မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ၂၀၁၉ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နေ

မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ၂၀၁၉ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
13 Nov 2018 12:37 pm တွင် တင်ခဲ့သည်
683 ကြိမ် ကြည့်ရှု့ပြီး

အရှေ့အနောက် စီးပွားရေးစင်္ကြံ အာဆီယံ ကုန်သွယ်မှုလမ်းကြောင်းတွင် တည်ဆောက်နေသော ထိုင်း-မြန်မာအမှတ် (၂) ချစ်ကြည်ရေးကုန်သွယ်တံတားကြီးကို၂၀၁၉ ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ရေးအတွက် ကျန်ရှိနေသော ချဉ်းကပ်လမ်းအပါအဝင် လုပ်ငန်းများအား ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသကြီးတစ်ခုလုံး အကျိုးဖြစ်ထွန်းနိုင်မည့် သောင်ရင်းမြစ်ဖြတ်ကျော် ကုန်သွယ်တံတားကြီးကို ၂၀၁၅ ခု နှစ် သြဂုတ် ၃၀ ရက်စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တံတားအပါအဝင် လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော်လည်း တည်ဆောက်ရေးလုပ်ငန်း အားလုံးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း မြဝတီခရိုင်ဒုတိယ ခရိုင်အုပ်ချုပ် ရေးမှူးဦးဌေးကျော်က ပြောကြားသည်။

“ဒီအမှတ်(၂)ချစ်ကြည်ရေးတံတားကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းမှန်သမျှ အခုဒီနှစ် ဒီဇင်ဘာလမှာ အပြီးသတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခု ၉၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေတဲ့ ဌာနဆိုင်ရာတွေရဲ့ တာဝန်ထမ်းဆောင်ရမယ့် ရုံးခန်းတွေကိုလည်း တံတားကြီးဖွင့်လှစ်ပြီးတာနဲ့ ချက်ချင်းတာဝန်ထမ်းဆောင်နိုင်အောင် သက်ဆိုင်ရာဝန်ထမ်းတွေကို CIQ စနစ်လို့ ခေါ်တဲ့ အကောက်ခွန်ဌာနရယ်၊ လူဝန်မှုကြီးကြပ်ရေးဌာန သီးနှံကာကွယ်ရေးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိမွေးကုဌာန၊ လုံခြုံရေးရဲတပ်ဖွဲ့၊ အခွန်ဦးစီးဌာနလမ်းဦးစီးဌာန၊ အာမခံဌာန၊ ကျန်းမာရေးဌာနအစရှိတဲ့ဌာနပေါင်း ၁၄ ခုပေါ့၊ အဲဒီဌာန ၁၄ ခု တာဝန်ထမ်းဆောင်ရမယ့် ရုံးခန်းတွေမှာ သူ့ရုံးခန်းအလိုက်နေရာတွေ သတ်မှတ်ထားပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ပရိဘောဂတွေ၊ ကွန်ပျူတာတွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊ အစရှိသဖြင့်လိုအပ်မယ့် ပစ္စည်းတွေကြိုတင်ထားရှိ ဆောင်ရွက်နိုင်ဖို့ ကြိုတင်စီစဉ်ထားပြီး ဖြစ်ပါတယ်” ဟု မြဝတီခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က ပြောကြားသည်။

မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားအား ၂၀၁၉ မတ်လတွင် ဖွင့်လှစ်နိုင်ရန်အတွက် ကျန်ရှိနေသော ချဉ်းကပ်လမ်း အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးနိုင်ရေးအတွက် နောက်ဆုံးအပြီးသတ် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု မြဝတီခရိုင်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးထွန်းဝင်းမြင့်က ဆိုသည်။

“အခုတံတားကြီးက ၉၅ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ၂၀၁၉ ခုနှစ်မတ်လမှာ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး တံတားကြီးနဲ့ အာရှလမ်းမကြီးဆက်သွယ်ဖို့ အခုဆိုရင်နောက်ဆုံးအပြီးသတ်လမ်း ဖောက်လုပ်ခြင်းဆောင်ရွက်နေပါပြီ။ တံတားကြီးနဲ့ အာရှလမ်းမကြီးက ၃ ဒသမ ၈၉၃ ကီလိုမီတာကွာဝေးပြီး အခုဒီဇင်ဘာလအတွင်း အပြီးသတ်ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ လမ်းအကျယ်ကတော့ လေးလမ်းသွားလမ်းမကြီးဖြစ်ပြီး ထိုင်းအင်ဂျင်နီယာတွေကိုယ်တိုင် စက်ယန္တရားကြီးတွေနဲ့ ဖောက်လုပ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်”ဟု မြဝတီခရိုင် လမ်းဦးစီးဌာနမှ အင်ဂျင်နီယာဦးထွန်းဝင်းမြင့်က ပြောကြားသည်။

အဆိုပါတံတားကြီးအား ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည်မှာ ချဉ်းကပ်လမ်းအပါအဝင် ၂၁ ဒသမ ၄၀ ကီလိုမီတာရှိပြီး တံတားအကျယ်မှာ ၁၇ မီတာရှိပြီး ကုန်ကျငွေ စုစုပေါင်းထိုင်းဘတ်ငွေသန်း ၉၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service