးကို ပေါင် ၄၅၉၀၀၀ (ကန်ဒေါ်လာ ၆၀၀၀၀၀) ဈေးခေါ်ထားသည်။ ဂျွန်သည် မက်ဆာချူးဆက်တွင် မြေပိုင်ရှင်တစ်ဦးဖြစ်၏။

အလုပ်သမားတစ်ဦးကို “မိစ္ဆာကျမ်းစာ”အား အတင်းအကြပ်ထိတွေ့ကိုင်တွယ်စေခဲ့ခြင်းကြောင့် စုန်းဟု သမုတ်ခံရကာ ၁၆၉၂ ခုနှစ်တွင် ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။

သူ၏ ဘဝဇာတ်ကြောင်းကို အာသာမေလာက The Crucible ဟူသည့် ပြဇာတ်ဖြင့်လည်းကောင်း၊ ရုပ်ရှင်ဒါရိုက်တာ နီကိုလပ်စ် ဟစ်တ်နာက ၁၉၉၆ ခုနှစ်တွင် The Crucible ဟူသည့်အမည်ဖြင့်ပင် ရုပ်ရှင်ရိုက်ကူး၍လည်းကောင်း ပုံဖော်ခဲ့ကြသည်။

နေအိမ်တွင် အိပ်ခန်း ၆ ခန်းပါဝင်ပြီး J. Barrett and Co., မှ အိမ်ခြံမြေအကျိုးဆောင် ဂျိုး စီပိုလက်တာက အရောင်းဈေးကွက်တင်သွင်း ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဂျွန်ပရော့ခ်တာ၏ နေအိမ်ကို မိသားစုတစ်ခုက ဆယ်စုနှစ် ၃ ခုခန့် ပိုင်ဆိုင်ခဲ့ပြီး ပိုင်ရှင်မှာ ပြီးခဲ့သော အောက်တိုဘာလ ၈ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ်ရှိပြီဖြစ်သည်။

အကယ်၍ သင်သည် ခြောက်ခြားဖွယ်သမိုင်းကြောင်းရှိသည့် နေအိမ်မျိုးကို နှစ်သက်သဘောကျသူဆိုပါက ဤအိမ်မှာ သင်ရွေးချယ်ရမည့်အိမ်ပင် ဖြစ်လေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service