ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇော့က ဝါရှင်တန်ဒီစီ၏ အကြီးမားဆုံးနေအိမ်ကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇော့က ဝါရှင်တန်ဒီစီ၏ အကြီးမားဆုံးနေအိမ်ကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Nov 2018 11:57 am တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး

Amazon တည်ထောင်သူ၊ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် ဂျက်ဖ် ဘီဇော့သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၏ အကြီးမားဆုံးနေအိမ်ကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။

ဂျက်ဖ် ဘီဇော့ကို ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် မွေးဖွားသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်တွင် ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ဂျက်ဖ် ဘီဇော့သည် ကန်ဒေါ်လာ ၁၁၂ ဘီလီယံခန့် ကြွယ်ဝသည်ဟု ခန့်မှန်းထားပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခြင်း ခံရသည်။

နယူးယောက်တိုင်းမ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ Amazon သည် ၎င်း၏ ရုံးချုပ်ကို နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရပ်နှင့် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်ခရိုင်အကြား နှစ်ခုခွဲခြားထားဖွယ်ရာရှိသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါသတင်းများနောက်တွင် ယခုအခါ ဂျက်ဖ် ဘီဇော့၏ ဝါရှင်တန်ဒီစီ နေအိမ်အကြောင်းလည်း သတင်းထွက်ပေါ်လာပြန်သည်။

လက်ရှိအားဖြင့် ယင်းနေအိမ်မှာ ပြုပြင်မွမ်းမံဆဲ အခြေအနေတွင် ရှိနေသည်။

ဂျက်ဖ်ဘီဇော့သည် ဝါရှင်တန်ဒီစီရှိ စတုရန်းပေ ၂၇၀၀၀ ကျယ်ဝန်းသော အဆိုပါနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ရက္ကန်းပြတိုက်အဆောက်အအုံအဖြစ် အသုံးပြုခဲ့ပြီး အိုဘားမားမိသားစု၊ ဒေါ်နယ်ထရမ့်၏ သမီးနှင့် သားမက်တို့နေထိုင်ရာ ကာလိုရားမားအရပ်တွင် တည်ရှိသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ သန်းအကုန်အကျခံကာ ပြုပြင်မွမ်းမံမှုလုပ်ငန်းများ စတင်ခဲ့ခြင်း ဖြစ်သည်။

-အိပ်ခန်း ၁၁ ခန်း

-ရေချိုးခန်း ၂၅ ခန်း

-ဧည့်ခန်း ၅ ခု

-စာကြည့်တိုက် ၂ ခု

-ဓာတ်လှေကား ၂ စင်း တို့ပါဝင်ပြီး ရေချိုးခန်းများစွာ ပါဝင်နေခြင်းအပေါ် မေးခွန်းထုတ်မှု များစွာရှိနေသည်။

ဂျက်ဘီဇော့သည် ဆီယက်တဲရှိ နေအိမ်ကို ပင်မနေအိမ်အဖြစ် ဆက်လက်အသုံးပြုမည်ဖြစ်ပြီး ၁၉၀၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ကာ နေအိမ် ၂ ခုအဖြစ် ကွဲပြားနေသည့် ယခုနေအိမ်များကို တစ်လုံးတည်းအဖြစ် ပေါင်းစည်းသွားမည်ဖြစ်ပြီး မိသားစု၏ အလှည့်အပြောင်းနေအိမ်တစ်လုံးအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service