စင်္ကာပူ developer ဖြစ်သော CapitaLand က ကွမ်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၈၈၂ သန်းဖြင့် ဝယ်ယူ

စင်္ကာပူ developer ဖြစ်သော CapitaLand က ကွမ်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၈၈၂ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
15 Nov 2018 11:47 am တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူ developer ဖြစ်သော CapitaLand သည် တရုတ်ပြည်၊ ကွမ်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၈၈၂ သန်းဖြင့် ဝယ်ယူလိုက်သည်။

မြေအကျယ်အဝန်း ၄ ဒသမ ၇ ဟက်တာပေါ်တွင် တည်ရှိသည့် ဘက်စုံသုံးစီမံကိန်းကို လေလံဆွဲအနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

CapitaLand က ၇၅ ရာခိုင်နှုန်းနှင့် အခြားကုမ္ပဏီတစ်ခုက ၂၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် နည်းပညာဗဟိုချက်တစ်ခုဖြစ်သော ကွမ်ကျိုးသိပ္ပံမြို့တော်ဝန်းကြီးအတွင်း တည်ရှိကာ ကွမ်ကျိုးမြို့၊ ဟွမ်ပူခရိုင်တွင် တည်ရှိခြင်းဖြစ်သည်။

စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၄၂၁၀၇ ရရှိဖွယ်ရှိပြီး ယင်းအနက် ၇၀ ရာခိုင်နှုန်းကို ရုံးခန်း၊ လက်လီအရောင်းဆိုင်နှင့် အသင့်နေလူနေခန်းများအဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကိုမူ လူနေသိပ်သည်းမှု နည်းပါးသောရုံးခန်းများအဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။

စီမံကိန်းဆောက်လုပ်မှုများမှာ ၂၀၂၂ ခုနှစ်တွင် အပြီးသတ်မည်ဟု ခန့်မှန်းထားသည်။

CapitaLand Group မှ တရုတ်ပြည်နှင့် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး၏ ဥက္ကဌ လူးကက်စ်လိုက ပြောကြားရာတွင် “ကွမ်ကျိုးရဲ့ ဘက်စုံသုံးစီမံကိန်းကို အချိန်ကိုက်ဝယ်ယူလိုက်မှုဟာ ကွမ်တုံ-ဟောင်ကောင်-မက္ကာအို Greater Bay ဧရိယာရဲ့ ဖွံ့ဖြိုးမှုလှိုင်းသစ်ကို ဖမ်းဆုပ်နိုင်ဖို့အတွက် CapitaLand ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။ ဒါက ကွမ်ကျိုးရဲ့ ဖွံ့ဖြိုးနေတဲ့ ရုံးခန်းဈေးကွက်မှာ CapitaLand က ခြေချလိုက်တာလည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

CapitaLand သည် ယခုနှစ် သြဂုတ်လအတွင်းကလည်း ကွမ်ကျိုးမြို့၊ ကျန်းချန်ခရိုင်တွင် လူနေစီမံကိန်း ၂ ခုဝယ်ယူထားခဲ့သေးသည်။ ယခုနှစ်အတွင်း CapitaLand သည် တရုတ်ပြည်တွင် နယ်ပယ်စုံ၌ စင်္ကာပူဒေါ်လာ ၂ ဘီလီယံဖိုးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service