ပုသိမ်ကြီးမြို့နယ် လယ်ယာမြေကွက်သစ်ရိုက်ပြဿနာ အရှုတ်အရှင်းဖြစ်နေ

ပုသိမ်ကြီးမြို့နယ် လယ်ယာမြေကွက်သစ်ရိုက်ပြဿနာ အရှုတ်အရှင်းဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
13 Nov 2018 12:23 pm တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေကို တရားမဝင်ကွက်သစ်ရိုက်နေတဲ့အပေါ် အာဏာပိုင်တွေဘက်က တားဆီးပြီးနောက် အဲသည့်ဒေသတွေရှိ မြေအရောင်းအဝယ်ရပ်သန့်သွားရုံသာမက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပြဿနာတွေ ငွေကြေးအရှုတ်အရှင်းပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

ပြဿနာတွေကြားထဲမှာ အကွက်ရိုက်ကွက်စိတ်မြေဝယ်ထားသူအများစုသာ ထိခိုက်နစ်နာရနေတယ်လို့ နယ်ခံအချို့နဲ့ ကွက်ရိုက်ဝယ်ထားသူအချို့က ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေတွေမှာ ခွင့်ပြုချက်မဲ့အကွက်ရိုက် အဆောက်အအုံဆောက်လုပ်နေသူတွေကို ဥပဒေအရ တရားစွဲ အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေအချို့မှာ တရားမဝင်အကွက်ရိုက်ကာ အဆောက်အအုံလုပ်နေတာတွေနဲ့ ပက်သက်လို့ စစ်ဆေးခဲ့ပြီးနောက် လက်ရှိမှာ ခွင့်ပြုချက်မဲ့ အကွက်ရိုက်အဆောက်အအုံဆောက်သူ (၂၁)ဦးကို တရားစွဲဆိုထားတယ်၊ စစ်ဆေးအရေးယူဖို့ ကျန်နေတဲ့ အကွက်တွေရှိနေပြီး ဒါတွေကိုလည်း စိစစ်အရေးယူမယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

သည်အကွက်ရိုက်မြေဝယ်လက်တွေထဲမှာ အများစုက အခြေခံလူလတ်တန်းစားတွေနဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ဒေသခံအချို့ကို မေးမြန်းမှုတွေအရ သိရပါတယ်၊ စိစစ်အရေးယူမယ့် အစီအစဉ်ကြောင့် အကွက်ရိုက်ကွက်စိတ် မြေဝယ်ထားသူအများစုသာ ထိခိုက်နစ်နာမှာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပါတယ်။

‘ ဒီနေရာတွေမှာ ဝယ်တယ် အိမ်ဆောက်နေတယ်ဆိုတဲ့သူတွေက တကယ်တမ်းပွင့်ပွင့်လင်းလင်းပြောရရင် ကျူးမနေချင်လို့ ကိုယ့်ရှိစုမဲ့စုလေးတွေနဲ့ နေရာတစ်နေရာရပြီးရောဆို ဝယ်နေတာ၊ ပေါ်ပေါ်ထင်ထင် ကျောက်တိုင်တွေစိုက် အကွက်ရိုက်နေတုန်းကလည်းမတားဘူး၊ ရောင်းတုန်းကလည်း တားခဲ့တာမဟုတ်ဘူး၊ ခုကျမှ အရေးယူတယ်ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့ဗျာ၊ တကယ်ဆို ဒီနေရာ ဒီနေရာတွေမှာ အကွက်ရိုက်နေပြီဆိုကတည်းက တားခဲ့ရမှာ ‘ လို့ အကွက်ရိုက် မြေဝယ်မိသူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တစ်ခုက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ဈေးကွက်အတွင်း ပြည်တွင်းအခြေစိုက် တရုတ်စီးပွားရေးသမားအချို့ အိမ်ခြံမြေဈေးကွက်ထဲ စုပြုံဝင်ရောက် ရင်းနှီးလာရာကစလို့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သွက်ပြီး ဈေးအဆမတန်မြင့်တက်ခဲ့ပါတယ်။ မြို့တွင်း အိမ်ခြံမြေဈေး အဆမတန်မြင့်တက်လာခဲ့ပြီး သည်မြင့်မားတဲ့ဈေးနှုန်းတွေကြောင့် အခြေခံလူတန်းစား အများအပြားအတွက် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင်အိမ်ခြံဝိုင်းလေး ပိုင်ဆိုရေးဆိုတဲ့ မျှော်လင့်ချက်ဟာ အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ဝန်းကျင်လောက်မှာ အိမ်ခြံမြေဈေးကွက်အတွင်း လုပ်ငန်းကြီးသမားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲခဲ့ပါတယ်။ မြို့တွင်းအချက်အချာကျတဲ့နေရာတွေကို အရင်တုန်းကဈေးကြီးပေးဝယ်ယူခဲ့ကြရာကနေ မြို့တွင်းအိမ်ခြံမြေဈေးထက် ဈေးနှုန်းပိုမိုသက်သာပြီး မြေနေရာလည်း ကျယ်ဝန်းတဲ့ မြို့နဲ့လည်း မနီးမဝေး မြို့ပြင်က ကျေးရွာတွေနဲ့ လယ်ကွက်နေရာတွေမှာ ပိုမိုဝယ်ယူ ရင်းနှီးမြှုပ်နှံလာပါတယ်။

လုပ်ငန်းကြီးသမားအချို့က ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူသလို တစ်ပိုင်တစ်နိုင် လုပ်ငန်းသမားအချို့ကလည်း အဆိုပါ မြို့ပတ်ဝန်းကျင်ရှိ ရွာတွေက မြေယာတွေ တန်ဖိုးတက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ မြေပေါ်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်၊ သည်လို ဈေးကွက်ဖြစ်တည်မှုဟာ မြင့်မားတဲ့ဈေးနှုန်းကြောင့် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင်အိမ်ခြံဝိုင်းလေး ပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက် အိမ်မက်မက်နေတွေကို အဆိုပါ အကွက်ရိုက် မြေဈေးကွက်အတွင်း ဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်၊ တန်ဖိုးနည်း ရွာမြေလယ်မြေတွေဟာ နှစ်အနည်းငယ်အတွင်း ဈေးကောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။

လယ်ယာမြေကို တရားမဝင်ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေပြုလုပ်နေပြီးနောက် အဲသည့်ဒေသတွေရှိ မြေအရောင်းအဝယ်ဈေးကွက် ရပ်တန့်သွားရုံသာမက စရန်ပေး အရောင်းအဝယ်ဖြစ်ပြီးသား မြေအချို့ပါ ဝယ်သူဘက်က စာရင်းအဆုံးခံ အရောင်းအဝယ်ပျက်ကုန်တာမျိုးရှိတယ်လို့ သိရပါတယ်။

 

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
INNO CITY
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service