ဒေါ်လာများ စီးဝင်စေရန် နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းဖြစ်

ဒေါ်လာများ စီးဝင်စေရန် နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
15 Nov 2018 10:27 am တွင် တင်ခဲ့သည်
1049 ကြိမ် ကြည့်ရှု့ပြီး

ဘဏ်အတိုးနှုန်း ဒေါ်လာနှင့်ကျပ်ငွေအတွက် နှစ်မျိုးသတ်မှတ်၊ အာမခံပစ္စည်း မြေနှင့် အဆောက်အအုံခွင့်မပြု

နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းသည် အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများ ပြည်တွင်းသို့စီးဝင်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းက ပြောကြားလိုက်သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင်လိုအပ်နေသည့် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများကို ပြည်တွင်းဘဏ်များမှ မဖြည့်ဆည်းပေး နိုင်သည့်အခြေအနေကို ပြောင်းလဲရန် ဗဟိုဘဏ်က စီစဉ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားဘဏ်များကို ငွေချေးခွင့် ပြုလိုက်ခြင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှစ်ဦးက ရှင်းလင်းပြောကြားသည်။

ဘဏ်အတိုးနှုန်း

နိုင်ငံခြားဘဏ်များက ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးပါက ကန်ဒေါ်လာအပါ အဝင် နိုင်ငံခြားငွေဖြင့် ချေးငွေပေးနိုင်သည့်အပြင် ကျပ်ငွေနှင့်လည်း ချေးပေးနိုင်မည်ဟု ၎င်းတို့ က ပြောသည်။

ချေးငွေအပေါ် ဘဏ်အတိုးနှုန်းကို နှစ်မျိုး သတ်မှတ်ထားသည်။ ကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဖြင့် ချေးမည်ဆိုပါက နိုင်ငံတကာသတ်မှတ်သည့်အတိုးနှုန်းအတိုင်း ခွင့်ပြုပြီး ကျပ်ငွေဖြင့် ချေးမည်ဆိုပါက ဗဟိုဘဏ် ပြဋ္ဌာန်းထားသည့် အတိုးနှုန်းဖြစ်သော အများဆုံး ၁၃ ရာခိုင်နှုန်းဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးဘိုဘိုငယ်က ပြောသည်။

နိုင်ငံတကာ ဘဏ်လုပ်ငန်းတွင် ငွေချေးယူသူ၏ ယုံကြည်နိုင်မှုအခြေအနေ၊ စီးပွားရေးလုပ် ငန်းများနှင့်ပတ်သက်၍ အောင်မြင်နိုင်မည့် အလားအလာများအပေါ် အခြေခံပြီး အတိုးနှုန်းသတ်မှတ်သည်ဟု ဆိုသည်။

ချေးငွေအတွက် အပေါင်ပစ္စည်း

နိုင်ငံခြားဘဏ်များမှ ငွေချေးမည်ဆိုပါက အာမခံအဖြစ် အပေါင်ပစ္စည်းကို ပြည်တွင်းဘဏ် များကဲ့သို့ မြေနှင့်အဆောက်အအုံ များကို ခွင့်မပြုပေ။ မြေနှင့် အဆောက်အအုံမှအပ ရွှေ၊ ငွေတိုက်စာချုပ်လုပ်ငန်းအခြေအနေ စသဖြင့် နိုင်ငံခြားဘဏ်များငွေချေးပေးရန် လက်ခံသော ကျန်ပစ္စည်း အားလုံး အာမခံနိုင်သည်ဟု ဆိုသည်။

၁၉၈၇ ခန့်က ပြဋ္ဌာန်းခဲ့သော မရွှေ့ပြောင်းနိုင်သော ပစ္စည်းဥပဒေက ယနေ့အထိ အသက်ဝင်နေ ခြင်းကြောင့် မြေယာနှင့်အဆောက်အအုံများ အပေါင်ပစ္စည်းသတ်မှတ်ခြင်းကိုမူ ဗဟိုဘဏ်က ခွင့်မပြုပေ။

‘‘နိုင်ငံခြားဘဏ်တွေလက် ထဲကို ယာယီမြေနဲ့အဆောက်အ အုံတွေရောက်သွားရင် ဥပဒေအ ရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ ရှုပ်ထွေးမှုတွေဖြစ်လာမှာကို စိုးရိမ်ရတယ်။ ဒါကြောင့် ဒီတစ်ခုကို တော့ ကန့်သတ်ထားတာပါ’’ ဟု ဦးစိုးသိန်းက ပြောသည်။

မြေနှင့်အဆောက်အအုံများ ကို အပေါင်ပစ္စည်းအဖြစ် ဗဟိုဘဏ်က ခွင့်မပြုသော်လည်း ရွှေ အပါအဝင် အစိုးရ၏ငွေတိုက်စာချုပ်များ၊ ငွေတိုက်လက်မှတ်များ၊နိုင်ငံခြားငွေများ စသည်တို့ကို အာမခံထားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ငွေချေးနိုင်မည်ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံခြားဘဏ်ခွဲများကို ငွေချေးခွင့်ပြုရာတွင် မြေနှင့် အဆောက်အအုံများကို အာမခံပစ္စည်းအဖြစ် ဗဟိုဘဏ်ကခွင့်ပြုမည်ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က စိုးရိမ်ခဲ့သည်။

ထို့အပြင် ဗဟိုဘဏ်က အိမ် ခြံမြေကိုအပေါင်ထားပြီး ငွေချေးသည့်စနစ်ကို ပြုပြင်ပြောင်းလဲလို နေသည်ဟုလည်း ဦးဘိုဘိုငယ်က ဆိုသည်။ ငွေချေးလိုသူများက ပြည်တွင်းဘဏ်များတွင် အာမခံအဖြစ် ထားရှိရန် အိမ်မြေများ ဆက်တိုက်ဝယ်ယူခြင်းကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများဆက်တိုက် မြင့်တက်ခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ကျပ်ငွေဖြင့်ပါ ငွေချေးခွင့်ပြု

ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြု ထားသည်မှာ လေးနှစ်ရှိပြီဖြစ် သော နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းဘဏ်ဝန်ဆောင်မှုများ ခွင့်ပြုပေးရာတွင် ကျပ်ငွေဖြင့်ပါ ဗဟိုဘဏ်က ခွင့်ပြုထားသည်။ ပြည်တွင်းဘဏ်များမှ ကျပ်ငွေကို ချေးယူပြီး တစ်ဆင့်ပြန်လည်၍ ချေးနိုင်မည့် ဝန်ဆောင်မှုမျိုးကို လုပ်ကိုင်နိုင်သည်ဟု ဆိုသည်။

ထို့အပြင် ပြည်တွင်းဘဏ်များက နိုင်ငံခြားဘဏ်များထံမှဒေါ်လာချေးခြင်း၊ သို့မဟုတ် နိုင်ငံခြားဘဏ်များက ပြည်တွင်းဘဏ်များထံ ကျပ်ငွေချေးခြင်း စသဖြင့်ဘဏ်အချင်းချင်း ငွေချေးပါကလည်း ခွင့်ပြုသည်ဟုဆိုသည်။

ဗဟိုဘဏ်ကို တရားစွဲမည်ဟု ခြိမ်းခြောက်ခံရ

ယခုကဲ့သို့ နိုင်ငံခြားဘဏ် များကို ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ စတင်ခွင့်ပြုပေး သဖြင့် ဗဟိုဘဏ်ကို တရားစွဲမည် ဟု ခြိမ်းခြောက်မှုများကိုပင် ကြုံခဲ့ကြောင်း ဦးဘိုဘိုငယ်က သတင်း မီဒီယာများအား ထုတ်ဖော်ပြောကြားသည်။

‘‘အမြဲတမ်း ဆန့်ကျင်တဲ့သူ တွေရှိတယ်။ မနေ့က လွှတ်တော်ထဲက ပါတီတစ်ခုရဲ့အမတ်တစ် ယောက်က ပြောတယ်။ ဗဟိုဘဏ်ကို တရားစွဲမယ်ဆိုတာ ပြောတယ်။ ဒါကို ဖွင့်ပေးလိုက်လို့ ပြောတယ်’’ဟု နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းနှင့်ပတ်သက်၍ ဦးဘိုဘိုငယ်က ပြောသည်။

ဗဟိုဘဏ်က နံနက်ပိုင်းတွင် နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ၊ မွန်းလွဲပိုင်းတွင် ပုဂ္ဂလိက ဘဏ်များနှင့် တွေ့ဆုံ၍ ရှင်းလင်းခဲ့ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

‘‘တန်းတူတော့ ယှဉ်ပြိုင်ရ မယ့်သဘောရှိတယ်။ ကိုယ်သဘောအရဆိုရင် ကိုယ့်ဈေးကွက်နဲ့ ကိုယ်ဖောက်သည် ရှိပြီးသားပါ။ ကြီးကြီးမားမားတော့ သက်ရောက်မှုမရှိပါဘူး’’ဟု ပထမပုဂ္ဂ လိကဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ပြောသည်။

ပြည်တွင်းဘဏ်များလက်ခံဟုဆို

ထို့အပြင် ဗဟိုဘဏ်၏ ရှင်းပြမှုများကို ဘဏ်အားလုံးကသဘောတူ လက်ခံသည်ဟု ဆို သည်။

‘‘ကမ္ဘာအရပ်ရပ်မှာ ဒီလိုပဲ ကျင့်သုံးနေကြတာပဲ။ ဗဟိုဘဏ် ရဲ့ စည်းမျဉ်းစည်းကမ်းအရ ဒီလို လုပ်တာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်တို့မှာလည်း ကျင့်သုံးနေတာပဲ။ ဒီသက်ရောက် မှုသိပ်မကြီးပါဘူး။ သူတို့က ချေးရင်လည်း အထူးသဖြင့် ဒေါ်လာနဲ့ ချေးမှာဆိုတော့ မြန်မာဘဏ် တွေ ကြောက်စရာ မလိုပါဘူး။ တရားမျှတဲ့ ယှဉ်ပြိုင်မှုပဲ ဖြစ်ပါစေ’’ဟု အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောသည်။

နိုင်ငံခြားဘဏ်ခွဲများမှ ချေးငွေရယူရေးသည် မြန်မာစီးပွား ရေးသမားများအတွက် စိန်ခေါ်မှု များရှိနေသည်။

သို့သော် နိုဝင်ဘာ ၈ ရက်က စတင်ပြီး ချေးငွေရယူခွင့်ပေးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းဆုံး ခြောက်လမှ တစ်နှစ်အတွင်း ပြင်ဆင်ရနိုင်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ နှစ်ဦးစလုံးက သုံးသပ်ပြောကြားသည်။

 

Credit:  7Daydaily 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service