နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အာရှနိုင်ငံတွေကို အဓိကအာရုံစိုက်သွားဖို့ မြန်မာစီစဉ်နေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အာရှနိုင်ငံတွေကို အဓိကအာရုံစိုက်သွားဖို့ မြန်မာစီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
13 Nov 2018 11:34 am တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက် လာနိုင်ရေးအတွက် ရည်ရွယ်ပြီး အစိုးရအနေနဲ့ အာရှနိုင်ငံတွေကို အထူးအလေးထားဖိတ်ခေါ်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် အနောက်အုပ်စုဘက်ကစိတ်ဝင်စားမှု လျော့ကျလာနေမှုနဲ့ ရင်ဆိုင်နေရချိန်မှာ လက်ရှိမြန်မာအစိုးရကတော့ အာရှနိုင်ငံတွေကို ဗဟိုပြုမယ့် အဓိကရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ထားလိုက်ပြီဖြစ်ပါတယ်။

" ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံအတွက် ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုးပမ်းရှာဖွေရမှာဖြစ်ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ ဖန်တီးရယူသွားရမှာဖြစ်

ပါတယ်" ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)ဥက္ကဌ ဦးသောင်းထွန်းက သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ ဦးသောင်းထွန်းကတော့ အ ထက်ပါအာရှ ဗဟိုပြု ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေး ကမ်ပိန်းကိုဦးဆောင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဝင်ရောက်လာရေးဖိတ်ခေါ်ဖို့ ရည်ရွယ်ပြီး ယင်း ကမ်ပိန်းသစ်ကို မကြာသေးမီကမှထုတ်ဖော်ကြေညာထားခဲ့တာဖြစ်ပါတယ်။ ယင်းကို ဦးသောင်းထွန်းကတော့ "အရှေ့မျှော်ဝါဒ" လို့ ညွန်းဆိုသွားပါတယ်။ အဓိကအားဖြင့် ဂျပန်၊ကိုရီးယား၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှတို့ကို အထူးရည်ရွယ်ပစ်မှတ်ထားတဲ့ ၀ါဒဖြစ်တယ်လို့ သိရပါတယ်။

ယင်းမှာ အိန္ဒိယကိုလည်း ထည့်သွင်းထားပါတယ်။ ယင်းအိန္ဒိယမှာလည်း အရှေ့သို့မဟုတ် အာရှမျှော်ဝါဒတစ်ရပ် ရှိနေပါတယ်။ ဒါပေမယ့် တရုတ်ကတော့မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာမှာအဓိကကျတဲ့နေရာမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

" အပြောင်းအလဲအတွက် အထောက်အကူ ဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ ရှာနေပါတယ်" လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် ယင်းတို့ကတော့ နေ့ချင်းညချင်းမှာ ဖြစ်လာနိုင်မှာမ ဟုတ်ဘူးလို့လည်း ၎င်းက ၀န်ခံသွားပါတယ်။ ယင်းအတွက်ကြောင့် ရေတို၊ရေလတ်၊ရေရှည် အစီအစဉ်တွေ ရှိနေပြီး အထူးဦးစားပေး နယ်ပယ်တွေအလိုက် ကဏ္ဍတွေကို ခွဲခြားထုတ်ဖော်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ကုန်သွယ်လိုငွေ ပြမှုကို ကူညီသက်သာစေနိုင်ဖို့အတွက် ပို့ကုန်အားပေးရေး၊ ပြည်တွင်းက သွင်းကုန် အစားထိုး လုပ်ငန်းတွေအပေါ် အားပေးရေးအတွက် ဦးစားပေးလုပ်ကိုင်နေလျက် ရှိတယ်လို့သိရပါတယ်။

Credit: SFJ Strategy First Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service